ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

ယခုနှစ် ဝင်ငွေခွန်ပေးဆောင်ရာတွင် ကူးစက်ကပ်ရောဂါကြောင့်ဖြစ်စေ သို့မဟုတ် ငွေကြေးအခက်အခဲကြောင့်ဖြစ်စေ သက်ရောက်မှုရှိပါက ဝင်ငွေခွန်ပေးဆောင်ရမည့်ကာလကို သက်တမ်းတိုးခြင်း အရစ်ကျပေးချေခြင်းတို့ကို လုပ်ဆောင်နိုင်ရန်အတွက် လျှောက်ထားနိုင်ပါသည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2023/05/09
  • hit:49

ကောင်းရှုံမြို့ ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားအခွန်ဦးစီးဌာနမှ ပြင်းထန်အထူးကူးစက်အဆုတ်ရောင်ကပ်ရောဂါ သို့မဟုတ် အကြောင်းအရင်းတစ်မျိုးမျိုးကြောင့် ငွေကြေးအခက်အခဲများရှိပါက ၂၀၂၂ ခုနှစ်အတွက် ဝင်ငွေခွန်ပေးဆောင်ရာတွင် အခက်အခဲရှိသူများသည် ဝင်ငွေခွန်ပေးဆောင်မှုအတွက် လျှောက်ထားရမည့် နောက်ဆုံးရက်မတိုင်မီ ပေးဆောင်ရမည့်ကာလကို သက်တမ်းတိုးခြင်း သို့မဟုတ် အရစ်ကျပေးချေခြင်းတို့ကို လုပ်ဆောင်နိုင်ရန်အတွက် လျှောက်ထားနိုင်သည်ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။  

ဤဌာနမှ ကပ်ရောဂါကြောင့် သတ်မှတ်ထားသောကာလအတွင်း ဝင်ငွေခွန်ကို တစ်ကြိမ်တည်း ပေးဆောင်နိုင်ခြင်းမရှိပါက အခွန်ကောက်ခံမှုဥပဒေ ပုဒ်မ ၂၆ အရ အခွန်ကောက်ခံခွင့်ဆိုင်ရာ စည်းမျဥ်းများနှင့်အညီ “အခွန်ထမ်းဆောင်ရမည့်သူများ ဝင်ငွေခွန်ပေးဆောင်ရာတွင် ပြင်းထန်အထူးကူးစက်အဆုတ်ရောင်ကပ်ရောဂါ (COVID-19) ကြောင့်ဖြစ်စေ သို့မဟုတ် ငွေကြေးအခက်အခဲကြောင့်ဖြစ်စေ သက်ရောက်မှုရှိပါက ဝင်ငွေခွန်ပေးဆောင်ရမည့်ကာလကို သက်တမ်းတိုးခြင်း အရစ်ကျပေးချေခွင့်” တို့ကို သတ်မှတ်ထားသောကာကလအတွင်း (၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့) အထိ လျှောက်ထားနိုင်ပြီး သက်တမ်းတိုးကာလ အများအဆုံးမှာ ၁ နှစ် သို့မဟုတ် အရစ်ကျခွဲသွင်းခြင်း ၃ နှစ် (တစ်လကို တစ်ကြိမ်) ဖြစ်ကြောင်းကို ထုတ်ပြန်ထားသည်။

ထို့အပြင် အခွန်ထမ်းဆောင်ရမည့်သူများ အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော်လည်း အကြောင်းအရင်းတစ်မျိုးမျိုးကြောင့် တစ်ကြိမ်တည်း ပေးဆောင်နိုင်ခြင်း မရှိသူများ အခွန်ကောက်ခံမှုဥပဒေ ပုဒ်မ ၂၆-၁ အရ “အတိုးထပ်အရစ်ကျဖြင့် အခွန်ပေးဆောင်ခြင်း” ကို လျှောက်ထားနိုင်သည်။ သတ်မှတ်ထားသော အခွန်ကာလအတွင်း အတိုးနှုန်းများကို အရစ်ကျပေးဆောင်ရန် အကောက်ခွန်ဌာနသို့ လျှောက်ထားနိုင်သည်။ အတိုးထပ်အရစ်ကျကို ပေး‌ဆောင်ရမည့်ကာလအရေအတွက် (တစ်လ ၁ ကြိမ်) ဖြစ်ပြီး အများဆုံးမှာ ၃၆ ကြိမ် ဖြစ်သည်။ ငွေပေးချေမှု နောက်ကျခြင်းကြောင့် လျော်ကြေးပေးဆောင်ခြင်း သို့မဟုတ် အမှုတွဲ လွှဲပြောင်းပေးအပ်ခံရခြင်းတို့မှ ရှောင်ရှားနိုင်ရန် အထူးဂရုပြုပါ။

ဤဌာနမှ အများပြည်သူများ အခွန်ပေးဆောင်မှုကို လျှောက်ထားနိုင်သည့် နောက်ဆုံးရက်မတိုင်မီ အခွန်ကောက်ခံခြင်းဝန်ဆောင်မှုဖြစ်သော အီလက်ထရွန်းနစ် ဝင်ငွေခွန်ကြေညာခြင်းစနစ် သို့မဟုတ် ဝင်ငွေခွန်ပေးဆောင်မှုကို တွက်ချက်ပေးမည့် ဝဘ်ဆိုက် (http://www.etax.nat.gov.tw) သို့ သွားရောက်လျှောက်ထားနိုင်သည်။ သို့မဟုတ် ဝင်ငွေခွန်ဝဘ်ဆိုက်သို့ သွားရောက်ပြီး ဝင်ငွေခွန်ပေးဆောင်ရမည့်ကာလကို သက်တမ်းတိုးခြင်း သို့မဟုတ် အရစ်ကျပေးချေခြင်းတို့ကို လျှောက်ထားရန် ဖြည့်စွက်ရမည့် ဖောင်များကို ဒေါင်းလော့ခ်လုပ်ဆောင်ပြီး စာတိုက်မှတဆင့် စာရွက်စာတမ်းများကို ပေးပို့ပေးခြင်းနှင့် မိမိ သန်းခေါင်စာရင်းထည့်သွင်းထားရာနေရာရှိ အကောက်ခွန်ရုံးသို့ လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်သည်။

သိလိုသည်များရှိပါက အခမဲ့ဖုန်းလိုင်း 0800-000-321 သို့မဟုတ် အဆိုပါဝဘ်ဆိုက် (https://www.ntbk.gov.tw) ရှိ “ဝင်ငွေခွန်ကာစတန်မာဆားဗေ့စ်”မှတဆင့် ရှာဖွေနိုင်သည်။ ဝင်ငွေခွန်ဌာနမှ သင့်ကို ပျူငှာစွာ ဝန်ဆောင်မှုပေးပါမည်။


top