ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

“တို့မိသားစု” ရုပ်မြင်သံကြားအစီအစဉ်

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/05/11
  • hit:322

ပြည်ထဲရေးဝန်ကြီးဌာန  နိုင်ငံသားသစ်ဖွံ့ဖြိုးမှုရန်ပုံငွေထောက်ပံ့ရေး၊ ပြည်ထဲ ရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဌာန နှင့် ရုပ်မြင်သံကြားဌာနတို့ အတူတကွထုတ်လုပ်သော “တို့မိသားစု” ရုပ်မြင်သံကြားအစီအစဉ်သည် နိုင်ငံသားသစ်များကို ဝန်ဆောင်မှုပေးရေး၊ လူထုယဉ်ကျေးမှုဗဟုသုတများ တိုးပွားလာရေးနှင့် လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေဖြစ်ရေး စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံသားသစ်နှင့် ၎င်းတို့၏သားသမီးများ လူနေမှုဘဝ၌ ပျော်ရွှင်စွာ နေထိုင်နိုင်စေရန် ကဏ္ဍအသီးသီးမှ တင်ဆက်ပေးသည်။ နိုင်ငံသားသစ်များ ကြိုးစားပမ်းစားရှေ့သို့ချီတက်ခြင်း၊ အိပ်မက်များ အကောင်အထည်ဖော်ခြင်း စသည့် အပြုသဘော ဆောင်ကောင်းမွန်သော စိတ်ဓာတ်များကို ဖြန့်ဝေပေးသည်။ တရုတ်ဘာသာစကားဖြင့် တင်ဆက်သည် သာမက အစီအစဉ်အကြောင်းအရာအလိုက် နိုင်ငံခြားဘာသာ စကားများ စွာဖြင့် စာတန်းထိုးပေးရာ နိုင်ငံအသီးသီးမှ နိုင်ငံသားသစ်များနှင့် ၎င်းတို့၏ မိခင်နိုင်ငံမှ ဆွေမျိုးမိတ်ဆွေများ ကြည့်ရှုရန် အဆင်ပြေစေသည်။


ရုပ်မြင်သံကြား၌ ထုတ်လွှင့်သည့်အချိန် စနစ်ကျစေရုံသာမက လူထုကြည့်ရှု နိုင်ရန် အွန်လိုင်းဗီဒီယိုပလက်ဖောင်းသို့ လည်း လွှင့်တင်ပေးထားသည်။ တစ်ချိန်တည်းတွင် အစီအစဉ်အတွက် သီးသန့်တရားဝင်ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ် (FB) ပရိသတ်အုပ်စု၊ ယူကျု (YouTube) သီးသန့်ဗီဒီယိုလိုင်းတို့ ကိုလည်း ဖန်တီးထားကာ လိုင်း (Line) ၊ အင်စတာဂရမ် (Instagram) ၊ တွစ်တာ (Twitter) စသည့် လူမှုကွန်ရက်မီဒီယာများ အသုံးပြု၍လည်း လူထုပိုမိုကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးထားသည်။

top