ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုများ
သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုများ
:::

ပည်တွင်းရေး ၀န်ကြီးဌာန။ ။ အီး-အိုင်ဒီ အသစ်ကို ကနဦးရယူရာတွင် အခမဲ့ဖြစ်ခြင်း

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/10/06
  • hit:543

အသစ်ထွက်မည့် အီး-အိုင်ဒီ အသစ်အတွက် ကောက်ခံမည့် ပမာဏနှင့်ပတ်သက်ပြီး ပြည်တွင်းရေးဝန်ကြီးဌာနက ပျောက်ဆုံးခြင်း သို့မဟုတ် အသစ်ထပ်မံထုတ်ပေးရန် လျှောက်ထားခြင်းမှလွဲပြီး ကနဦး အီး-အိုင်ဒီ အသစ် အစားထိုးရယူခြင်း နှင့် ရယူခြင်းတို့အတွက် အခကြေးငွေကောက်ခံလိမ့်မည် မဟုတ်ဟု ထုတ်ပြန်ခဲ့ပါသည်။ လက်ရှိ နိုင်ငံသား အိုင်ဒီကဒ် ထပ်မံ လျှောက်ထားခြင်း နှင့် အစားထိုး ရယူခြင်းများအတွက် ယခင်နှုန်းထားများအတိုင်း မပြောင်းလဲလဲ ကောက်ခံသွားမည် ဖြစ်ပါသည်။ အစားထိုးလျှောက်ထားမှုအတွက် ၅၀ ထိုင်ဝမ်ဒေါ်လာ နှင့် အသစ်ထပ်မံထုတ်ပေးခြင်းအတွက် ၂၀၀ ထိုင်ဝမ်ဒေါ်လာတို့ ဖြစ်ပါသည်။


ပြည်တွင်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံသား အိုင်ဒီကဒ်ကို အီး-အိုင်ဒီ အသစ်သို့ ပြောင်းလဲလိုသူများ နှင့် ကနဦး အီး-အိုင်ဒီ အသစ် ထုတ်ယူသူများအား အခကြေးငွေကောက်ခံလိမ့်မည် မဟုတ်ပါ။ အီး-အိုင်ဒီ အသစ်ကို ထုတ်ယူပြီးသူများ၊ အစားထိုးလျှောက်ထားခြင်း သို့မဟုတ် ထပ်မံလျှောက်ထားခြင်းများအတွက် အခကြေးငွေကောက်ခံသွားမည် ဖြစ်ပါသည်။ 


ပြည်တွင်းရေးဝန်ကြီးဌာနက ပေါင်းစပ် လှုပ်စစ်လိုင်း ပါသော ကဒ်ပြားများသည် လုံခြုံရေးလုပ်ဆောင်ချက်များကို ပိုကောင်းစေပြီး အီး-အိုင်ဒီ အသစ်၏ လုံခြံုရေးလုပ်ဆောင်ချက်များကို တစ်ဆင့်မြှင့်လုပ်ဆောင်စေနိုင်သည့်အပြင် ဗဟို ထုတ်လုပ်ရေး နှင့် ပုံနှိပ်စက်ရုံမှ ပြုလုပ်သဖြင့် လက်ရှိ စက္ကူ အိုင်ဒီကဒ်ပြားများထက် အီး-အိုင်ဒီ အသစ်၏ ကုန်ကျစရိတ်မှာ ပိုများပြားကြောင်း ဖော်ပြထားပါသည်။ စီမံကိန်းတစ်ခုလုံးကို ခြံုငုံသုံးသပ်ပြီး ဒေသန္တရအစိုးရ၏ ကောက်ခံရရှိမှု၊ ထုတ်ဝေမှု နှင့် အခြားအချက်အလက်များကို ထည့်သွင်းစဉ်းစားပြီး အီး-အိုင်ဒီကို ရယူပြီးသူများနှင့် အစားထိုးပေးရန်လျှောက်ထားသူများအား ၃၀၀ ထိုင်ဝမ်ဒေါ်လာ ကောက်ခံသွားမည် ဖြစ်ပါသည်။


အီး-အိုင်ဒီ ပျောက်ဆုံးမှုများအတွက် ထပ်မံထုတ်ပေးရန် တောင်းဆိုသူများအနေဖြင့် အချက်အလက်လုံခြံုရေး အန္တရာယ် နှင့် အတည်ပြုချက်များ၊ စုံစမ်းစစ်ဆေးမှုလုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ရန် လိုအပ်သဖြင့် ပြည်တွင်းရေးဝန်ကြီးဌာနအနေဖြင့် ယင်းကဲ့သို့ တောင်းဆိုသူများထံမှ ထိုင်ဝမ်ဒေါ်လာ ၉၀၀ ကောက်ခံသွားမည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ အီး-အိုင်ဒီ အား အစားထိုးပေးရန် နှင့် ထပ်မံထုတ်ပေးရန် အတွက် ပေးချေရမည့် ပမာဏကို ထပ်မံကြေညာပေးသွားမည် ဖြစ်ပါသည်။ မည်သည့် နယ်ပယ်မှမဆို အကြံဉာဏ်များ နှင့် အကြံပြုချက်များကို လှိုက်လှဲစွာ ကြိုဆိုပါသည်။


ပြည်တွင်းရေးဝန်ကြီးဌာန၏အဆိုအရ လက်ရှိ နိုင်ငံသား အိုင်ဒီကဒ်များအား ထပ်မံထုတ်ပေးရန် နှင့် အစားထိုးထုတ်ပေးရန်အတွက် ပေးချေရမည့် ပမာဏမှာ မူလနှုန်းထားအတိုင်းဖြစ်ပါသည်။ အစားထိုးလျှောက်ထားမှုအတွက် ၅၀ ထိုင်ဝမ်ဒေါ်လာ နှင့် အသစ်ထပ်မံထုတ်ပေးခြင်းအတွက် ၂၀၀ ထိုင်ဝမ်ဒေါ်လာတို့ ဖြစ်ပါသည်။


top