ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

နဂါးလှေလှော်ပွဲတော် ကျရောက်တော့မှာ ဖြစ်တဲ့အတွက် - အာဖရိကဝက်အပြင်းဖျားရောဂါအပါအဝင် အခြားသော ပြည်ပနိုင်ငံများ၏ တိရစ္ဆာန်များမှတဆင့် ဖြစ်ပွားသော ကူးစက်ရောဂါများ ကျွန်ုပ်တို့နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းမှ ကာကွယ်ရန် ထိုင်ဝမ်သို့ ဝင်ရောက်လာကြမည့် နိုင်ငံခြားသား၊ ရွှေ့ပြောင်းလုပ်သား၊ နိုင်ငံသားသစ်နှင့် နိုင်ငံခြားသားကျောင်းသားများအား အသိပေးလုပ်ဆောင်ခြင်းများကို တိုးမြှင့်ရာတွင် ကူညီပေးကြပါရန်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2023/06/09
  • hit:46

ကပ်ရောဂါလွန်ကာလတွင် နိုင်ငံတကာခရီးသွားများနှင့် နယ်စပ်ဖြတ်ကျော်သွားလာသူများ ပြန်လည်များပြားလာသလို ယခုတလောအတွင်း ပြည်တွင်းသို့ ဝင်ရောက်လာကြသည့် ခရီးသွားများမှာလည်း တရားမဝင် တိရစ္ဆာန်ထွက်ကုန်များ သယ်ဆောင်လာမှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရသည့် အကြိမ်ရေမှာလည်း တိုးမြင့်လျှက်ရှိသည်။ နဂါးလှေလှော်ပွဲတော်မှာလည်း နီးကပ်လာပြီဖြစ်သည့်အတွက် စည်းမျဥ်းဖောက်ဖျက်မှုများ တိုးလာမည်ဟု မျှော်လင့်ရသည်။ ဤအတွက် နယ်စပ်ထိန်းချုပ်ရေးဆိုင်ရာ အစီအမံများကို အမှန်တကယ် လိုက်နာခြင်းရှိစေရန် ထိုင်ဝမ်သို့ ဝင်ရောက်လာကြသည့် နိုင်ငံခြားသား၊ ရွှေ့ပြောင်းလုပ်သား၊ နိုင်ငံသားသစ်နှင့် နိုင်ငံခြားသားကျောင်းသားများအား ‌အောက်ပါအချက်အလက်များကို အသိပေးလုပ်ဆောင်ခြင်းများကို တိုးမြှင့်ရမည်။ ထို့အပြင် နိုင်ငံသားသစ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များများ မျှဝေပေးလျက်ရှိသည့် ဝဘ်ဆိုဒ်၊ LINE ဆက်သွယ်ရေး အက်ပလီကေးရှင်းထဲရှိ အုပ်စု စသည့် အွန်လိုင်းအုပ်စုအဖွဲ့အစည်းများတွင် အောက်ပါကိစ္စရပ်များ အသိပေးခြင်းများ ပိုမို ထိရောက်မှုရှိစေရန် လုပ်ဆောင်ရမည်။

ကျွန်ုပ်တို့နိုင်ငံ၏ ကူးစက်ရောဂါကာကွယ်ရေး စည်းမျဥ်းစည်းကမ်းများကို လိုက်နာပြီး ပြည်တွင်းသို့ ဝင်ရောက်သည့်အခါ တိရစ္ဆာန်နှင့် အပင်ထွက်ပစ္စည်းများကို မယူဆောင်လာပါနှင့်။ ပြည်ပရှိ မိသားစု၊ ဆွေမျိုးနှင့် သူငယ်ချင်းများကို ဒဏ်ငွေမဆောင်ရစေရန် ထိုင်ဝမ်သို့ အသားပါသော အစာနှင့် အခြားသော တိရစ္ဆာန်ထွက်ပစ္စည်းများ မပေးပို့ရန် အသိပေးအကြောင်းကြားထားပါ။

လွန်ခဲ့သော ၃ နှစ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားခဲ့သော နိုင်ငံ (ဒေသ) အတွင်းမှ ဝက်သားထွက်ကုန်များကို တရားမဝင်သယ်‌ဆောင်လာပါက ပထမအကြိမ်တွင် ဒဏ်ငွေအဖြစ် ထိုင်ဝမ်ဒေါ်လာ ၂၀၀, ၀၀၀ (နှစ်သိန်း) ချမှတ်ခြင်း ခံရမည်။ ဒုတိယအကြိမ် ဥပဒေထပ်မံချိုးဖောက်ပါက ထိုင်ဝမ်ဒေါ်လာ ၁,၀၀၀,၀၀၀ (ဆယ်သိန်း) ချမှတ်ခြင်း ခံရမည်။ အကယ်၍ ဒဏ်ငွေချမှတ်ခြင်းခံရသော သူသည် ထိုင်ဝမ်၌ နေထိုင်ခွင့်ကတ်ပြားကို ကိုင်ဆောင်ထားခြင်း မရှိသောသူဖြစ်ပါက ထိုနေရာတွင်ပင် ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၂၀၀,၀၀၀ (နှစ်သိန်း)ကို ပေးဆောင်ရမည်။ အကယ်၍ ပေးဆောင်နိုင်ခြင်းမရှိပါက တိရစ္ဆာန်နှင့် အပင်ရောဂါတားဆီးကာကွယ်ရေးဗျူရို (ကာကွယ်ရေးဗျူရိုဟုသာ ဖော်ပြသွားမည်)  ဌာနခွဲမှ ပင်မဦးစီးဌာနသို့ ပို့ဆောင်ကာ ပြည်ဝင်ခွင့်ကို ငြင်းပယ်ခြင်းခံရမည်။

အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားခဲ့သော နိုင်ငံဒေသအတွင်းမှ စာတိုက်မှတဆင့် ဝက်သားထွက်ကုန်များကို တရားမဝင်သယ်‌ဆောင်လာပါ ပထမအကြိမ်တွင် ရှာဖွေစစ်‌ဆေးတွေ့ရှိပါက ပါဆယ်ထုတ်လက်ခံသိမ်းဆည်းမည့်သူထံမှ ထိုင်ဝမ်ဒေါ်လာ ၂၀၀, ၀၀၀ (နှစ်သိန်း) ကို ဒဏ်ငွေအဖြစ် ပေး‌ဆောင်စေမည်။ ဒုတိယအကြိမ်နှင့်အထက် ရှာဖွေစစ်ဆေးတွေ့ရှိပါက ပြင်းထန်သော ဒဏ်ငွေဖြစ်သည့် ထိုင်ဝမ်ဒေါ်လာ ၁,၀၀၀,၀၀၀ (ဆယ်သိန်း)ကို ချမှတ်ခြင်း ခံရမည်။


top