ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

“ကားမောင်းသင်တန်းကြေး တိုးမြှင့်ခြင်း”ကို ဇွန်လ ၁ရက်နေ့မှ စတင်ပြီး ယွမ် ၁ သောင်းမှ စတင်မည်

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2023/06/21
  • hit:55

တစ်နိုင်ငံလုံးရှိ ကားမောင်းသင်တန်းကြေး ကောက်ခံမှုစံနှုန်း တူညီမှုရှိစေရန်နှင့် လေ့ကျင့်ရေး အရင်းအနှီးစရိတ်များကို ကိုက်ညီစေရန် အဝေးပြေးအထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၃ခုနှစ် ဇွန်လ ၁ရက်နေ့မှစတင်၍ ယာဥ်ငယ်မောင်းသင်တန်း၊ ခရီးသည်တင်ယာဥ်မောင်းသင်တန်း၊ ကုန်တင်ယာဥ်မောင်းသင်တန်း၊ ပေါင်းစပ်ယာဥ်မောင်းသင်တန်း၊ ယာဥ်ငယ်မောင်းသင်တန်းမှ ခရီးသည်တင်ယာဥ်ကြီးသို့ ပြောင်းလဲမောင်းနှင်သင်တန်းနှင့် ယာဥ်ငယ်အပြင် တွဲဖက် ကရိန်းကားသင်တန်းစသည့် ယာဥ်မောင်းသင်တန်း ၆ မျိုးအတွက် အနိမ့်ဆုံး ယာဥ်မောင်းသင်တန်းကြေးကို ယွမ် ၁၀,၀၀၀ သို့ ပြောင်းလဲထားသည်။ မူလထိုင်ဝမ်ဒေသ၏ အမြင့်ဆုံး ယာဥ်မောင်သင်တန်းကြေးကို ပယ်ဖျက်ပြီး တစ်နိုင်ငံလုံး လက်ရှိသတ်မှတ်ထားသော ယွမ် ၁၃,၅၀၀ သည် အကျုံးဝင်မည် ဖြစ်သသည်။ ယာဥ်ငယ်မောင်းသင်တန်းမှ ခရီးသည်တင်ယာဥ်ကြီးသို့ ပြောင်းလဲမောင်းနှင်သင်တန်းကိုမူ လက်ရှိ အမြင့်ဆုံး အဖြစ် ယွမ် ၁၄,၅၀၀ အဖြစ် ထိန်းညှိထားဆဲ ဖြစ်သည်။

အဝေးပြေးအထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ လက်ရှိယာဥ်မောင်းသင်တန်းကောက်ခံမှုစံနှုန်းသည် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၀၆ ခုနှစ်တွင် အတည်ပြုထားသော ယာဥ်ငယ်မောင်းသင်တန်းကြေး အမြင့်ဆုံး ယွမ် ၁၃,၀၀၀ (ထိုင်ပေနှင့် ကောင်းရှုံမြို့များအတွက် ယွမ် ၁၃,၅၀၀) ၊ အနိမ့်ဆုံး ယွမ် ၈,၀၀၀ (ထိုင်ပေမြို့အတွက် ယွမ် ၉,၀၀၀) ကို ၁၇ နှစ်ကြာ ပြောင်းလဲခဲ့ခြင်း မရှိပါ။ ကုန်ဈေးနှုန်းဖောင်းပွမှု၊ အခြေခံလစာတိုးမြှင့်မှုနှင့် မွေးနှုန်းကျဆင်းမှုစသည့် ကိစ္စရပ်များကို ထည့်သွင်းစဥ်းစားသည့်အခါ ယာဥ်မောင်းလေ့ကျင့်ရေးသင်တန်းများ၏ ကုန်ကျစရိတ်များသည် အတိုင်းအတာတစ်ခုအထိ တိုးမြင့်လာခဲ့သည်။ တရုတ်သမ္မတနိုင်ငံ မော်တော်ယာဥ်မောင်းနှင်မှုဆိုင်ရာ ပညာပေးအသင်းနှင့် ယာဥ်မောင်းလေ့ကျင့်ရေးကို တာဝန်ယူသည့် ကုမ္ပဏီများမှ ယာဥ်မောင်းသင်တန်းများ၏ အရည်အသွေးကို ထိန်းညှိထားရန်အလို့ငှာ ထပ်ခါတလဲလဲ သုံးသပ်ချက်များကို လုပ်ဆောင်ခဲ့သည်။ အဝေးပြေးအထွေထွေအုပ်ချုပ်ရေးအဖွဲ့မှလည်း အမျိုးသားရန်မင်ဆက်သွယ်ရေးတက္ကသိုလ်အား “ယာဥ်မောင်းသင်တန်း‌ကျောင်း၏ သင်တန်းကြေးကုန်ကျစရိတ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် အကဲဖြတ်ခြင်း ပုံစံဇယား” နှင့်ပတ်သက်၍ လေ့လာမှုတစ်ခုပြုလုပ်စေခဲ့ပြီး သင်တန်းကြေးညှိနှိုင်းမှု အစီအစဥ်အတွက်လည်း တွက်ချက်မှုများကို လုပ်‌ဆောင်စေခဲ့သည်။

အဝေးပြေလမ်းအထွေထွေအုပ်ချုပ်‌ရေးအဖွဲ့မှ စုံစမ်းစစ်ဆေးမှုအပြီးတွင် နိုင်ငံတစ်ဝှမ်းရှိ သာမန်ယာဥ်ငယ်မောင်းနှင့် လေ့ကျင့်ရေးသင်တန်း ၂၂၂ ခု ၏ သင်တန်းကြေးသည် ယွမ် ၁၀,၀၀၀ အထက်အဖြစ် ကျင့်သုံးကြောင်း တွေ့ရှိခဲ့သည်။ လက်ရှိလေ့ကျင့်ရေးသင်တန်းကြေး အပြောင်းအလဲသည် လက်ရှိဈေးကွက်အခြေအနေနှင့် သင့်လျော်သော ကုန်ကျစရိတ်များကို တွက်ဆပြီးသည့်နောက် ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယာဥ်မောင်းသင်တန်းဈေးကွက်ငြိမ်သက်မှုအပြင် အများပြည်သူများ ဝန်ထုပ်ဝန်ပိုးမရှိစေရန်အတွက်လည်း ယခု တစ်နိုင်ငံလုံးရှိ ယာဥ်မောင်းသင်တန်း ကောက်ခံမှုစံနှုန်းကို တူညီမှုရှိစေခြင်းနှင့် သင်တန်းကြေး သင့်လျော်မှုရှိစေခြင်းတို့ကို လုပ်ဆောင်ထားသည်။

အဝေးပြေးလမ်းအထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ် ဇွန်လ ၁ရက်နေ့ နောက်ပိုင်းမှ စတင်ဖွင့်လှစ်သည့် သင်တန်းများသာ ယခု သင်တန်းကြေးပြုပြင်ပြောင်းလဲမှု အစီအစဥ်နှင့်သာ သက်ဆိုင်ကြောင်းကိုလည်း သတိပေးထားသည်။ ထို့အပြင် ယာဥ်မောင်းသင်တန်းကို ဖွင့်လှစ်ထားသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း သင်တန်းသားများကို သင်တန်းကြေးနှင့် ပြန်အမ်းငွေစသည့် စံချိန်စံညွှန်းများကို ရှင်းရှင်းလင်းလင်း ပြောကြားထားရန်လည်း လိုအပ်ကြောင်း ပြောကြားထားသည်။ သင်တန်းအပ်နှံရာတွင် နှစ်ဦးသဘောတူ စာချုပ်ကို ရေးထိုးထားရန်လိုအပ်ပြီး စည်မျဥ်းများအတိုင်း ကောက်ခံရမည်ဖြစ်သည်။ စည်းမျဥ်းချိုးဖောက်သူများကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ စည်းမျဥ်းများနှင့်အညီ အရေးယူမည်ဖြစ်သည်။ အဝေးပြေးလမ်းအထွေထွေအုပ်ချုပ်ရေးအဖွဲ့မှလည်း ယာဥ်မောင်းသင်တန်းများ လေ့ကျင့်သင်ကြားမှုအရည်အသွေးကို စဥ်ဆက်မပြတ် တိုးတက်စေရေးအတွက် ယာဥ်မောင်းသင်တန်းများကို လစဥ်ပုံမှန်၊ သို့မဟုတ် ရံဖန်ရံခါ အကဲဖြတ်များကို ပြုလုပ်သွားမည်။ ဤနည်းဖြင့် အရည်အသွေးပြည့်မီသော ယာဥ်မောင်းများ၊ ကျွမ်းကျင်ယာဥ်မောင်းများကို မြှင့်တင်ပေးနိုင်ရန်၊ မော်တော်ယာဥ်နှင့် ပတ်သက်သော စွမ်းဆောင်မှုများကို ထိန်းသိမ်းနိုင်ရန်၊ လမ်းစည်းကမ်းများကို နားလည်ရန်၊ လမ်းအန္တရာယ်ကင်းရှင်းရေးတို့ကို မြှင့်တင်ရန်တို့ ဖြစ်ပါသည်။


top