ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

အကြောင်းအရာ။ ။ လမုန့် ပွဲတော်နီးလာ၍ ဝက်နာကျရောဂါနှင့် ပြည်ပမှအခြားတိရစ္ဆာန်ကြီးများ၏ ရောဂါများ ကျွန်ုပ်တို့နိုင်ငံကို ကျူးကျော်ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် ကျေးဇူးပြု၍ လိုက်နာပူးပေါင်းဆောင်ရွက်ကြပါ။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2022/08/16
  • hit:75

နယ်စပ်ဂိတ်များ ဖြည်းဖြည်းချင်း ဖွင့်လှစ်လာသည်နှင့်အမျှ ယခုရက်ပိုင်းအတွင်းပြည်တွင်းသို့ဝင်ရောက်လာသောဧည့်သည်များသည်  ပြည်ပမှတောထွက်ပစ္စည်းများကို စည်းကမ်းဖောက်ဖျက်၍ သယ်ဆောင်လာသော အခြေအနေများ တိုးပွားလာသည်ကိုတွေ့ရှိရသည်။လမုန့် ပွဲတော်နီးလာသဖြင့် နိုင်ငံရပ်ခြားမှအသားပါသောလမုန့်နှင့်အသားထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းသို့တင်သွင်းခြင်းမှတာဆီးနိုင်ရန်အတွက်၊ ကျွန်ုပ်၏နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ ဘေးကင်းစေရန်အတွက်၊ ဝက်နာကျရောဂါနှင့် ပြည်ပမှအခြားတိရစ္ဆာန်ကြီးများ၏ ရောဂါများ ကျွန်ုပ်တို့နိုင်ငံကို ကျူးကျော်ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကိုသတိပြုပါ။

၁။ အသားပါသော လမုန့်များနှင့် အခြားတောထွက်ပစ္စည်းများကို နိုင်ငံတွင်းသို့ သယ်ဆောင်လာခြင်း ၊အမြန်ချောပို့ခြင်း သို့မဟုတ် စာတိုက်မှ ပါဆယ်ထုပ်များဖြင့် ယူဆောင်ခြင်း မပြုလုပ်ရ။

၂။ လွန်ခဲ့သည့်သုံးနှစ်အတွင်း ဝက်နာကျရောဂါဖြစ်ပွားခဲ့သည့် နိုင်ငံ သို့မဟုတ် ဒေသမှ ဝက်သားထွက်ပစ္စည်းများကို နိုင်ငံအတွင်းသို့ တရားမဝင် သယ်ဆောင်လာကြောင်း တွေ့ရှိပါက ပထမအကြိမ်ကျူးလွန်သူကို ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၂၀၀,၀၀၀ (၂သိန်း)ပေးဆောင်မည်ဖြစ်ပြီး ဒုတိယအကြိမ်ကျူးလွန်သူအား ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ၁၀၀၀ ၀၀၀ (၁ သန်း) ဒဏ်ရိုက်မည်ဖြစ်သည်။ ပစ်မှုကျူးလွန်သူတွင် နေထိုင်ခွင့်မရှိပါက ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၂၀၀,၀၀၀(၂သိန်း) ဒဏ်ရိုက်ခံရမည်ဖြစ်ပြီး ဒဏ်ငွေကိုလက်ငင်းမပေးနိုင်ပါက လယ်ယာစိုက်ပျိုးရေး တိရိစ္ဆာန်နှင့် အပင်ရောဂါ ကာကွယ်ရေးဌာနမှ  လူဝင်မှုကြီးကြပ်ရေးဌာနသို့ လွှဲပြောင်းပေးပြီး ထိုသူအား နိုင်ငံအတွင်းသို့ဝင်ခွင့်ပြုမည်မဟုတ်ပါ။

၃။ ဝက်နာကျရောဂါရှိသောဒေသမှ လာသောဝက်သားထွက်ပစ္စည်းများကို နိုင်ငံတွင်းသို့ စာတိုက်မှ ပါဆယ်ထုပ်များဖြင့် ပို့ဆောင်ခြင်းကို ပထမအကြိမ်းဖမ်းဆီးမိပါက ပါဆယ်ထုပ်လက်ခံသူကို ထိုင်ဝမ်ဒေါ်လာ ၂၀၀,၀၀၀(၂သိန်း) ဒဏ်ငွေ ပေးဆောင်မည်ဖြစ်ပြီး ဒုတိယအကြိမ်နှင့် အထက်ဖမ်းဆီးမိပါက ထိုင်ဝမ်ဒေါ်လာ ၁ ၀၀၀,၀၀၀ (၁သန်း)ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်သည်။


top