ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ထိုင်ဝမ်၏ အရည်အသွေးကောင်းမွန်သည့် ဆေးကုသမှုနှင့် အကျိုးပြုမှုများ ဆက်လက် ဆောင်ရွက်မည်၊ မတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံသားမဟုတ်သူများ သတ်မှတ်ချက်နှင့် ကိုက်ညီပါက ထိုင်ဝမ်သို့လာရောက် ဆေးကုသမှုခံယူခြင်း ပြန်လည်ဆောင်ရွက်နိုင်မည်

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/03/15
  • hit:267

ယခု ပြည်တွင်း ကပ်ရောဂါအခြေအနေ တည်ငြိမ်နေပြီး ဆေးကုသပေးနိုင်သည့်အခြေအနေ ရှိသည်ကို ထည့်သွင့်စဉ်းစားသဖြင့် မတ်လ ၁ ရက်နေ့မှစ၍ ကျန်းမာရေးစစ်ဆေးခြင်း၊ အလှအပထိန်းသိမ်းရေးဆေးပညာ စသည့် အရေးပေါ်မဟုတ်သည့် ဆေးကုသရေးတို့မှလွဲ၍ နိုင်ငံတကာမှ ဆေးကုသမည့်လူနာများသည် ဆေးကုသရေးအဖွဲ့အစည်းများမှ ထုတ်ပေးသည့် သက်ဆိုင်ရာအချက်အလက်များ၊ စာရွက်စာတမ်းများဖြင့် ကျန်းမာရေးနှင့်ဖူလုံရေးဝန်ကြီးဌာန ထံ လျှောက်ထားနိုင်ကြောင်း၊ အဆိုပါဝန်ကြီးဌာနမှ ၎င်း၏ ဆေးကုသမှုခံယူရမည့်အနေအထား၊ ကုထုံး ဆက်လက်ဆောင်ရွက်ရမည့်အနေအထား၊ အန္တရာယ်ရှိမှုအနေအထား စသည့်မူများဖြင့် စိစစ်ခွင့်ပြုပေးပြီး ပင်လယ်ရပ်ခြားမှသူများ ထိုင်ဝမ်သို့လာရောက်၍ လိုအပ်သည့် ဆေးကုသရေး ဝန်ဆောင်မှု ခံယူနိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း ဗဟိုကပ်ရောဂါထိန်းချုပ်ရေးစင်တာ (Central Epidemic Command Center) က ပြောကြားသည်။


မိမိတို့နိုင်ငံသည် နိုင်ငံတကာဆေးကုသရေးဝန်ဆောင်မှုများကို ကာလကြာ တွန်းအားပေး ဆောင်ရွက်ပြီး နိုင်ငံအသီးသီးမှ ထိုင်ဝမ်သို့လာရောက် ဆေးကုသမှုခံယူသည့် လူနာများကို ကူညီပေးရာ နိုင်ငံတကာမီဒီယာများ၏ အကြိမ်ကြိမ်သတင်းဖော်ပြခြင်း ခံရပြီး ထိုမှတစ်ဆင့် နိုင်ငံတကာချစ်ကြည်ရေး နက်ရှိုင်းစေခဲ့ကြောင်း ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဗဟိုကပ်ရောဂါထိန်းချုပ်ရေးစင်တာသည် ယခုနှစ် (၂၀၂၁ ခုနှစ်) ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံသားမဟုတ်သူများ ပြည်ဝင်ခြင်းကို ထပ်မံကန့်သတ်ခဲ့ရာ ယင်းကြောင့် ပြည်ပမှ လူနာအချို့သည် ထိုင်ဝမ်သို့ လာရောက်နိုင်ခြင်းမရှိဘဲ ဆေးကုသမှု ပြတ်တောက်ခဲ့ရသည်။ ယခုအခါ ပြည်တွင်းကပ်ရောဂါ အခြေအနေ တည်ငြိမ်လာပြီဖြစ်ပြီး

 “Taiwan can help, and Taiwan is helping!” ဟူသည့်စိတ်ဓာတ်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံသားမဟုတ်သူများ သတ်မှတ်ချက်နှင့်ကိုက်ညီပါက ထိုင်ဝမ်သို့လာရောက် ဆေးကုသမှုခံယူခြင်းကို ပြန်လည်ခွင့်ပြု မည် ဖြစ်သည်။


ထိုင်ဝမ်သို့လာရောက်၍ ဆေးကုသမှုခံယူလိုသူများသည် ၎င်း၏ အိမ်ထောင်ဖက် သို့မဟုတ် တတိယဒီဂရီအဆင့်ဆွေမျိုး (third degree relative) အတွင်းမှ ဆွေမျိုး ၂ ဦး အတူလိုက်ပါရန် လျှောက်ထားနိုင်ကြောင်း၊ လိုအပ်ပါက နေထိုင်သည့်နိုင်ငံမှ ကျန်းမာရေးလုပ်ငန်းဆောင်ရွက်သူ သို့မဟုတ် အခြားအတူလိုက်ပါစောင့်ရှောက်မည့်သူ ၁ ဦး ထပ်တိုးနိုင်ကြောင်း၊ လိုအပ်သည့် စာရွက်စာတမ်းများ၊ အချက်အလက်များမှာ - ဆေးကုသရေးအာမခံသက်သေခံလက်မှတ်၊ ကပ်ရောဂါစစ်ဆေးကြောင်း အတည်ပြုတာဝန်ခံစာ၊ ပြည်ဝင်ခြင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာ (ခရီးစဉ်စာရွက်ပါ လေယာဉ်အချိန် မတိုင်မီ ၃ ရက်အတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ မရှိကြောင်းပါသည့် နျူကလစ်အက်ဆစ် စစ်ဆေးမှု အစီရင်ခံစာ) ၊ လက်ခံကုသပေးသည့် ဆေးကုသရေးအဖွဲ့အစည်းမှ ရေးဆွဲသည့် ပြည်ဝင် ကပ်ရောဂါ ကာကွယ်ရေးအစီအစဉ်၊ ဆေးကုသရေးအစီအစဉ် စသည်တို့ဖြစ်ကြောင်း၊ ဆေးကုသရေး အဖွဲ့အစည်းမှ လျှောက်ထားသူကိုယ်စား ကျန်းမာရေးနှင့်ဖူလုံရေးဝန်ကြီးဌာနသို့ ပြည်ဝင် ဆေးကုသမှု ခံယူခွင့် လျှောက်ထားရမည်ဖြစ်ကြောင်း၊ ဆေးကုသရေးအဖွဲ့အစည်းမှ ကျန်းမာ ရေးနှင့်ဖူ လုံရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် ရရှိပြီးနောက် သက်ဆိုင်ရာ အဖွဲ့ အစည်းသို့သွားရောက်၍ အထူးပြည်ဝင်ခွင့် (လုပ်ငန်းစဉ် ပူးတွဲပါရှိသည်) လျှောက်ထား ရမည်ဖြစ်ကြောင်း ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။


ခွင့်ပြုချက်ရရှိပြီး ထိုင်ဝမ်သို့လာရောက် ဆေးကုသမှုခံယူသူ နှင့်တကွ ၎င်းနှင့်အတူလိုက်ပါ သူသည် ခရီးသည်ရောက်ရှိကြောင်းသတင်းပို့ခြင်း (check in) သို့မဟုတ် လေယာဉ်သို့ တက်ရောက်စဉ် လေကြောင်းကုမ္ပဏီထံသို့ “ခရီးစဉ်စာရွက်ပါ လေယာဉ်အချိန် မတိုင်မီ ၃ ရက်အတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ မရှိကြောင်းပါသည့် နျူကလစ်အက်ဆစ် စစ်ဆေးမှု အစီရင်ခံစာ” ပြသရမည်ဖြစ်ပြီး လေကြောင်းခရီးစဉ်တစ်ခုလုံးအတွင်း နှာခေါင်းစည်း တပ်ဆင်ထားရမည် ဖြစ်ကြောင်း၊ ပြည်ဝင်ပြီးနောက် ထိန်းချုပ်ရေးစင်တာ၏ သတ်မှတ်ချက်အ တိုင်း ၁၄ ရက် အိမ်၌ အသွားအလာကန့်သတ်နေထိုင်ပြီး သတ်မှတ်ရက်ပြည့်မြောက်ပြီးနောက် တို့ဖတ်နမူနာရယူစစ်ဆေးမှုအစီအမံကို ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆေး စစ်ချက်တွင် ရောဂါပိုးကင်းရှင်းပါက ဆေးကုသရေးအဖွဲ့အစည်း၏ ဆေးကုသရေးဝန်ဆောင်မှု ခံယူနိုင်ကြောင်း၊ အကယ်၍ အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သူဖြစ်ပါက ဆေးကုသရေး အဖွဲ့အစည်းမှ သီးသန့်လူနာခန်း သို့မဟုတ် သီးခြားကန့်သတ်ခန်း (Negative-pressure Isolation Room) ၌ နေထိုင်ရန် တိုက်ရိုက်စီစဉ်ပေးနိုင်ကြောင်း၊ ပထမအကြိမ် တို့ဖတ်နမူနာယူ စစ်ဆေးသည့်ရလဒ်တွင် ရောဂါပိုးမရှိပါက ဆေးကုသမှုခံယူနိုင်ကြောင်း၊ သို့သော် ၁၄ ရက် အသွားအလာကန့်သတ်မှုခံယူနေစဉ်အတွင်း ကိုဗစ်-၁၉ သံသယလူနာကဲ့သို့ စောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် လျှောက်ထားသူ၏ ထိုင်ဝမ်တွင်ရှိစဉ်အတွင်း အသွားအလာကန့် သတ်သည့်စရိတ်၊ တို့ဖတ်နမူနာရယူ စစ်ဆေးသည့်စရိတ်၊ ဆေးကုသမှုစရိတ်တို့ကို ကိုယ်တိုင်ကျခံရမည်ဖြစ်ကြောင်း၊ လက်ခံကုသပေးသည့် ဆေးကုသရေးအဖွဲ့အစည်းမှ ၎င်း၏ အသွားအလာကန့်သတ်မှုခံယူခြင်းနှင့် တို့ဖတ်နမူနာရယူ စစ်ဆေးခြင်း အစီအမံများကို တာဝန်ယူကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ကပ်ရောဂါကာကွယ်ရေး တည်ခိုခန်း၊ ကပ်ရောဂါကာကွယ်ရေး အကြိုအပို့၊ ဆေးကုသမှုမခံယူမီ ကိုဗစ်-၁၉ နျူကလစ်အက်ဆစ် စစ်ဆေးရန်အတွက် တို့ဖတ်နမူနာရယူ စစ်ဆေးရန် စီစဉ်ခြင်း၊ ဆေးကုသမှုခံယူရေးအစီအစဉ် စသည့် လိုအပ်သည့်အစီအမံများ ပါဝင်ကြောင်း ထိန်းချုပ်ရေးစင်တာက ထပ်ဆင့်ပြော ကြားသည်။


မိမိတို့နိုင်ငံသည် အရည်အသွေးကောင်းမွန်သည့် ဆေးကုသရေးဝန်ဆောင်မှုနှင့် နိုင်ငံတကာကို အကျိုးပြုသည့်နည်းတူ နယ်စပ်အန္တရာယ် တင်းတင်းကျပ်ကျပ်ထိန်းချုပ်ရေးမူဝါဒကိုလည်း လက်ကိုင်စွဲကြောင်း၊ ထိုင်ဝမ်သို့လာရောက် ဆေးကုသမှုခံယူရန် လျှောက်ထားသူများအတွက် ပြီးပြည့်စုံသည့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးအစီအမံများ ရေးဆွဲ၍ ပြည်ပမှလာရောက်သူများ ပြည်ဝင်ပြီးနောက် ရပ်ကွက်၌ သို့မဟုတ် ဆေးရုံ၌ ကူးစက်နိုင်မည့် အန္တရာယ်ကို နည်းပါးစေကြောင်း၊ နိုင်ငံသားများ ကျန်းမာရေး၊ လုံခြုံရေးအတွက် ဆက်တိုက် ဆောင်ရွက်ကြောင်း၊ နိုင်ငံသားမဟုတ်သူများ ထိုင်ဝမ်သို့လာရောက် ဆေးကုသမှုခံယူရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းလိုပါက ကျန်းမာရေးနှင့်ဖူလုံရေးဝန်ကြီးဌာန နိုင်ငံတကာဆေးကုသမှုစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (၀၂)၂၈၈၅-၁၅၂၈ သို့ ဆက်သွယ်နိုင် ကြောင်း ထိန်းချုပ်ရေးစင်တာက အလေးပေး ပြောကြားသည်။

top