ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

တရုတ်လမုန့်ပွဲတော် ကျရောက်တော့မည်ဖြစ်သည့်အတွက် - အာဖရိက ဝက်အပြင်းဖျားရောဂါအပါအဝင် အခြားသော ပြည်ပနိုင်ငံများ၏ တိရစ္ဆာန်များမှတဆင့် ဖြစ်ပွားသော ကူးစက်ရောဂါများ ကျွန်ုပ်တို့နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းမှ ကာကွယ်ရန် ထိုင်ဝမ်သို့ ဝင်ရောက်လာကြမည့် နိုင်ငံရပ်ခြားမှ ဝင်ရောက်လာမည့်သူများအား အသိပေးလုပ်ဆောင်ခြင်းများကို တိုးမြှင့်ရာတွင် ကူညီပေးကြပါရန်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2023/09/12
  • hit:51

က။ စိုက်ပျိုးရေးဝန်ကြီးဌာနလက်အောက်ရှိ တိရစ္ဆာန်နှင့် အပင် ရောဂါတားဆီးကာကွယ်ရေးဦးစီးဌာန၏ စာရင်းဇယားများအရ (အောက်တွင် ရောဂါကာကွယ်ရေးနှင့် စစ်ဆေးရေးဌာန ဟု ရည်ညွှန်းသွားမည်) ယခုနှစ်အစပိုင်းမှ စတင်၍ ခရီးသွားဧည့်သည်များမှ တိရစ္ဆာန်နှင့် အပင်များကို တရားမဝင် သယ်ဆောင်လာသော သို့မဟုတ် စာတိုက်မှတဆင့် တရားမဝင် ပို့ဆောင်လာသော အမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) စည်းမျဥ်းစည်းကမ်း ဖောက်ဖျက်၍ တိရစ္ဆာန်ထွက်ကုန်များကို ပြည်တွင်းသို့ သယ်ဆောင်လာသော ခရီသွားဧည့်သည်အများစုမှာ တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအို၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ ကိုရီးယားစသည့် နိုင်ငံများမှ ဖြစ်သည်။ အတွေ့များသော တရားမဝင် သယ်ဆောင်လာသော တိရစ္ဆာန်ထွက်ကုန်များမှာ ဝက်အူချောင်း၊ ကြက်ခြေထောက်၊ ဘဲလည်ပင်း၊ ပဲငံပြာရည်စိမ် ဘဲသား၊ ဘဲအူ၊ အမဲသားနှင့် ကြက်ဥမကျက်တကျက်တို့ ဖြစ်သည်။

(၂) တရားမဝင် စာတိုက်မှ ပါဆယ်ထုပ်ဖြင့် ပေးပို့လာသော အဓိကနိုင်ငံများမှာ တရုတ်ပြည်မကြီး၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်နှင့် ကိုရီးယားနိုင်ငံတို့ ဖြစ်ကြပြီး အတွေ့များသော တရားမဝင် သယ်ဆောင်လာသော တိရစ္ဆာန်ထွက်ကုန်များမှာ ဝက်အူချောင်း၊ ဝက်သားခြောက်၊ ဝက်ခေါက်ကြော်၊ အသားမျှင်လိပ်၊ ကြက်ဥလိပ်၊ ဗာဒံကိတ်၊ လမုန့်ကိတ်စသည့် ဝက်သားပါသော မုန့်ပဲသရေစာ၊ ဝက်သားအခြောက်မှုန့်ပါဝင်သော ဝက်သားထွက်ကုန်များ၊ အမဲသားခြောက်၊ အမဲသားအရသာပါဝင်သော အရသာမှုန့်စသည့် အမဲသားထွက်ကုန်များ၊ ကြက်ခြေထောက်၊ ဘဲလည်ပင်းကင်၊ ကြက်အရေခွံကြော်စသည့် ကြက်ငှက်ဘဲထွက်ကုန်များနှင့် နို့တိုက်သတ္တဝါများနှင့် ကြက်ငှက်အကောင်များပါဝင်သော ခွေးစာနှင့် ကြောင်စာတို့ ဖြစ်ကြသည်။

ခ။ တရုတ်လမုန့်ပွဲတော် ကျရောက်တော့မည် ဖြစ်သည်ကို သတိပြုမိသလို ယခင်နှစ်များမှ အချက်အလက်များအရ စည်းမျဥ်းစည်ကမ်းချိုးဖောက်မှုများ တိုးများလာနိုင်ခြေရှိသည်ဟု ခန့်မှန်းရသည်။ သို့ပါ၍ အာဖရိကဝက်အပြင်းဖျားရောဂါ ကျူးကျော်ဝင်ရောက်လာမှုဒဏ်ကို တားဆီးနိုင်ရန်နှင့် ကျွန်ုပ်တို့ နိုင်ငံရှိ စိုက်ပျိုးရေးထွက်ကုန်များ ဘေးကင်းမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ထိုင်ဝမ်သို့ ဝင်ရောက်လာကြမည့် နိုင်ငံခြားသား၊ ရွှေ့ပြောင်းလုပ်သား၊ နိုင်ငံသားသစ်နှင့် နိုင်ငံခြားသားကျောင်းသားများအား အသိပေးလုပ်ဆောင်ခြင်းများကို တိုးမြှင့်ရာတွင် ကူညီပေးနိုင်သည့် ကိစ္စရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။  

(၁) ပြည်တွင်းသို့ ဝင်ရောက်သည့်အခါ အသားပါသော အစာနှင့် အခြားသော တိရစ္ဆာန်ထွက်ပစ္စည်းများ သို့မဟုတ် လေယာဥ်ပေါ်မှ တည်ခင်းကျွေးမွေးသော အစားအစာများကို ပြည်တွင်းသို့ မှားယွင်းသယ်ဆောင်လာပါက ပြည်တွင်းသို့ မဝင်ရောက်မီ အမှိုက်ပုံးထဲတွင် စွန့်ပစ်ခြင်း သို့မဟုတ် အကောက်ခွန်ကို မဖြတ်မီတွင် စွန့်ပစ်ထားရမည်ဖြစ်သည်။

(၂) ပြည်ပရှိ မိသားစု၊ ဆွေမျိုးနှင့် သူငယ်ချင်းများကို ဒဏ်ငွေမဆောင်ရစေရန် ထိုင်ဝမ်သို့ အသားပါသော အစာနှင့် အခြားသော တိရစ္ဆာန်ထွက်ပစ္စည်းများ (ပုံပါအတိုင်း) မပေးပို့ရန် အသိပေးအကြောင်းကြားထားပါ။ ပြစ်ဒဏ်မခံရစေရန်အတွက် ထိုင်ဝမ်သို့ အသားပါသော အစာနှင့် အခြားတိရစ္ဆာန် သီးသန့်ပစ္စည်းများ မပို့ရန် နိုင်ငံခြားဆွေမျိုးများနှင့် မိတ်ဆွေများအား အကြောင်းကြားပါ။

(၃) လွန်ခဲ့သော ၃ နှစ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားခဲ့သော နိုင်ငံ (ဒေသ) အတွင်းမှ ဝက်သားထွက်ကုန်များကို တရားမဝင်သယ်‌ဆောင်လာပါက ပထမအကြိမ်တွင် ဒဏ်ငွေအဖြစ် ထိုင်ဝမ်ဒေါ်လာ ၂၀၀, ၀၀၀ (နှစ်သိန်း) ချမှတ်ခြင်း ခံရမည်။ ဒုတိယအကြိမ် ဥပဒေထပ်မံချိုးဖောက်ပါက ထိုင်ဝမ်ဒေါ်လာ ၁,၀၀၀,၀၀၀ (ဆယ်သိန်း) ချမှတ်ခြင်း ခံရမည်။ အကယ်၍ ဒဏ်ငွေချမှတ်ခြင်းခံရသော သူသည် ထိုင်ဝမ်၌ နေထိုင်ခွင့်ကတ်ပြားကို ကိုင်ဆောင်ထားခြင်း မရှိသောသူဖြစ်ပါက ထိုနေရာတွင်ပင် ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၂၀၀,၀၀၀ (နှစ်သိန်း)ကို ပေးဆောင်ရမည်။ အကယ်၍ ပေးဆောင်နိုင်ခြင်းမရှိပါက တိရစ္ဆာန်နှင့် အပင်ရောဂါတားဆီးကာကွယ်ရေးဗျူရို (ကာကွယ်ရေးဗျူရိုဟုသာ ဖော်ပြသွားမည်)  ဌာနခွဲမှ ပင်မဦးစီးဌာနသို့ ပို့ဆောင်ကာ ပြည်ဝင်ခွင့်ကို ငြင်းပယ်ခြင်းခံရမည်။

(၄) အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားခဲ့သော နိုင်ငံဒေသအတွင်းမှ စာတိုက်မှတဆင့် ဝက်သားထွက်ကုန်များကို တရားမဝင်သယ်‌ဆောင်လာပါ ပထမအကြိမ်တွင် ရှာဖွေစစ်‌ဆေးတွေ့ရှိပါက ပါဆယ်ထုတ်လက်ခံသိမ်းဆည်းမည့်သူထံမှ ထိုင်ဝမ်ဒေါ်လာ ၂၀၀, ၀၀၀ (နှစ်သိန်း) ကို ဒဏ်ငွေအဖြစ် ပေး‌ဆောင်စေမည်။ ဒုတိယအကြိမ်နှင့်အထက် ရှာဖွေစစ်ဆေးတွေ့ရှိပါက ပြင်းထန်သောဒဏ်ငွေဖြစ်သည့် ထိုင်ဝမ်ဒေါ်လာ ၁,၀၀၀,၀၀၀ (ဆယ်သိန်း)ကို ချမှတ်ခြင်း ခံရမည်။


top