ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

ထူးခြားသောပိန်ဆေးကြောင့် စိတ်လှုပ်ရှားနေပြီလား။ (ကျေးဇူးပြု၍ ပိန်ဆေး တရားမဝင် ဝယ်ယူခြင်း သို့မဟုတ် သောက်သုံးခြင်းများကို မပြုလုပ်ကြပါနှင့်။)

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2023/10/05
  • hit:40

ပိန်ဆေးအတွင်းတွင် အဆိပ်အတောက်များ ပါရှိနိုင်သည်ကို သတိပြုပါ။

အခုရက်ပိုင်းအတွင်း ထိုင်ဝမ်စစ်ဆေးရေးရဲအရာရှိများသည် ပြည်ပမှ ဝင်ရောက်လာသော အထဲတွင် နံပါတ်လေး အဆင့်ရှိသည့် မူးယစ်ဆေးပါဝင်သော “Sibutramine” ပိန်ဆေးများ မှောင်ခိုတင်သွင်းနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤကဲ့သို့သော ပိန်ဆေးမျိုးကို သောက်သုံးခြင်းသည် မိမိခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သလို မူးယစ်‌ဆေးဝါးရာဇဝတ်မှုများနှင့်လည်း ငြိစွန်းနိုင်သည်ဖြစ်သည်။

သတိပေးပါရစေ။ ထိုင်ဝမ်တွင် မူးယစ်ဆေးဝါးတင်သွင်းခြင်း၊ သုံးစွဲခြင်းနှင့် ရောင်းချခြင်းများသည် ကြီးလေးသော ရာဇဝတ်မှုတစ်ခု ဖြစ်ပါသည်။ ဥပဒေချိုးဖောက်ခြင်းမရှိစေရန် အင်တာနက်ပေါ်တွင် ဆေးဝါးဝယ်ယူခြင်း သို့မဟုတ် မိသားစု၊ မိတ်ဆွေသူငယ်ချင်းများကို စာတိုက်မှတဆင့် ထိုင်ဝမ်သို့ ဆေးဝါးများ ပေးပို့ခိုင်းခြင်းများ မပြုလုပ်ပါနှင့်။


top