ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

အလွယ်တကူ သယ်ယူလို့ရတဲ့ ဂတ်စ်မီးဖို၊ ဂတ်စ်ဗူးကို “ကုန် ၊ ထုပ် ၊ သတိ ၊ ပေး” ဆိုတဲ့အတိုင်း မှန်မှန် သိမ်းဆည်းပြီး လမုန့်ပွဲတော်ကို ဘေးကင်းစွာ ဖြတ်သန်းပါ

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2023/09/20
  • hit:30

မကြာခင်မှာ လမုန့်ပွဲတော် ကျရောက်လာတော့မှာပဲ ဖြစ်ပါတယ်။ တစ်မိသားစု အတူတကွ လမုန့်ကို မြည်း၊ အသားကင်ကို စားပြီး လမုန့်ပွဲတော်ကို ဖြတ်သန်းကြတာဟာ တကယ့်ကို ပျော်ရွှင်စရာအကောင်းဆုံး အရာတစ်ခုဖြစ်ပါတယ်။ ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ အရင်းအမြစ် ပြန်လည်အသုံးပြုရေး စီမံခန့်ခွဲမှု ဦးစီးဌာနမှ အသားကင်တဲ့အခါ အလွယ်တကူ သယ်ယူလို့ရတဲ့ ဂတ်စ်မီးဖိုရဲ့ ဂတ်စ်ဗူးကို အသုံးပြုမှု ရှိခဲ့ပါက အဆင့် 4 ဆင့် ဖြစ်တဲ့ “ကုန်အောင် အသုံးပြုပြီးကြောင်း အတည်ပြုခြင်း ၊ သီးသန့် ထုပ်ပိုးခြင်း ၊ သတိပေးတံဆိပ် ကပ်နှိပ်ခြင်း ၊ အရင်းအမြစ် ပြန်လည်အသုံးပြုရေး စီမံခန့်ခွဲမှု ဦးစီးဌာနဆီ ပေးခြင်း” စသည်တို့ကို လုပ်ဆောင်ပြီး အများပြည်သူ ဘေးကင်းအောင် လုပ်ဆောင်ကြဖို့ သတိပေးထားပါတယ်။

ဂတ်စ်ဗူးဟာ ဖိအားမြင့် ကွန်တိန်နာအမျိုးအစား တစ်မျိုးဖြစ်ပြီး ပြန်လည် သိမ်းဆည်းရမယ့် ကွန်တိန်နာ တစ်မျိုးဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။ ကွန်တိန်နာအတွင်းမှာ လောင်ကျွမ်းစေနိုင်တဲ့ အရည်တွေဟာ ဖိနှိပ်မှု၊ ပွတ်တိုက်မှုများရှိခဲ့ပါက မီးပွားများ ထွက်ပေါ်လာနိုင်ပြီး ပေါက်ကွဲမှု အလွယ်တကူ ဖြစ်ပွားစေနိုင်တဲ့အရာ ဖြစ်ပါတယ်။ အဲဒီအတွက် အများပြည်သူ အများပြည်သူ အမှိုက်ပစ်သည့်အခါ၊ အခြေခံ သန့်ရှင်းရေးအဖွဲ့သားများမှ  လုပ်ငန်းဆောင်ရွက်သည့်အခါ လုံခြုံမှုရှိစေဖို့ ပြည်သူများအနေဖြင့် ကုန်အောင် သုံးစွဲထားခြင်း ရှိမရှိကို စစ်ဆေးအတည်ပြုပေးပါ။ အဲဒီနောက် သီးခြားစီ ထုပ်ပိုးပြီး “အတွင်းတွင် ဖိအားမြင့်ကွန်တိန်နာပါရှိသည်” ဆိုတဲ့ သတိပေးစာကို ကပ်ပေးပါ။ ပြီးမှ သန့်ရှင်းရေးအဖွဲ့သားထံကို ပေးပြီး ပြန်လည်အသုံးပြုရန် လုပ်ဆောင်စေပါ။ ပေါ့လျော့မှုကြောင့် သို့မဟုတ် ပေါ့ပေါ့တန်တန် လုပ်ဆောင်မှုကြောင့် မတော်တဆမှု မဖြစ်ပွားရအောင် အမှိုက်နဲ့ အတူတူ အမှိုက်ကြိတ်စက်ထဲသို့ မထည့်မိစေပါနှင့်။

အရင်းအမြစ် ပြန်လည်အသုံးပြုရေး စီမံခန့်ခွဲမှု ဦးစီးဌာနမှ အများပြည်သူများ၏ နေအိမ်များတွင် အတွေ့များသော ဆံပင်ပုံသွင်းဆေးရည်များ ၊ နေလှောင်ခံ ဖြန်းဆေးများ ၊ ဆံသသွင်း ဖြန်းဆေးများ ၊ ပိုးသတ်ဆေးများ၊ မှုတ်ဆေးများအားလုံးသည် ဖိအားမြင့် ကွန်တိန်နာအမျိုးအစားဖြစ်သည့်အတွက် အသုံးပြုပြီးပါက ပြန်လည်အသုံးပြုနိုင်သည့် နေရာများတွင် စွန့်ပစ်ရမည်ကို ပြောကြားထားသည်။ အကယ်၍ သုံး၍ မကုန်သေးပါက ကျယ်ပြောသော နေရာလွတ်တစ်နေရာတွင် ကွန်တိန်နားအတွင်းတွင် ဘာမှ မကျန်ရှိသည့်အထိ ညှစ်ထုတ်ပေးပါ။ မိမိကိုယ်တိုင် အပေါက်ဖောက်ပြီး စွန့်ထုတ်ခြင်းများ မပြုလုပ်သင့်ပါ။ ဆိုင်ပိုင်ရှင်များအနေဖြင့် ဆိုင်အတွင်းတွင် မရောင်းထွက်သော သို့မဟုတ် ရက်လွန်သွားသော ဖိအားမြင့် ကွန်တိန်နာအမျိုးအစားကို စွန့်ပစ်လိုပါက ပစ္စည်းထုတ်စက်ရုံကုမ္ပဏီများသို့ ဆက်သွယ်ပြီး စွန့်ပစ်နိုင်သည်။ ထို့အပြင် အမှိုက်စွန့်ပစ်ရာတွင် မေးခွန်းတစ်စုံတစ်ရာရှိပါက အမှိုက်သရိုက်ကြောင့် ဖြစ်ပေါ်လာသော မီးလောင်ကျွမ်းမှု၊ ပေါက်ကွဲမှုနှင့် ဥပဒေကို ချိုးဖောက်မှုများ မရှိရလေအောင် သန့်ရှင်းရေးအဖွဲ့သားများကို မေးမြန်ကြရန်လည်း တိုက်တွန်းထားပါတယ်။

အရင်းအမြစ် ပြန်လည်အသုံးပြုရေး စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဖိအားမြင့် ကွန်တိန်နာအမျိုးအစားများကို “ကုန်အောင် အသုံးပြုပြီးကြောင်း အတည်ပြုခြင်း ၊ သီးသန့် ထုပ်ပိုးခြင်း ၊ သတိပေးတံဆိပ် ကပ်နှိပ်ခြင်း ၊ အရင်းအမြစ် ပြန်လည်အသုံးပြုရေး စီမံခန့်ခွဲမှု ဦးစီးဌာနဆီ ပေးခြင်း” ဆိုသည့် အဆင့် 4 ဆင့် အတိုင်း လိုက်နာပြီး ပစ်ကြရန် သတိပေးထားပါတယ်။ ဤနည်းဖြင့် ရှေ့တန်းမှာ ရှိကြတဲ့ သန့်ရှင်းရေးအဖွဲ့သားများအပြင် အများပြည်သူ၏ ဘေးကင်းရေးအတွက်ကိုပါ အ‌ထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ “ပတ်ဝန်းကျင် ဘေးကင်းရေးကို ကောင်းမွန်စွာ လုပ်ဆောင်ရဖို့ အမှိုက်သရိုက် ပစ်ရာတွင်လည်း အဆင့်များကို ကျော်၍ မရပါ” ဆိုသည့်အတိုင်း အမှိုက်သရိုက်များကို သေချာခွဲစစ်ပြီး ပစ်ကာ ပွဲတော်ရက်ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြပါစို့လား။

top