ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

ကပ်ရောဂါသတိပေးချက်စံနှုန်း အဆင့် (၂) ကို နိုဝင်ဘာလ ၁၆ရက်နေ့မှ နိုဝင်ဘာလ ၂၉ရက်နေ့အထိ ဆက်လက်သတ်မှတ်ထားပြီး သက်ဆိုင်ရာစည်းမျဥ်းစည်းကမ်းများကို ပြောင်းလဲသတ်မှတ်ကာ အများပြည်သူများအနေဖြင့်လည်း ကာကွယ်ရေးအစီအမံများကို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ညွှန်ကြားရေးစင်တာမှ ထုတ်ဖော်ပြောကြားခဲ့သည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/11/17
  • hit:166

ပြည်တွင်းရှိ ကပ်ရောဂါအခြေအနေမှာ ကျဆင်းသွားပြီး ထိန်းသိမ်းထားနိုင်သော အခြေအနေဖြစ်သဖြင့် ဗဟိုကပ်ရောဂါညွှန်ကြားရေးစင်တာသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးအကဲဖြတ်မှုများ လုပ်ဆောင်ပြီးနောက်တွင် ယနေ့ (၁၁)ရက်နေ့ ၊ (၂၀၂၁)ခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့မှ နိုဝင်ဘာလ ၂၉ရက်နေ့ထိ ကပ်ရောဂါသတိပေးချက် အဆင့်ကို အဆင့်(၂)အဖြစ် ဆက်လက်သတ်မှတ်ထားကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။ သက်ဆိုင်ရာ ထိန်းသိမ်းထားဆဲ သို့မဟုတ် ပြောင်းလဲလိုက်သော ကန့်သတ်စည်းမျဥ်းစည်းကမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

က။ လက်ရှိကျင့်သုံးလျက်ရှိသော နှာခေါင်းစည်းတပ်ဆင်ခြင်း စည်းမျဥ်းစည်းကမ်းကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ပြီး အပြင်သွားချိန်တိုင်း ခရီးတစ်လျှောက်လုံး၌ နှာခေါင်းစည်း တပ်ဆင်ရမည်။ သို့သော် (အောက်တွင်ဖော်ပြထားသော) အခြေအနေမျိုးဖြစ်ပါက နှာခေါင်းစည်းတပ်ဆင်ရန်မလိုပါ။

(၁) အောက်ဖော်ပြပါ နေရာများ၌ နှာခေါင်းစည်းတပ်ဆင်ရန် မလိုအပ်ပါ။ သို့သော် နှာခေါင်းစည်းကို ကိုယ်နှင့်မကွာ ဆောင်ယူထားရန်လိုအပ်ပြီး သင့်ကိုယ်၌ သက်ဆိုင်ရာ ရောဂါလက္ခဏာများ သို့မဟုတ် သတ်မှတ်ထားခြင်း မရှိသော လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် ခပ်ကွာကွာ လုပ်ဆောင်နိုင်ခြင်းမရှိသော အခြေအနေမျိုးတွင် နှာခေါင်းစည်းကို တပ်ဆင်ထားရဦးမည်ဖြစ်သည်။

၁။ အခန်းအတွင်းနှင့် အခန်းအပြင်၌ အားကစားလုပ်ချိန်နှင့် သီချင်းဆိုချိန်။

၂။ အခန်းအတွင်းနှင့် အခန်းအပြင်၌ တစ်ဦးချင်းဖြစ်စေ/အဖွဲ့လိုက်ဖြစ်စေ ဓာတ်ပုံရိုက်ချိန်။

၃။ လူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ ဗီဒီယိုရိုက်ကူးခြင်း၊ အစီအစဥ်တင်ဆက်ခြင်း၊ သတင်းပေးပို့ခြင်း၊ မိန့်ခွန်းပြောခြင်း၊ ဟောပြောခြင်း၊ စာသင်ခြင်းအစရှိတဲ့ စကားပြောဆိုရန်လိုအပ်သည့် အလုပ်တာဝန် ထမ်းဆောင်ချိန် သို့မဟုတ် လှုပ်ရှားမှုများအတွက် တရားဝင်ရိုက်ကူးချိန် သို့မဟုတ် လုပ်ဆောင်ချိန်။

၄။ စိုက်ပျိုးရေး ၊ သစ်‌တော ၊ သားငါးနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်သားများ ကျယ်ပြောသောမြေနေရာများ (ဥပမာ။ ။ လယ် ၊ ငါးမွေးမြူရေး ၊ သစ်တော ကဲ့သို့သော နေရာမျိုး) တွင် အလုပ်လုပ်ချိန်။

၅။ တောင်နှင့် သစ်တောများ (သစ်တောအပန်းဖြေနေရာများအပါအ၀င်)နှင့် ပင်လယ်ကမ်းစပ်များတွင် လှုပ်ရှားချိန်။

ရေပူ/ရေအေး၊ အိုဗင် (OVEN)၊ စပါး (SPA) ဝန်ဆောင်မှု၊ ဆော်နာ (SAUNA)၊ ရေပေါ်လှုပ်ရှားမှုအစရှိသော နှာခေါင်းစည်း စိုစွတ်ရန် လွယ်ကူသောနေရာများ။

(၂) အပြင်သွားလာချိန် အစားအစာစားသောက်ရန်လိုအပ်လာပါက နှာခေါင်းစည်းတပ်ဆင်ရန် မလိုအပ်ပါ။

(၃) ညွှန်ကြားရေးစင်တာ သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းများမှ သတ်မှတ်ထားသော နေရာများ သို့မဟုတ် လှုပ်ရှားမှုများတွင် သက်ဆိုင်ရာကပ်ရောဂါကာကွယ်ရေးအစီအမံများနှင့် ကိုက်ညီမှုရှိပါက နှာခေါင်းစည်းကို ခေတ္တချွတ်ထားနိုင်သည်။

ခ။ စီးပွားရေးလုပ်ငန်းခွင်နှင့် အများပြည်သူငှာနေရာများတွင် အမည်နှင့် မှတ်ပုံတင်ခြင်း၊ ခန္ဓာကိုယ်အပူချိန်တိုင်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို မြှင့်တင်ခြင်း၊ ဝန်ထမ်းများ၏ ကျန်းမာရေးပိုင်းဆိုင်ရာကို စီမံခန့်ခွဲခြင်းနှင့် ရောဂါအတည်ပြုဖြစ်ရပ်များအတွက် ချက်ချင်းတုံ့ပြန်ခြင်းတို့ကို လိုက်နာဆောင်ရွက်မည်ဖြစ်သည်။

၃။ နိုဝင်ဘာလ ၁၆ရက်နေ့မှ စတင်၍ တွဲဖက်ဝန်ဆောင်မှုများပါရှိသော တရားဝင်အပန်းဖြေဖျော်ဖြေရေးနေရာများ အောက်ဖော်ပြပါ ကပ်ရောဂါကာကွယ်ရေးအစီအမံများနှင့် ကိုက်ညီမှုရှိပါက ဖွင့်လှစ်နိုင်သည်။

(၁) ဘုံအခြေခံမူများနှင့် ကိုက်ညီမှုရှိခြင်း - အများပြည်သူငှာနေရာများတွင် အမည်နှင့် မှတ်ပုံတင်ခြင်း၊ ခန္ဓာကိုယ်အပူချိန်တိုင်းခြင်း၊ စားသောက်ချိန်ကဲ့သို့သော အခြေအနေမျိုးမှလွဲ၍ တစ်လျှောက်လုံးတွင် နှာခေါင်းစည်းတပ်ဆင်ရမည်။ တာဝန်ရှိဝန်ထမ်းများ၏ ကျန်းမာရေးကို စောင့်ကြည့်ခြင်း၊ လေဝင်လေထွက်ကောင်းအောင်လုပ်ဆောင်ခြင်း၊ သန့်ရှင်းရေးကိရိယာများကို လုံလောက်အောင်ထားရှိခြင်း၊ တစ်နေ့ အနည်းဆုံး နှစ်ကြိမ် ပတ်ဝန်းကျင်/ပစ္စည်းများကို သန့်ရှင်းရေးလုပ်ဆောင်ခြင်း အစရှိသဖြင့်။

(၂) တာဝန်ရှိဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် စစ်ဆေးခြင်း

၁။ အနည်းဆုံး ၁၄ ရက်ကြာ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံထားပြီး ဖြစ်ရမည်။

၂။ ပထမဦးဆုံး ဝန်ဆောင်မှုကို မစတင်မီ ၃ ရက်အတွင်း စစ်ဆေးထားသော အန်တီဂျင် အမြန်စစ်ဆေးခြင်း (အိမ်သုံးအမြန်စစ်ဆေးခြင်း အပါအဝင်) သို့မဟုတ် အနုတ်လက္ခဏာ PCR စစ်ဆေးမှုအထောက်အထားကို တင်ပြရမည်။

(၃) လျှောက်လွှာတင်သွားပြီး ဒေသန္တရအစိုးရ၏ ခွင့်ပြုချက်ကို ရယူထားခြင်း

အစားအသောက်၊ ကျေးလက်ရိုးရာ ပြုစုပျိုးထောင်မှု၊ အလှအပနှင့် ကိုယ်ကာယတည်ဆောက်မှု၊ အမြင်အကြားအဆိုအစရှိသည့် ဝန်ဆောင်မှု သို့မဟုတ် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်သူများ သက်ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ သီးခြားစီကိုင်တွယ်ရမည်ဖြစ်သည်။

(၄) လုပ်ငန်းပြန်လည်လည်ပတ်ပြီးနောက် လုပ်ဆောင်ရမည့် စီမံခန့်ခွဲမှု

၁။ ၁၄ ရက်ကြာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီးခြင်းမရှိသော တာဝန်ရှိဝန်ထမ်းများ အပတ်စဥ် တစ်ကြိမ် အန်တီဂျင် အမြန်စစ်ဆေးခြင်း (အိမ်သုံးအမြန်စစ်ဆေးခြင်း အပါအဝင်) သို့မဟုတ် PCR စစ်ဆေးမှုကို လုပ်ဆောင်ရမည်။

၂။ ၁၄ ရက်ကြာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီးသော တာဝန်ရှိဝန်ထမ်းများအနေဖြင့် အပတ်စဥ် တစ်ကြိမ် အန်တီဂျင် အမြန်စစ်ဆေးခြင်း (အိမ်သုံးအမြန်စစ်ဆေးခြင်း အပါအဝင်) သို့မဟုတ် PCR စစ်ဆေးမှုကို လုပ်ဆောင်ရန်မလိုအပ်ပါ။

၃။ ဝယ်ယူသူများ အထဲသို့ မဝင်ရောက်မီ အနည်းဆုံး တစ်ကြိမ် ကာကွယ်ဆေးထိုးနှံထားသော အထောက်အထားကို တင်ပြရမည်။ ထို့အပြင် ၁၄ ရက် ပြည့်ပြီးသော အထောက်အထား ဖြစ်ရမည်။

ညွှန်ကြားရေးစင်တာမှ ကပ်ရောဂါအခြေအနေကို စောင့်ကြည့်ခြင်း၊ ထိန်းချုပ်မှုအစီအမံများကို အတန်အသင့် ဖြေလျှော့ပေးခြင်း၊ နယ်စပ်စောင့်ကြည့်ခြင်းနှင့် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအစီအမံများကို ပိုမိုအားကောင်းလာစေခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အများပြည်သူများအား ကူးစက်ရောဂါကာကွယ်ခြင်းနှင့် လူနေမှုဘ၀အရည်အသွေးကို ထည့်သွင်းစဉ်းစားသောအားဖြင့် လိုက်နာရမည့် တစ်ကိုယ်ရေကာကွယ်ရေးအစီအမံများကို လုပ်ဆောင်ကြရန် ၊ ကပ်ရောဂါကာကွယ်တားဆီးရေးအစီအမံမျိုးစုံကို တက်ကြွစွာပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

top