ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

အာဖရိကဝက်အပြင်းဖျားရောဂါအပါအဝင် အခြားသော ပြည်ပနိုင်ငံများ၏ တိရစ္ဆာန်များမှတဆင့် ဖြစ်ပွားသော ကူးစက်ရောဂါများ ကျွန်ုပ်တို့နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းမှ ကာကွယ်ရန်အတွက် ထိုင်ဝမ်သို့ ဝင်ရောက်မည့်သူများအား ဤအကြောင်းအရာကိစ္စရပ်များကို သိရှိနားလည်ရန်အတွက် ထုတ်ပြန်ကြေညာချက်များကို ပိုမိုထိရောက်လုပ်ဆောင်စေရန် ကျေးဇူးပြု၍ စစ်ဆေးမှုများ လုပ်ဆောင်ပါ။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2023/05/16
  • hit:53

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု နည်းပါးလာသည့်အတွက် နယ်စပ်ထိန်ချုပ်ရေးဆိုင်ရာအစီအမံများကိုလည်း ရုတ်သိမ်းခဲ့သဖြင့် ပြည်တွင်းပြည်ပဝင်ရောက်သူနှင့် ထွက်ခွာသူဦးရေလည်း တဖြည်းဖြည်း တိုးပွားလာခဲ့သည်။ ယခုတလောအတွင်း ပြည်တွင်းသို့ ဝင်ရောက်လာသော ခရီးသွားများ သတ်မှတ်စည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ တိရစ္ဆာန်ထွက်ကုန်များကို သယ်ဆောင်လာသည့် အလားအလာမှာ တိုးမြှင့်ခဲ့သည်။ ဤအတွက် နယ်စပ်ထိန်းချုပ်ရေးဆိုင်ရာအစီအမံများကို အမှန်တကယ် လိုက်နာခြင်းရှိစေရန် ထိုင်ဝမ်သို့ ဝင်ရောက်လာကြသည့် နိုင်ငံခြားသား၊ ရွှေ့ပြောင်းလုပ်သား၊ နိုင်ငံသားသစ်နှင့် နိုင်ငံခြားသားကျောင်းသားများအား ‌အောက်ပါအချက်အလက်များကို အသိပေးလုပ်ဆောင်ခြင်းများကို တိုးမြှင့်ရမည်။

(၁) ပြည်တွင်းသို့ ဝင်ရောက်သည့်အခါ အသားပါသော အစာနှင့် အခြားသော တိရစ္ဆာန်ထွက်ပစ္စည်းများ သို့မဟုတ် လေယာဥ်ပေါ်မှ တည်ခင်းကျွေးမွေးသော အစားအစာများကို ပြည်တွင်းသို့ မှားယွင်းသယ်ဆောင်လာပါက ပြည်တွင်းသို့ မဝင်ရောက်မီ အမှိုက်ပုံးထဲတွင် စွန့်ပစ်ခြင်း သို့ အကောက်ခွန်ကို မဖြတ်မီတွင် စွန့်ပစ်ထားရမည်ဖြစ်သည်။

(၂) ပြည်ပရှိ မိသားစု၊ ဆွေမျိုးနှင့် သူငယ်ချင်းများကို ဒဏ်ငွေမဆောင်ရစေရန် ထိုင်ဝမ်သို့ အသားပါသော အစာနှင့် အခြားသော တိရစ္ဆာန်ထွက်ပစ္စည်းများ မပေးပို့ရန် အသိပေးအကြောင်းကြားထားပါ။

ပြစ်ဒဏ်မခံရစေရန်အတွက် ထိုင်ဝမ်သို့ အသားပါသော အစာနှင့် အခြားတိရစ္ဆာန် သီးသန့်ပစ္စည်းများ မပို့ရန် နိုင်ငံခြားဆွေမျိုးများနှင့် မိတ်ဆွေများအား အကြောင်းကြားပါ။

(၃) လွန်ခဲ့သော ၃ နှစ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားခဲ့သော နိုင်ငံ (ဒေသ) အတွင်းမှ ဝက်သားထွက်ကုန်များကို တရားမဝင်သယ်‌ဆောင်လာပါက ပထမအကြိမ်တွင် ဒဏ်ငွေအဖြစ် ထိုင်ဝမ်ဒေါ်လာ ၂၀၀, ၀၀၀ (နှစ်သိန်း) ချမှတ်ခြင်း ခံရမည်။ ဒုတိယအကြိမ် ဥပဒေထပ်မံချိုးဖောက်ပါက ထိုင်ဝမ်ဒေါ်လာ ၁,၀၀၀,၀၀၀ (ဆယ်သိန်း) ချမှတ်ခြင်း ခံရမည်။ အကယ်၍ ဒဏ်ငွေချမှတ်ခြင်းခံရသော သူသည် ထိုင်ဝမ်၌ နေထိုင်ခွင့်ကတ်ပြားကို ကိုင်ဆောင်ထားခြင်း မရှိသောသူဖြစ်ပါက ထိုနေရာတွင်ပင် ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၂၀၀,၀၀၀ (နှစ်သိန်း)ကို ပေးဆောင်ရမည်။ အကယ်၍ ပေးဆောင်နိုင်ခြင်းမရှိပါက တိရစ္ဆာန်နှင့် အပင်ရောဂါတားဆီးကာကွယ်ရေးဗျူရို (ကာကွယ်ရေးဗျူရိုဟုသာ ဖော်ပြသွားမည်)  ဌာနခွဲမှ ပင်မဦးစီးဌာနသို့ ပို့ဆောင်ကာ ပြည်ဝင်ခွင့်ကို ငြင်းပယ်ခြင်းခံရမည်။ 

(၄) အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားခဲ့သော နိုင်ငံဒေသအတွင်းမှ စာတိုက်မှတဆင့် ဝက်သားထွက်ကုန်များကို တရားမဝင်သယ်‌ဆောင်လာပါ ပထမအကြိမ်တွင် ရှာဖွေစစ်‌ဆေးတွေ့ရှိပါက ပါဆယ်ထုတ်လက်ခံသိမ်းဆည်းမည့်သူထံမှ ထိုင်ဝမ်ဒေါ်လာ ၂၀၀, ၀၀၀ (နှစ်သိန်း) ကို ဒဏ်ငွေအဖြစ် ပေး‌ဆောင်စေမည်။ ဒုတိယနှင့်အထက် ရှာဖွေစစ်ဆေးတွေ့ရှိပါက ပြင်းထန်သောဒဏ်ငွေဖြစ်သည့် ထိုင်ဝမ်ဒေါ်လာ ၁,၀၀၀,၀၀၀ (ဆယ်သိန်း)ကို ချမှတ်ခြင်း ခံရမည်။


top