ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

လူများဝင်ထွက်သွားလာမှုကြောင့် အန္တရာယ်ရှိမှုအား လျှော့ချနိုင် ရန်အတွက် ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုတို့မှ လူပုဂ္ဂိုလ်များနှင့် အိမ်ထောင်စု စာရင်းမရှိသည့် နိုင်ငံသားများအား (၁၃) ကြိမ်မြောက် ရက် ၃၀ သက်တမ်းတိုးခြင်း

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/03/22
  • hit:258

၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့ (ထိုနေ့အပါအဝင်) မတိုင်မီက ပြည်ဝင်ထားသော၊ ထိုင်ဝမ်၌ တရားဝင်နေထိုင်ရပ်နားပြီး နေထိုင်ရပ်နားခွင့် သက်တမ်း မကျော်လွန်သေးသော ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုတို့မှ လူပုဂ္ဂိုလ်များနှင့် ထိုင်ဝမ်ရှိ အိမ်ထောင်စု စာရင်းမရှိသည့်နိုင်ငံသားများအတွက် ၎င်းတို့ ထိုင်ဝမ်၌ နေထိုင်ရပ်နားသည့်ကာလအား (၁၃) ကြိမ်မြောက် ရက် ၃၀ သက်တမ်းတိုးပေးပါသည်။ ယင်းအတွက် သီးသန့် လျှောက်ထားရန်မလိုအပ်ပါ။ ကိစ္စရပ်အလိုက် သေသေချာချာထည့်သွင်းစဉ်းစားသည်။ ထိုင်ဝမ်၌ ဥပဒေ (စည်းကမ်း) နှင့်မညီညွတ်သူ (သို့မဟုတ်) ပုံမှန်မဟုတ်သည့် အခြေအနေ ကြောင့် နိုင်ငံ (နယ်စပ်) ထွက်ခွာမှု ကန့်သတ်ခံထားရသူများအား အလိုအလျောက် သက်တမ်းမတိုးပေးပါ။ ၎င်းတို့ကို ပြည်ထွက်ရန် ကန့်သတ် ထားဆဲဖြစ်သည်။ အသေးစိတ်အခြေအနေနှင့်စပ်လျဉ်း၍ ဝန်ဆောင်မှုရုံး သို့မဟုတ် “ပြင်ပမှလာရောက်သူများ ထိုင်ဝမ်၌ နေထိုင်ရေးဆိုင်ရာ စုံစမ်း မေးမြန်းရန် ဝန်ဆောင်မှုဟော့လိုင်း (၀၈၀၀-၀၂၄၁၁၁)” သို့ စုံစမ်းမေးမြန်း နိုင်ပါသည်။


ကိစ္စရပ်အကြောင်း ရှင်းလင်းချက်

A (ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုတို့မှ လူပုဂ္ဂိုလ်နှင့် ထိုင်ဝမ်ရှိ အိမ်ထောင်စု စာရင်းမရှိသည့်နိုင်ငံသား ဖြစ်နိုင်သည်) ၏ မူလက ထိုင်ဝမ်၌ တရားဝင် နေထိုင် ရပ်နားခွင့် သက်တမ်းရှိသည့် နောက်ဆုံးရက်မှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့ဖြစ်သည်။ သက်ဆိုင်ရာစနစ်မှ အလိုအလျောက် (၁၂) ကြိမ် သက်တမ်းတိုးပေးသဖြင့် (တစ်ကြိမ်လျှင် ရက် ၃၀ သက်တမ်းတိုးပေးရာ စုစုပေါင်း ၃၆၀ ရက် သက်တမ်းတိုးသည်) ၎င်း၏ တရားဝင် နေထိုင်ရပ်နားနိုင်သည့်ရက်မှာ ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ သက်တမ်း တိုးသွားသည်။ “၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့ (ထိုနေ့အပါအဝင်) မတိုင်မီ ပြည်ဝင်ထားပြီး လက်ရှိ ထိုင်ဝမ်၌ တရားဝင် နေထိုင်ရပ်နားခြင်း” သတ်မှတ်ချက်နှင့် ကိုက်ညီသဖြင့် ဤဌာန၏ (၁၃) ကြိမ်မြောက် အလိုအလျောက် ရက် ၃၀ သက်တမ်းတိုးသည့် အစီအမံအား အသုံးပြုနိုင်ပါသည်။ သို့ဖြစ်ရာ A သည် (၁၃) ကြိမ်မြောက် အလိုအလျောက် ရက် ၃၀ သက်တမ်းတိုးပြီးနောက် ၎င်း၏ တရားဝင် နေထိုင်ရပ်နားနိုင်သည့် နောက်ဆုံးရက်မှာ ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်နေ့မှသည် ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့သို့ ထပ်မံသက်တမ်းတိုးသွားသည်။


top