ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

အသက် ၅၀ ကျော် အမျိုးသမီး ၁၀ ဦးတွင် ၁ ဦးသည် အရိုးပွ ရောဂါကို ခံစားနေရသည်။ ငယ်ရွယ်စဥ်တွင် “ကယ်လ်စီယမ်” အားကောင်းရန် လုပ်ဆောင်ခြင်းသည် လွန်စွာအရေးကြီးသည်။ သို့မှသာလျှင် အရိုးပွရောဂါကို မခံစားရမည် ဖြစ်သည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2023/10/27
  • hit:25

၂၀၂၃ ခုနှစ် ကမ္ဘာ့အရိုးပွရောဂါနေ့၏ ခေါင်းစဥ်ဖြစ်သော (BUILDING BETTER BONES THROUGHOUT LIFE) အတိုင်း “ကောင်းမွန်သော အရိုး” ကို တည်ဆောက်ပါ။ ထို့အပြင် အရိုးပွခြင်း မဖြစ်ပွားရန် စောစီးစွာ ထိန်းသိမ်းခြင်းသည် ဖြစ်ပွားမှုမှ ကာကွယ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ “အရိုးပွရောဂါ” သည် “အသံတိတ်ရောဂါ” တစ်မျိုးဖြစ်ပြီး အရိုးများ ပါးသွားခြင်း၊ သိပ်သည်းဆ ဆုံးရှုံးခြင်းနှင့် ကြံ့ခိုင်မှု ဆုံးရှုံးခြင်းတို့ကို ဖြစ်‌ပေါ်စေသည်။ လူအများစုအနေဖြင့် အနည်းငယ် ပြုတ်ကျခြင်း သို့မဟုတ် တိုက်မိခြင်းတို့ကြောင့်သာမဟုတ်လျှင် မိမိဲ့၏ အရိုးများ ပွနေခြင်းကိုပင် မသိရှိနိုင်ကြပါ။ ထို့ကြောင့် “အရိုးပွရောဂါ”ကို ကာကွယ်ရန်အတွက် အသက်ကြီးမှ လုပ်ဆောင်နိုင်သည့် ရောဂါမျိုး မဟုတ်ပါ။ လူခန္ဓာကိုယ်အရိုးစုသည် အသက် ၃၀ မတိုင်ခင် အထွတ်အထိပ် အရောက်ရှိဆုံး အချိန်ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ အရိုး၏ ထုထည် (အရိုးသိပ်သည်းဆ) သည် တစ်ဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်သည်။ သို့ဖြစ်ပါ၍ အရိုးပွရောဂါကို ငယ်ရွယ်စဥ်ကတည်းက ကာကွယ်ရန်မှာ အထူးလိုအပ်ပါသည်။ အမျိုးသား ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်း “အမျိုးသား အဟာရနှင့် ကျန်းမာရေးအခြေအနေ ပြောင်းလဲရေးစစ်တမ်း” ရလဒ်များအရ အသက် ၅၀ ကျော်သူများတွင် အရိုးပွရောဂါအချိုးအစားသည် 8.1% ဖြစ်ပြီး ၎င်းထဲမှ အမျိုးသမီးသည် အမျိုးသားထက် ပိုများပြီး အမျိုးသမီး ၁၀ ဦးတွင် ၁ ဦးသည် အရိုးပွရောဂါကို ခံစားနေရလျက်ရှိသည်။ ထို့အပြင် အသက် ၁၉ နှစ်မှ ၆၄ နှစ် အကြားရှိ ပြည်သူများ၏ နေ့စဥ် ကယ်လ်စီယမ်စားသုံးမှုသည် (၅၀၅-၅၆၆ မီလီဂရမ်) လုံလောက်မှု မရှိကြောင်း၊ အကြံပြုထားသော စားသုံးမှုဖြစ်သည့် ၁၀၀၀ မီလီဂရမ်၏ ထက်ဝက်မျှသာ ရှိသည်ကို စစ်တမ်းများအရ သိရှိရသည်။

အမျိုးသား ကန်းမာရေးဝန်ကြီးဌာနမှ ငယ်ရွယ်စဥ်ကတည်းက “အရိုးထုထည်” သဘောထားကို သိရှိထားခြင်းသည် အရေးကြီးကြောင်း၊ ကယ်လ်စီယမ်သည် အရိုးများ၏ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ကြောင်း၊ လုံလောက်သော ကယ်လ်စီယမ်ကို စားသုံးမှသာ အရိုးကြံ့ခိုင်ကြီးထွားမှု၏ အဓိ သော့ချက်ဖြစ်ကြောင်း၊ သို့ပါ၍ အသက် ၃၀ မတိုင်ခင် အရိုးများကို ကယ်တင်နိုင်ရန် သေချာလုပ်ဆောင်သင့်ကြောင်းကို တိုက်တွန်းပြောဆိုခဲ့သည်။ သို့မဟုတ်ပါက နှစ်စဥ်နှင့်အမျှ အရိုးပွခြင်းများ ပိုမိုဆုတ်ယုတ်လာပြီး ကျန်းမာရေးနှင့် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

ကောင်းမွန်သော “အရိုး” ကို ထိန်းသိမ်းနိုင်ရန် အသက် ၃၀ အရွယ်သည် အဓိကဖြစ်ပြီး “အရိုးထုထည်” ကို ထိန်းသိမ်းရန် နည်းလမ်း (၄) လမ်းမှာ

အရိုး၏ အရည်အသွေးသည် ရေရှည်စုဆောင်းခြင်းမှ ရရှိသော ရလဒ်တစ်ခုဖြစ်သည်။ သို့ဖြစ်ပါ၍ နေ့စဥ်အလေ့အထများသည် အဓိကဖြစ်သည်။ သို့ဖြစ်ပါ၍ အမျိုးသား ကျန်းမာရေးဝန်ကြီးဌာနမှ “အရိုးထုထည်” နည်းလမ်း (၄) လမ်းကို ဖော်ပြထားသည်။

(က) အဟာရမျှတစွာ စားပါ။ - ကယ်လ်စီယမ်ဓာတ်ကို လုံလောက်စွာ ရယူပါ။

 ၁။ တစ်နေ့လျှင် နို့ထွက်ပစ္စည်း ၁.၅~၂ ခွက်၊ တစ်ခွက်လျှင် နို့ထွက်ပစ္စည်း ၂၄၀ မီလီလီတာ (ml) နှင့် ကယ်လ်စီယမ်ဓာတ် ၂၄၀ မီလီဂရမ် (mg) ပါရှိသည်။

၂။ ကယ်လ်စီယမ်ဓာတ်များသော အစားအစာများ - ဒိန်ခဲ၊ နှမ်းမဲ့ ၊ ငါးခြောက်၊ ရိုးရာတို့ဟူး၊ ကန်စွန်းဥအရွက်၊ ဟင်းနုနယ်ရွက် အစရှိသည့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များသည် သာမန်အရွက်များတွင်ပါဝင်သော ကယ်လ်စီယမ်ဓာတ် ပိုမို ပါဝင်သည်။ (အရွက် ၁၀၀ ဂရမ်ပါသော ဟင်းသီးဟင်းရွက်တွင် ကယ်လ်စီယမ်ဓာတ်မှာ ၇၅ မီလီဂရမ်ဖြစ်သည်။)

(ခ) အားကစားလုပ်ခြင်းဖြင့် အရိုးထုထည်ကို ထိန်းသိမ်းပါ။ - လေ့ကျင့်ခန်းလုပ်ခြင်းသည် ကြီးထွားစဥ်အတွင်း အရိုးကြီးထွားမှုကို အ‌ထောက်အကူဖြစ်စေရုံသာမက အရွယ်ရောက်ပြီးသည့်အခါ အရိုးများကို ထိန်းသိမ်းရာတွင်လည်း အ‌ထောက်အကူဖြစ်စေပါသည်။ လေ့ကျင့်ခန်းအမျိုးအစားများမှာ အဓိကအားဖြင့် ကိုယ်အလေးချိန်ထိန်းသော လေ့ကျင့်ခန်းနှင့် ကြွက်သားများ သန်မာစေသော လေ့ကျင့်ခန်းများတွင် တွေ့မြင်နိုင်သည်။ ဥပမာ။ ။ အနှေးပြေးခြင်း ၊ အကကခြင်း ၊ ‌တောင်တက်ခြင်းနှင့် အလေးမခြင်းတို့ ဖြစ်သည်။

(ဂ) နေရောင်ကို အထိုက်အလျောက်ထိတွေ့ပါ။ - နံနက်စောစောနှင့် ညနေ နေဝင်ရီတရောအချိန်များတွင် အပြင်သို့ သွားရောက်ပြီး နေရောင်ကို အထိုက်အလျောက် ထိတွေ့ကြရန် အကြံပြုထားသည်။ နေရောင်ကို အထိုက်အလျောက် ထိတွေ့ခြင်းသည် ခန္ဓာကိုယ်တွင်းသို့ ဗီတာမင် D ကို တိုးပွားစေပြီး ကယ်လ်စီယမ်ဓာတ်ကိုပါ စုပ်ယူ‌ပေးသည့်အတွက် အရိုးများ သန်မာစေပါသည်။

(ဃ) ကောင်းမွန်သော နေထိုင်မှု အလေ့အထကို မွေးမြူပါ။ - ပုံမှန် ကိုယ်အလေးချိန်ကို ထိန်းထားရန် လိုအပ်ပြီး ဆေးလိပ်၊ အရက်များကို ဖြတ်မှသာလျှင် အရိုးထုထည် ဆုံးရှုံးမှုကို နှေးကွေးစေပြီး အရိုးပွရောဂါ ဖြစ်ပွားမှုကို နှောင့်နှေးစေပါသည်။


top