ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

အနံ့အရသာ ဖြည့်စွက်ထားသော စီးကရက်များသည် “လူငယ်” နှင့် “အမျိုးသမီးအုပ်စု” တို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ စီးကရက်ထွက်ကုန်များကို စွဲလမ်းခြင်းမှ ရှောင်ကြည်ကြပါ။ အနံ့အရသာ ဖြည့်စွက်ထားသော စီးကရက်များကို say NO ဆိုပြီး ပြောကြပါမည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2023/10/30
  • hit:30

အနံ့အရသာ ဖြည့်စွက်ထားသော စီးကရက်ထွက်ကုန်ဆိုသည်မှာ ဆေးရွက်ကြီး ထွက်ကုန်များတွင် အနံ့အရသာအမျိုးမျိုးကို ဖြည့်စွက်ထားခြင်းကို ရည်ညွှန်းပါသည်။ ဤထပ်မံ ဖြည့်စွက်ထားသော အရသာများသည် ပုံမှန်အားဖြင့် စီးကရက်သောက်သုံးသည့်အခါ စပ်ရှားရှားဖြစ်စေသည့် ခံစားချက်မျိုးမရှိစေရန်နှင့် စီးကရက်ထွက်ကုန်များ၏ အရသာကို ခံနိုင်ရညန်ရှိစေရန်တို့တွင် အသုံးပြုခြင်းဖြစ်သည်။ ဤနည်းဖြင့် စီးကရက် မသောက်ဖူးသည့် သို့မဟုတ် စီးကရက်ကို စတင်သောက်သုံးကြသည့် လူတစ်စုကို ဆွဲဆောင်ရန်အတွက်အသုံးပြုပြီး အများစုမှာ မသိမသာနှင့် စီးကရက်များကို စွဲလမ်းသွားတတ်ကြသည်။

ထို့အပြင် အနံ့အရသာအမျိုးမျိုးသည် စီးကရက်ထုတ်လုပ်သူများ လူငယ်များကို ဆွဲဆောင်ပြီး သုံးစွဲရန်အတွက် ဈေးကွက်ထဲတွင် အဓိကသုံးစွဲသော နည်းလမ်းတစ်မျိုးဖြစ်သည်။ စီးကရက်၏ စပ်ရှားရှားအရသာကြောင့် စီးကရက်စတင် သောက်သုံးကြသည့်သူများအနေဖြင့် မသက်သာသော ခံစားချက်မျိုးမရှိစေရန်နှင့် အနံ့အရသာဖြည့်စွက်ခြင်း နည်းလမ်းအားဖြင့် သုံးစွဲသူများအကြားတွင် ပျော်ရွှင်မှုရသကို ဖန်တီးပေးနိုင်ရန်တို့ ဖြစ်သည်။ ဤနည်းလမ်းအားဖြင့် ဖြစ်ပေါ်လာသော ‌ဘေးထွက်ဆိုးကျိုးသည် အနည်းငယ်မျှသာဖြစ်သည်ဟူသော အထင်အမြင်လွဲမှားမှုများကို ပေးချင်သည့်အတွက်ကြောင့်လည်းဖြစ်သည်။ ထို့ကြောင့် လူငယ်များအကြားတွင် စီးကရက်ကို စွဲလမ်းသွားသည့် အခြေအနေ၊ ရှောင်လွဲလို့ မရသည့် အခြေအနေ၊ ဖြတ်ရန်ခက်ခဲသွားသည့် အခြေအနေမျိုးများပါ ဖြစ်ပေါ်လာစေသည်။

အမျိုးသားကျန်းမာရေးဝန်ကြီးဌာနမှ အနံ့အရသာရှိသော စီးကရက်ကို သုံးစွဲသူများသည်လည်း အခြားပုံမှန် စီးကရက် သုံးစွဲသူများအတိုင်း ကျန်းမာရေးနှင့်ဆိုင်သည့် အန္တရာယ်များ ဥပမာ။ ။ ကင်ဆာ၊ လေဖြတ်ခြင်း၊ ဆီးချို၊ နာတာရှည်အဆုတ်လေပြွန် စသည့်ရောဂါများ ဖြစ်ပေါ်နိုင်သည်ဟူ၍ သတိပေးထားသည်။ နီကိုတင်းသည် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး သင်ယူလေ့လာမှု၊ အာရုံစူးစိုက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို ဖြစ်ပေါ်စေပြီး အနာဂတ်တွင်အခြားမူးယစ်ဆေးဝါးများ စွဲလမ်းသွားနိုင်သော အလားအလာများရှိသည့်အတွက် ဆယ်ကျော်သက်အရွယ်များအနေဖြင့် ပို၍ပင် အန္တရာယ်ရှိကြောင်းကိုလည်း အသိပေးပြောကြားထားသည်။

အနံ့အရသာဖြည့်စွက်ထားသော စီးကရက်များကို ငြင်းပယ်ပါ။ ဆယ်ကျော်သက်နှင့် အမျိုးသမီးများကို ကာကွယ်ပါ။

2013 ခုနှစ်မှ 2014 ခုနှစ် အမေရိကန် စီးကရက်ထွက်ကုန်နှင့် ကျန်းမာရေးဆိုင်ရာ အကဲဖြတ်မှု (Population Assessment of Tobacco and Health, PATH) လေ့လာမှု တွေ့ရှိချက်အရ အသက် 12 နှစ်နှင့် 17အကြား ဆယ်ကျော်သက် 80 ရာခိုင်နှုန်းခန့်သည် အနံ့အရသာဖြည့်စွက်ထားသော စီးကရက်ထွက်ကုန်များဖြစ်သည့် ရိုးရိုးစီးကရက်၊ အီးစီးကရက်၊ ဆေးပြင်းလိပ် သို့မဟုတ် ရှီရှားအပါအဝင် အမျိုးအစားကို ပထမဦးဆုံးအကြိမ် လက်တွေ့စမ်းသပ်သုံးစွဲကြသည်ကို ဖော်ပြထားသည်2။

ကျွန်ုပ်တို့နိုင်ငံ 2021 ခုနှစ် ဆယ်ကျော်သက်အရွယ် စီးကရက်သောက်သုံးခြင်းရာ စစ်တမ်းများအရ  ဆယ်ကျော်သက်အရွယ် 10 ဦးတွင် 4 ဦးသည် ပုံ 1 ပါ အနံ့အရသာ ဖြည့်စွက်ထားသည့် စီးကရက်များ (အလယ်တန်းကျောင်း 34.0% ၊ အထက်တန်း 42.8%) ၊ အထူးသဖြင့် မိန်းကလေးများ သုံးစွဲမှုသည် ယောကျ်ားလေးများထက်ပင် ပို၍များနေကြောင်း (အလယ်တန်းကျောင်းသူ 57.2% ၊ ယောကျ်ားလေးကျောင်းသားထက် 20.6% ပို၍များနေကြောင်း ၊ အထက်တန်းကျောင်းနှင့် အသက်မွေးဝမ်းကျောင်းမှ ကျောင်းသူ 60.7% ၊ ယောကျ်ားလေးကျောင်းသားထက် 35.8% ပို၍များနေကြောင်း) တို့ကို ဖော်ပြထားသည်။ 2021 ခုနှစ် အသက် 18 နှစ်နှင့်အထက် နိုင်ငံသားများ၏ စီးကရက်သောက်သုံးခြင်းဆိုင်ရာ စစ်တမ်းများအရ အနံ့အရသာရှိသော စီးကရက်များကို သောက်သုံးသည့်နှုန်းမှာ 18.2% ဖြစ်ပြီး 2020 ခုနှစ်နှင့် နှိုင်းယှဥ်ပါက 15.6% ပို၍များနေကြောင်းကိုလည်း တွေ့ရှိရသည်။ ထိုအထဲတွင်မှ အနံ့အရသာ ဖြည့်စွက်ထားသည့် စီးကရက်သောက်သုံးသည့် အမျိုးသမီးများ၏ နှုန်းမှာ 43.8% ဖြစ်ပြီး ပုံ 2 ပါ ယောက်ကျ်ားလေးထက် 14.3% များနေကြောင်းကိုလည်း တွေ့မြင်နိုင်သည်။ သက်ဆိုင်ရာစစ်တမ်းများအရ အရသာဖြည့်စွက်ထားသော စီးကရက်များသည့် ကျွန်ုပ်တို့နိုင်ငံရှိ ဆယ်ကျော်သက်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးကို ထိခိုက်စေလျက်ရှိကြောင်းကို တွေ့မြင်နိုင်သည်။ နောင်လာ မျိုးဆက်သစ်များ စီးကရက်သုံးစွဲသူများမဖြစ်စေရန် ပြည်သူများအနေဖြင့်လည်း အားလုံးကို သတ္တိရှိရှိ စီးကရက်သောက်သုံးခြင်းကို say NO ပြောပြီး တားမြစ်ဖို့လိုပါသည်။

အနံ့အရသာ ဖြည့်စွက်ထားသော ဆေးလိပ်များကို ထိန်းချုပ်ပြီး ဆယ်ကျော်သက်အရွယ်များကို ကာကွယ်ပါ။

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးမှ ကလေးသူငယ်၊ ဆယ်ကျော်သက်များကို အနံ့အရသာ ဖြည့်စွက်ထားသော စီးကရက်များသည် အန္တရာယ်ဖြစ်စေနိုင်သည်ကို သတိပြု၍ ထိန်းချုပ်မှုများ ပြုလုပ်လာကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆေးရွက်ကြီး ထိန်းချုပ်ရေး မူဘောင်ကွန်ဗင်းရှင်း (FCTC) အပိုဒ် 9 နှင့် 10 ပါ အကြံပြုထားသော လမ်းညွှန်ချက်များဖြစ်သည့် ဆေးရွက်ကြီး ထွက်ကုန်များတွင် အရသာခံနိုင်ရည်ကို မြှင့်တင်ပေးသည့် ပါဝင်ပစ္စည်းများ ပေါင်းထည့်ခြင်းမှ တားမြစ်ရန်၊ အရောင်တင်ထားသည့် ဂုဏ်သတ္တိများ ပါဝင်ခြင်းမှ တားမြစ်ရန်၊ ကျန်းမာရေး အကျိုးကျေးဇူးများ ပေးစွမ်းနိုင်သည်ဟူသည့် စွမ်းအင် သို့မဟုတ် တက်ကြွမှုများ ပေါင်းထည့်ခြင်းမှ တားမြစ်ရန် တို့ကို အကောင်အထည်ဖော်လျက်ရှိသည်။ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်စသည့် တိုးတက်ဖွံ့ဖြိုးသည့် နိုင်ငံများတွင် စီးကရက်ထွက်ကုန်များတွင် ဖြည့်စွက်ပစ္စည်းများထည့်သွင်းခြင်းကို ထိန်းချုပ်ရန် စတင်နေပြီဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုသည် 2009 ခုနှစ် စက်တင်ဘာလတွင် ပူရှိန်းအရသာမှလွှဲ၍ အခြား အနံ့အရသာရှိသော စီးကရက်ထွက်ကုန်မှန်သမျှကို တားမြစ်ပိတ်ပင်ခဲ့ပြီး 2022 ခုနှစ် ဧပြီလတွင် ပူရှိန်းအရသာပါ စီးကရက်ကိုပါ ပိတ်ပင်ရန် ထပ်မံအဆိုပြုခဲ့သည်။ ဤသို့ တိုးချဲ့တားမြစ်ခြင်းသည် လူငယ်များအား အနာဂတ်၏ စီးကရက်သားကောင်များအဖြစ်မှ တားဆီးကာကွယ်နိုင်ရန်ဖြစ်သည်။ ထို့အပြင် အရွက်ရောက်ပြီး စီးကရက်သုံးစွဲသူများကိုလည်း စီးကရက်ဖြတ်ရန် အထောက်အပံ့ပေးသည့်အပြင် မျှတပြီး ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းကို လျှောက်လှမ်းခွင့်ရစေပြီး စီးကရက်သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးမညီမျှမှုများ 3 မှလည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။

ပြည်သူများ နီကိုတင်းအန္တရာယ်မှ ကာကွယ်နိုင်ရန် ဆေးရွက်ကြီးအန္တရာယ်တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ 10 တွင် စီးကရက်ထွက်ကုန်များတွင် ဓာတုပစ္စည်းများ ထည့်သွင်းခြင်းမှ တားမြစ်သည်ဟူသည့် စည်းမျဥ်းသစ်များ ဖြည့်စွက်ခြင်းအတွက် ဗဟိုအဖွဲ့အစည်းမှ ခွင့်ပြုချက်ကိုလည်း ရရှိပြီးသားဖြစ်သည်။ ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ “စီးကရက်ထွက်ကုန်များတွင် ပန်းရနံ့၊ သစ်သီးရနံ့၊ ချောကလက်နှင့် ပူရှိန်းအရသာစသည့် ဖြည့်စွက်ပစ္စည်းများကို တားမြစ်သည်” ဟူသည့် တားမြစ်ချက်မူကြမ်းကို ကြေငြာပြီးဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မူဘောင်ကွန်ဗင်းရှင်း၏ စီးကရက်ထိန်းချုပ်ရေး အကောင်အထည်ဖော်မှု အကြံပေးလမ်းညွှန်ချက်များကို ကိုးကားပြီး သက်ဆိုင်ရာ နိုင်ငံတကာ စီမံခန့်ခွဲမှုစည်းမျဥ်းများကို ဆက်လက်စုဆောင်းကာ အလွှာပေါင်းစုံမှ ထင်မြင်ယူဆချက်များဖြင့် ကျွန်ုပ်တို့နိုင်ငံ လူမျိုးများအကြား ဆေးလိပ်သောက်သုံးနှုန်းကို လျှော့ချနိုင်ရန်အတွက် အရသာဖြည့်စွက်ထားသော စီးကရက်များအတွက် လက်တွေ့ကျပြီး လိုက်နာရန် စီမံခန့်ခွဲမှုစည်းမျဥ်းများကို ရေးဆွဲသွားမည်ဖြစ်သည်။

ပုံ 1 - လက်ရှိ ဆေးလိပ်သောက်သုံးသော ဆယ်ကျော်သက်များ၏ အနက်အဓိပ္ပါယ် - ပြီးခဲ့သည့် ရက် 30 အတွင်း စီးကရက်ကို စမ်းသပ်သောက်သုံးသည့်သူ၊ ဆေးလိပ် တစ်ရှိုက်၊ နှစ်ရှိုက်ပဲ သောက်သုံးစေကာမူ။

ပုံ 2 - လက်ရှိ အသက် 18 နှစ်အထက် ဆေးလိပ်သောက်သုံးသော ကျွန်ုပ်တို့နိုင်ငံသားများ၏ အနက်အဓိပ္ပါယ် - ယခင်မှ ယခုအထိ သောက်ပြီးသော စီးကရက်အရေအတွက်မှာ 100 လိပ်ဖြစ်ပြီး ရက် 30 အတွင်း သောက်သုံးခဲ့ကြသည့်သူများ။


top