ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

နိုင်ငံသားသစ်များကို အလုပ်သမား ဝန်ကြီးဌာနမှ နည်းပညာ အရည်အချင်း စမ်းသပ် စာမေးပွဲတွင် ပါဝင်ရန် ထောက်ပံ့သည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2022/10/19
  • hit:76

1. အခြေအနေထူးခြားသောသူများ နည်းပညာအရည်အချင်းစစ်ဆေးသောစာမေးပွဲတွင် ပါဝင်ရန် အားပေးခြင်းနှင့် နိုင်ငံတော်၏မူဝါဒသစ်များ အရ၊ အလုပ်သမား ဝန်ကြီးဌာနသည် 2018ခုနစ်1လ1ရက်နေ့မှစ၍ ထောက်ပံ့ကြေးဆိုင်ရာ အရည်အချင်းသတ်မှတ်ချက်များကို လျော့ချခဲ့သည်။ ကျွန်ုပ်တို့၏နိုင်ငံသားနှင့်အိမ်ထောင်ကျပြီး၊နေထိုင်ခွင့်ရထားသော နိုင်ငံခြးသား သို့ မဟုတ်ပြည်မကြီးမှနိုင်ငံသားများ  ထောက်ပံ့ကြေးငွေအတွက် သတ်မှတ်ထားသော အခြေအနေနှင့် ပြည့်မီသူအားလုံး နည်းပညာအရည်အချင်းစစ် စားမေးပွဲဖြေဆိုရာတွင် စည်းမျဉ်းများနှင့်အညီ ထောက်ပံ့ငွေများကို လျှောက်ထားနိုင်ပါသည်။ 

2. ထောက်ပံ့ကြေးအတွက် သတ်မှတ်ထားသော  အခြေအနေနှင့် ပြည့်မီသူများ နည်းပညာ အရည်အချင်းစစ်စာမေးပွဲအတွက် နာမည်သွင်းသည့်အခါ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု စိစစ်ရေး ထောက်ပံ့ကြေးလျှောက်လွှာကို တပါတည်းတင်သွင်းရမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သတိပေးထားသည်။ စီစစ်ပြီးနောက် ထောက်ပံ့ကြေးရသူများသည် ၊ စာမေးပွဲကြေး၊ နည်းပညာစာမေးပွဲကြေး၊မှတ်ပုံတင်အရည်အချင်းစစ်စာမေးပွဲကြေးနှင့် လိုင်စင်ကြေးတို့ကို ပေးစရာမလိုပါ။ထောက်ပံ့မှုတစ်ခုစီသည် ထောက်ပံ့ကြေးငွေ သုံးကြိမ်လျှောက်ထားနိုင်ပြီး၊ နည်းပညာတစ်ခု၏Levelတစ်ခုအတွက် ထောက်ပံ့ကြေးငွေတစ်ကြိမ်သာ လျှောက်နိုင်သည်။ ထောက်ပံ့ကြေးငွေနှင့်ပတ်သတ်သော စည်းမျဉ်းစည်းကမ်းများကို အလုပ်သမား ဝန်ကြီးဌာန အလုပ်သမား ဖွံ့ဖြိုးတိုးတက်ရေး စီမံကွပ်ကဲမှု ဌာနထခွဲ (https://www.wdasec.gov.tw/homepage/certification area) ၏ ဝဘ်ဆိုဒ်တွင် တွေ့ရှိနိုင်ပါသည်။  သို့မဟုတ် ဆက်သွယ်ရန်နံပါတ်- 04-2250-0707တွင် စုံစမ်းမေးမြန်းနိုင်သည်။


top