ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ကျွန်ုပ်တို့နိုင်ငံတော်စီမံကိန်းဖြင့် တင်သွင်းသော သို့မဟုတ် (EUA) မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးတွင် ဝက်ဆဲလ်များ ပါဝင်ခြင်းမရှိပါသဖြင့် ယုံကြည်စိတ်ချစွာ ကာကွယ်ဆေးထိုးနှံခြင်းကို ပြုလုပ်နိုင်ပါသည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/08/18
  • hit:243
ကျွန်ုပ်တို့နိုင်ငံတော်စီမံကိန်းဖြင့် တင်သွင်းသော သို့မဟုတ် (EUA) မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးတွင် ဝက်ဆဲလ်များ ပါဝင်ခြင်းမရှိပါသဖြင့် ယုံကြည်စိတ်ချစွာ ကာကွယ်ဆေးထိုးနှံခြင်းကို ပြုလုပ်နိုင်ပါသည်။

ဗဟိုကပ်ရောဂါညွှန်ကြားရေးစင်တာမှ ယနေ့ (၁၇) ရက်နေ့တွင် လက်ရှိ ကျွန်ုပ်တို့နိုင်ငံတော်စီမံကိန်းဖြင့် တင်သွင်းခွင့်ဖြင့်ပြုထားသော သို့မဟုတ် (EUA) မှ ထုတ်လုပ်ခွင့်ပြုထားသော COVID-19 ကာကွယ်ဆေးတွင် ဝက်ဆဲလ်များပါဝင်ခြင်းမရှိပါကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် AstraZeneca(AZ) ၊ Moderna ၊ Pfizer-BioNTech(BNT) ၊ MVC COVID-19 Vaccine အစရှိသော ကာကွယ်ဆေးများ၏ ထုတ်လုပ်မှုတစ်လျှောက်တွင် ဝက်ဆဲလ်များကို အသုံးပြုထားခြင်းမရှိပါ။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ (၂၀၂၁) ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် AZ ၊ Moderna ၊ BNT အစရှိသော COVID-19 ကာကွယ်ဆေးများသည် ဟလာလ်အစားအစာအသိအမှတ်ပြုလက်မှတ် (Halal) ကို ရရှိပြီးသားဖြစ်သည်။

ညွှန်ကြားရေးစင်တာမှ အခုရက်ပိုင်းအတွင်း၌ အင်ဒိုနီးရှားအလုပ်သမားများအကြား AZ ကာကွယ်ဆေး၏ ပါဝင်ပစ္စည်းအပေါ် သံသယများရှိခဲ့သည့် ကိစ္စနှင့်စပ်လျဥ်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကာကွယ်ဆေးတွင် SARS-CoV-2 ဗိုင်းရပ်စ်ပရိုတိန်း (S protein) ဗီဇ ၏ ပုံတူကူးပွားထားခြင်းမဟုတ်‌သော adenovirus များ ပါဝင်နေပါသည်။ ၎င်းနောက် မျိုးရိုးဗီဇပြုပြင်ထားသော လူသားသန္ဓေကျောက်ကပ်ဆဲလ် (HEK 293) တွင်  Recombinant DNA နည်းပညာကို အသုံးပြုပြီး ကြီးထွားစေပါသည်။ ထုတ်လုပ်မှုတစ်လျှောက်တွင် ဝက်ဆဲလ်များကို အသုံးပြုထားခြင်းမရှိပါကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးစင်တာမှ လက်ရှိတွင် AZ ကာကွယ်ဆေးသည် ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဘာရိန်း၊ အိုမန်၊ အီဂျစ်နှင့် အခြားသော မူဆလင်လူဦးရေအများစုဖြစ်သော နိုင်ငံများတွင် အသုံးပြုလျက်ရှိပြီး များစွာသောအစ္စလာမ်မစ်ကောင်စီမှလည်း မူဆလင်ဘာသာဝင်များ အဆိုပါ ကာကွယ်ဆေးကို ထိုးနှံနိုင်ကြောင်းကို ခွင့်ပြုခဲ့သည်။ ထို့အပြင် Moderna နှင့် BNT အစရှိသော ကာကွယ်ဆေးများသည်လည်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ၊ ဘာရိန်း အစရှိသောနိုင်ငံခြားများ EUA မှ အသုံးပြုခွင့်ပြုထားပြီးဖြစ်သည်။ ကျေးဇူးပြု၍ ယုံကြည်စိတ်ချစွာ ကာကွယ်ဆေးထိုးနှံခြင်းကို ပြုလုပ်ကြပါရန်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

top