ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::


စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/05/17
  • hit:233

ဗဟိုကပ်ရောဂါကာကွယ်ရေးဌာန (Central Epidemic Command Center) မှ ယနေ့ (၁၇) ရက်နေ့တွင် ပြည်တွင်းပြည်ပဆိုင်ရာ COVID-19 ကပ်ရောဂါပြန့်ပွားနေမှုကြောင့် ပြည်တွင်းရှိ ကပ်ရောဂါကာကွယ်ရေး ဘေးကင်းလုံခြုံမှု နှင့် ပြည်သူပြည်သားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းများကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ ထိုင်ဝမ်နိုင်ငံသည် မေလ ၁၉ရက်နေ့ ၀၀:၀၀ အချိန် (ဒေသစံ‌တော်ချိန် လေယာဥ်ပျံသန်းချိန်) မှ စတင်၍  နယ်စပ်ထိန်းချုပ်မှုစည်းမျဥ်းများကို ထုတ်ပြန်ကြေငြာခဲ့သည်။ စည်းမျဥ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။


(၁) ထိုင်ဝမ်နိုင်ငံ၏ နေထိုင်ခွင့်ကဒ်ပြား ကိုင်ဆောင်ထားခြင်းမရှိသော ပြည်ပနိုင်ငံသားများ ပြည်တွင်းသို့ဝင်ရောက်မှုကို ယာယီဆိုင်းငံ့ထားသည်။ အရေးပေါ်အခြေအနေ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုကို ထည့်သွင်းစဥ်းစားရန်လိုအပ်သည့် ခွင့်ပြုထားသောသူများမှအပ။

(၂) ခရီးသည်များ ထိုင်ဝမ်လေဆိပ်၌ ခရီးအကူးအပြောင်းလုပ်ဆောင်မှုကို ယာယီဆိုင်းငံ့ထားသည်။


အထက်ဖော်ပြပါ စည်းမျဥ်းများသည် ဇွန်လ ၁၈ရက်နေ့အထိ ဖြစ်သည်။ ကပ်ရောဂါအခြေအနေနှင့် လုပ်ဆောင်မှုအခြေအနေအပေါ်မူတည်၍ အချိန်နှင့်တပြေးညီ ပြုပြင်ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။

top