ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ဘဝနှင့်သက်ဆိုင်သည့် ဆွေးနွေးလမ်းညွှန်ခြင်းဆိုင်ရာ သင်ရိုး
ဘဝနှင့်သက်ဆိုင်သည့် ဆွေးနွေးလမ်းညွှန်ခြင်းဆိုင်ရာ သင်ရိုး
:::

အမြဲတမ်းနေထိုင်သူ အသစ်များ၏ ဘေးကင်းလုံခြုံရေးအတွက် တင်းကြပ်စွာစစ်ဆေးမည်၊ ကောင်းရှံု ၏ ကောင်းရှံု စီရှမ်းခရိုင် မော်တော်ကားစခန်း က ယာဉ်မောင်းလိုင်စင် ရယူရန် အစစ်ခံမည့်သူများအား လမ်းညွှန်ချက်များပေးခြင်း

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:南部
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/18
  • hit:1185

၂၀၂၀ ရှိ ထိုင်ဝမ်သည် မတူကွဲပြားမှုများစွာရှိသော လူမှုအဖွဲ့အစည်း ဖြစ်ပါသည်။ ယင်းမတူညီသော လူမျိုးအုပ်စုများကြားတွင် အမြဲတမ်းနေထိုင်သူ အသစ်များသည် အထိုက်အလျောက်အခွင့်အရေးမရသလိုဖြစ်နေပါသည်။ နေ့စဉ်လူမှုဘဝတွင် “သွားလာရေး” ဆိုင်ရာ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန်၊ သက်တောင့်သက်သာဖြစ်စေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့် ဆက်စပ်ဗဟုသုတများရရှိပြီး ထိုင်ဝမ်နိုင်ငံတွင် ဘေးကင်းစွာ ယာဉ်မောင်းနှင်နိုင်ရန်အတွက် စီရှမ်းခရိုင် မော်တော်ကားစခန်းက လတ်တလောတွင် အမြဲတမ်းနေထိုင်သူအသစ်များ ယာဉ်မောင်းလိုင်စင် ရယူရန် စစ်ဆေးခြင်းနှင့်ပတ်သက်ပြီး သင်တန်းပေးခဲ့ပါသည်။ကောင်းရှံု စီရှမ်း ခရိုင် မော်တော်ကားစခန်း ၏ အကြီးအကဲ ရန် ချိုင်-ဝှေက အမြဲတမ်းနေထိုင်သူအသစ်များသည် ထိုင်ဝမ်နိုင်ငံ၏ ဘာသာစကားနှင့် မနီးစပ်သဖြင့် ယာဉ်မောင်းလိုင်စင်အတွက် စစ်ဆေးခံရာတွင် အခက်အခဲများစွာရှိနေကြောင်း ပြောပြခဲ့ပါသည်။ လိုင်စင်မရှိဘဲ ယာဉ်မောင်းပါက အန်တီဒေါ်လာ ၆၀၀၀ မှ အန်တီဒေါ်လာ ၁၂၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ပြီး မော်တော်ယာဉ်မတော်တဆဖြစ်ခဲ့လျှင် အတိုက်ခံရသူဖြစ်လင့်ကစား အပြစ်ဒဏ်ပေးခံရမည့်သူ ဖြစ်လာနိုင်ပါသည်။ အမြဲတမ်းနေထိုင်သူအသစ်များ ယာဉ်မောင်းလိုင်စင်ရရှိစေရန် ကူညီရန် ဘေးကင်းလုံခြံုစွာ ယာဉ်မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း ၊ ဖြေဆိုရန်အတွက် ကွန်ပြူတာအသုံးပြုခြင်း စသည့်တို့အကြောင်း သင်ကြားသည့် “အမြဲတမ်း နေထိုင်သူအသစ်များ မော်တော်ဆိုက်ကယ် စာမေးပွဲ အတွက် လမ်းညွှန်သင်တန်း”ကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။ ထို့အပြင် သင်တန်းတွင် အမြဲတမ်းနေထိုင်သူအသစ်များကို ကူညီပြီး “မော်တော်ဆိုက်ကယ် စာမေးပွဲအတွက် မေးခွန်းဘဏ် အက်ပ်စ်”ကို ဒေါင်းလုပ်ဒ်လုပ်ပေးခဲ့ပါသည်။ တရုတ်စာကို ကောင်းစွာမတတ်သောသူများအတွက် မေးခွန်းဘဏ်ကို ၎င်းတို့၏ မိခင်ဘာသာစကားနှင့် လေ့ကျင့်နိုင်ရန် ရွေးချယ်နိုင်သဖြင့် အမြဲတမ်းနေထိုင်သူအသစ်များသည် အစမ်းစာမေးပွဲများကို မည်သည့်နေရာတွင်မဆို အကြိမ်ကြိမ်ဖြေဆိုနိုင် စေပါသည်။ ဝန်ဆောင်မှုများလိုအပ်သည့် အမြဲတမ်းနေထိုင်သူအသစ်များအား ဝင်ရောက်အသုံးပြုရန်ကြိုဆိုပြီး မှတ်ပုံတင်ရန် ဟော့လိုင်း ၀၇-၆၆၁၃၇၁၁၊ လိုင်းခွဲ ၂၀၁ သို့ဖုန်းဆက်ပြီး ဌာနခွဲ အရာရှိ ဇန်ကိုလည်း မေးမြန်းနိုင်ပါသည်။ဗီယက်နမ်နိုင်ငံမှ ပြောင်းရွှေ့နေထိုင်သူ မစ္စချမ်က သူမသည် မော်တော်ဆိုက်ကယ် ယာဉ်မောင်းလိုင်စင် စာမေးပွဲကို နှစ်ကြိမ်ဖြေဆိုပြီး ဖြစ်သည်ဟု ပြောပြပါသည်။ စာမေးပွဲတွင် မေးထားသည့် မေးခွန်းများကို မဖတ်တတ်သဖြင့် စာမေးပွဲကို အောင်မြင်အောင်ဖြေဆိုရန် ယုံကြည်ချက်မရှိဖြစ်နေပါသည်။ ယခင်က နောက်ထပ်မဖြေဆို တော့ဟု စဉ်းစားခဲ့ဖူးပါသည်။ ကံကောင်းထောက်မစွာဖြင့် စီရှမ်း ခရိုင် မော်တော်ကားစခန်း ထံမှ လမ်းညွှန်ချက်နှင့် အားပေးမှုများကို ရရှိခဲ့ပြီး စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ကာ ယာဉ်မောင်းလိုင်စင်ကို ရရှိနေပြီ ဖြစ်ပါသည်။

top