ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

သင်ကြားလေ့ကျင့်ရေးဆိုင်ရာ သင်ရိုးများ
သင်ကြားလေ့ကျင့်ရေးဆိုင်ရာ သင်ရိုးများ
:::

[အသက်မွေးဝမ်းကြောင်းသင်တန်း ခေါင်းစဥ်] အခမဲ့ အသက်မွေးဝမ်းကြောင်း လေ့ကျင့်ရေး သင်တန်းများ။လူတော်လူကောင်း "အသစ်" များ ပြုစုပျိုးထောင်ခြင်း

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2022/10/19
  • hit:49

နိုင်ငံသားသစ်များ၏ အလုပ်အကိုင် စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်း၍ အောက်ပါသင်တန်းများကိုဖွင့်လစ်ပေးမည်ဖြစ်သည်၊ လက်သည်းအလှခြယ်၊ မုန့်ဖုတ်၊ ဧည့်လမ်းညွှန်များနှင့်  စကားပြန်စသည့်သင်တန်းများဖြစ်ပါသည်။ သတ်မှတ်ထားသော အခြေအနေနှင့် သင့်လျော်သူများအား သင်တန်းကြေးကို အပြည့်အ၀ ထောက်ပံ့ရုံသာမက သင်တန်းချိန်အတွင်း၏ နေထိုင်စရိတ်ကိုလည်း ပံ့ပိုးပေးမည်းဖြစ်ပါသည်။နိုင်ငံသားသစ်များ၏ ဒုတိယအလုပ်စွမ်းရည်များကို သင်ယူပြီး လူ့အဖွဲ့အစည်းနှင့် ပူးပေါင်းရန်အတွက် ဤသင်တန်းများကိုဖွင့်လစ်ပေးခဲ့သည်။

နိုင်ငံသားသစ်များ အခမဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းများကိုတက်ရောက်နိုင်သည်။

အလုပ်လက်မဲ့ဖြစ်နေသောနိုင်ငံသားသစ်များ(ထိုင်ဝမ်နိုင်ငံသားများနှင့်အိမ်ထောင်ပြုထားပြီး တရားဝင်နေထိုင်ခွင့်နှင့်အလုပ်လုပ်ကိုင်ခွင့်ရှိသောနိုင်ငံခြားသား၊တရုတ်ပြည်မကြီးမှပြည်သူပြည်သားများ၊ဟောင်ကောင်နှင့်မကာအိုနိုင်ငံသားများကိုဆိုလိုပါသည်။)အလုပ်သမားရေးဝန်ကြီးဌာန၏ အလုပ်သမား ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲမှ အလုပ်လက်မဲ့များအတွက် စီစဉ်ပေးသော အသက်မွေးဝမ်းကျောင်း  တက်ရောက်ပါက သင်တန်းကာလ အတွင်း စားဝတ်နေရေး စရိတ်များကို အစိုးရမှ အပြည့်အဝ ထောက်ပံ့မည်ဖြစ်ပါသည်။

မှတ်ပုံတင် ရရှိထားသော အိမ်ထောင်ဖက်များ ဤသင်တန်းတွင်ပါဝင်ပါက နိုင်ငံသားများနှင့်အညီ 80%ထောက်ပံ့ပါမည်။အခြေအနေထူးခြားသော အလုပ်လက်မဲ့များအတွက် ၊ ဥပမာ အသက်ကြီးသူများ၊ ဒုက္ခိတများနှင့် စိတ်ဝေဒနာခံစားနေသူများ၊ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းအိမ်ထောင်စုများ နှင့် ဒုတိယအကြိမ်မြောက် လုပ်ငန်းဝင်လိုသော အမျိုးသမီးများသည် ဤသင်တန်းတွင်  အခမဲ့ ပါဝင်နိုင်ကြပါသည်။

သင်တန်းကာလအတွင်း၏ စားဝတ်နေရေးစရိတ်များကို ထောက်ပံ့ရန် လျောက်နိုင်သည်။

နိုင်ငံသားသစ်များ အလုပ်လက်မဲ့ဖြစ်ပါက၊ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းရှာဖွေရေး ဝန်ဆောင်မှုဌာန သို့မဟုတ် အသက်မွေးဝမ်းကြောင်းပညာသင်ကြားရေးဌာန၏ အကူအညီဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို ရွေးချယ်သင်ယူနိုင်ပါသည်။

ဤသင်တန်းသည် 『အချိန်ပြည့်』သင်တန်းဖြစ်သည်၊သင်တန်းတက်ကာလအတွင်း၌စဥ်းမျဥ်းများနှင့်အညီ စားဝတ်နေရေးစရိတ်များကိုလျောက်ထားနိုင်သည်။အချိန်ပြည့် အသက်မွေးဝမ်းကျောင်းသင်တန်းသည် အောက်ပါအခြေအနေများနှင့် ကိုက်ညီရမည်။

1. သင်တန်းကာလသည် 1 လကျော်ဖြစ်သည်။

2. တစ်ပတ်လျှင် 4 ရက်အထက် သင်တန်းတက်ရမည်။

3. တစ်နေ့တာသင်တန်းချိန် 4 နာရီထက် ပိုသင်ယူရမည်။

4. တစ်လလျှင် သင်တန်းချိန်စုစုပေါင်းမှာ နာရီ 100 ကျော်ဖြစ်သည်။

အသက်မွေးဝမ်းကြောင်းသင်တန်း၏ စာဝတ်နေရေးထောက်ပံ့ငွေမှာ အခြေခံလစာ၏ 60% ဖြင့် လစဉ် ပေးဆောင်မည်ဖြစ်ပြီး ၊ ထောက်ပံ့ကြေးမှာ 2 နှစ်အတွင်း 6 လ စာပေးမည်ဖြစ်သော်လည်း လျှောက်ထားသူသည် ဒုက္ခိတ သို့မဟုတ် စိတ်ဝေဒနာခံစားနေရသူဖြစ်ပါက အကြာဆုံးထောက်ပံ့ချိန်သည် 12 လဖြစ်သည်။ အသေးစိတ်သိရှိလိုပါက "အလုပ်သမားဝန်ကြီးဌာန၏ အသက်မွေးဝမ်းကျောင်း ပညာသင်စရိတ်ထောက်ပံ့ဌာန" ၏၀က်ဘ်ဆိုဒ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

သင်တန်းကာလအတွင်း၌ စားဝတ်နေရေးစရိတ်များကို နိုင်ငံတော်မှထောက်ပံ့ပေးသည်။

အလုပ်ရှာဖွေနေသူများ အသက်မွေးဝမ်းကြောင်းသင်တန်းများတွင် တက်ကြွစွာပါဝင်နိုင်ရန် အသက်မွေးဝမ်းကျောင်းသင်တန်းကာလအတွင်း ကလေးထိန်းရေးနှင့် သို့မဟုတ် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ထောက်ပံ့ကြေးများကို  အစိုးရမှ  ပံ့ပိုးပေးပါသည်။ ထို့အပြင် Taoyuan မြူနီစီပယ်အစိုးရကလည်း ကလေးထိန်းအခကျေးငွေများကို ထောက်ပံ့ပေးသည်။ မိသားစုများ ဝန်ထုပ်ဝန်ပိုးနည်းရန်အတွက် ထောက်ပံ့ကျေးငွေများကို သက်ဆိုင်ရာ ဌာနတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လျှောက်ထားနိုင်သည်။

ထိုင်ဝမ်အလုပ်ရှာဖွေရေးဝဘ်ဆိုဒ်သည် မြို့နယ်အသီးသီးတွင်ရှိသော အလုပ်အကိုင်များကိုစုစီးခြင်း၊ ပြည်သူများအားအလုပ်ကူညီရှာဖွေပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာသင်ယူခြင်းနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ရန် ကူညီပေးသည်။ အကယ်၍ သင်သည် အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစဥ်း၊ပုဂ္ဂလိကအဖွဲ့အစည်း၊သက္ကသိုလ်နှင့်သက်ဆိုင်ရာဒေသအသီးသီးမှ ဖွင့်သော အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် ပါဝင်လိုပါက၊ထိုင်ဝမ်အလုပ်ရှာဖွေပေးသောဝဘ်ဆိုဒ်သက်”အသက်မွေးဝမ်းပညာလေ့ကျင့်ရေးဇုန်" သို့မဟုတ် "သင်တန်းနှင့် အလုပ်အကိုင်-လေ့ကျင့်ရေးသတင်း" ၌စုံစမ်းမေးမြန်းနိုင်ပါသည်။

  သက်ဆိုင်ရာဒေသ၏ အစိုးရမှ ဖွဲ့ထားသော သက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများသည် အများပြည်သူများအား လုပ်ငန်းခွင်၏သိသင့်သိထိုက်သောအကြောင်းအရာများ၊ အလုပ်ဆိုင်ရာ အကြံပေးဝန်ဆောင်မှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ အလုပ်ရှာဖွေပေးခြင်းနှင့် ဟောပြောပွဲများ၊ ပြည်သူများအား လက်မှုပညာတစ်ခု သင်ယူပြီး လိုင်စင်ရရှိရန် လမ်းညွှန်ပေးပါသည်။ ခရိုင်နှင့်မြို့အသီးသီးရှိ သက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများကို My E-Government ဝဘ်ဆိုဒ်တွင် စုံစမ်းနိုင်ပါသည်။

အလုပ်သမားဖွံ့ဖြိုးရေးonlineဝန်ဆောင်မှုဌာနမှ လုပ်ငန်းမျိုးစုံကျွမ်းကျင်ရန် သင်တန်းများကို ဖွင့်လစ်ပေးပါသည်။

ဤ(https://portal.wda.gov.tw/) websiteသည်  အလုပ်သမားအင်အားရာသက်ပန် ဖွံ့ဖြိုးတိုးတက်မှုဌာန၏ ရည်ရွယ်ချက် အတိုင်း အွန်လိုင်းသင်တန်းများ၊ အွန်လိုင်းစာအုပ်များ နှင့် ဗီဒီယိုစသည့် ဒစ်ဂျစ်တယ် သင်ထောက်ကူပစ္စည်းများကို စုစီးထားခြင်းဖြင့် နောင်အချိန်ကာလ၏ အွန်လိုင်းသင်တန်းဖွံ့ဖြိုးတိုးတက်မှုနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးပါသည်။ ပြည်သူပြည်သားများ မိမိ၏လုပ်ငန်းခွင်လိုအပ်ချက်အရ သင့်လျော်သော သင်တန်းများကို ရွေးချယ်ပြီးသင်ယူနိုင်ပါသည်။ ထို့အပြင် အခြားလုပ်ငန်းခွင်နှင့် ပတ်သတ်သော နည်းပညာသင်တန်းပေါင်းတစ်ထောင်ကျော်ကိုလည်း ဖွင့်လစ်ထားပါသည်။ပိုမိုသိရှိလိုပါက ဤ(https://portal.wda.gov.tw/) website သို့ ဝင်ရောက်ကြည့်ရှုပါ။

  အလုပ်ရှာဖွေသူအား လုပ်ငန်းခွင်အတွင်း ချောမွေ့စွာဝင်ရောက်နိုင်စေရန်အတွက် အစိုးရအနေဖြင့် သက်မွေးဝမ်းကျောင်းသင်တန်းများ၊ သင်တန်းစရိတ်နှင့် စားဝတ်နေရေးစရိတ်ထောက်ပံ့မှုများ၊ အခမဲ့ အွန်လိုင်းသင်တန်းများ စသည်ဝန်ဆောင်မှုများဖြင့်  နိုင်ငံသားအသစ်များအား လုပ်ကိုစွမ်းရည်မြင့်တင်ရန် အသက်မွေးဝမ်းကျောင်းနည်းပညာသစ်များ ရရှိရန် ပြုစုပျိုးထောင်ပေးသည်။


top