ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

107ခုနှစ်နေထိုင်သူသစ်နေထိုင်မှုလိုအပ်ချက်စစ်တမ်းအကျဉ်းချုပ်အစီရင်ခံစာ

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/06
  • hit:638

ပြည်ထဲရေးဝန်ကြီးှဌာနနေထိုင်သူသစ်စောင့်ရှောက်ဝန်ဆောင်မှုအစီအမံအတွက် 2003ခုနှစ်တွင် ကျင်းပသည့်「နိုင်ငံခြားသားနှင့်ပြည်မကြီး အိမ်ထောင်ဖက် စောင့်ရှောက် လမ်းညွှန်မှုအစီအမံလုပ်ငန်းခွဲဝေမှုသုတေသနဇယား」သက်ဆိုင်ရာကိစ္စရပ်အစည်းအဝေး၊ နေထိုင်သူသစ် လူနေမှုအခြေအနေ စုံစမ်းရန်ဆုံးဖြတ်ခဲ့သည်။ 2003ခုနှစ် ပထမအကြိမ်စစ် တမ်း ကောက်ယူပြီးနောက်5နှစ်တစ်ကြိမ်ပြ ုလုပ်ခဲ့သည်၊ ဤအကြိမ်သည် ထိုင်ဝမ်ရှိ နေထိုင်သူသစ်လူနေမှုအခြေအနေအပေါ်စတုတ္ထမြောက်အကြိမ်စစ်တမ်းဖြစ်သည်။2003 ခုနှစ်မှစ၍နေထိုင်သူသစ်စောင့်ရှောက်မှုအမျိုးမျိုးကိုအကြိမ်ကြိမ်ပြန်လည်ပြင်ဆင်ခဲ့ပြီး နေ ထိုင်သူသစ်ထိုင်ဝမ်တွင်နေထိုင်မှု၊အလုပ်အကိုင်ဆိုင်ရာဥပဒေများနှင့်စည်းမျဉ်းစည်းကမ်း များသည်အချိန်ကြာလာသည်နှင့်အမျှပြောင်းလဲလာခဲ့သည်၊စီမံခန့်ခွဲမှုနှင့်စည်းမျဉ်းရှုထောင့်မှလူမှုရေးအခြေအနေနှင့်နိုင်ငံဖြတ်ကျော်လက်ထပ်မှု့နှစ်ဖက်စလုံး၏အရည်အသွေးသည် ရင့်ကျက်လာသည်နှင့်အမျှနောက်ဆက်တွဲစစ်တမ်းကောက်ယူမှုများသည်နေထိုင်သူသစ်အရည်အသွေးပြောင်းလဲမှုများကိုပင်တွေ့မြင်နိုင်သည်။ဤစစ်တမ်းနယ်ပယ်အရထိုင်ဝမ်နှင့်ဖူကျန့်ဒေသများရှိမြို၊ခရိုင်များ(မြို့များ)ဖြစ်သည်၊ စစ်တမ်းကာလကို2018ခုနှစ်8လ21ရက်မှ12လ20ရက်ထိအကောင်အထည်ဖော်မည်ဖြစ် ပြီး၊2019ခုနှစ်5လ13မှ6လ30ရက်ထိဖြည့်စွက်ချက်နမူနာပုံစံတွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည်၊စစ်တမ်းကောက်စဉ်2017ခုနှစ်12လ31ရက်ထိဖြေကြားသူများသည်နိုင်ငံခြားသားတရားဝင်နေထိုင်ခွင့်ဗီဇာ၊နိုင်ငံခြားအိမ်ထောင်ဖက်အမြဲတမ်းနေထိုင်ခွင့်ပါမစ်ရှိသူများဖြစ်သည်၊ နိုင်ငံသားကိုင်ဆောင်ထားသည့်နိုင်ငံခြားအိမ်ထောင်ဖက်နှင့်ထိုင််ဝမ်တွင်နေထိုင်ခွင့်နှင့် နေ ထိုင်(သို့)အိမ်ထောင်စုစာရင်းမှတ်ပုံတင်ရှိဟောင်ကောင်၊မကာအိုနှင့်ပြည်မကြီးအိမ်ထောင် ဖက်သည်စုံစမ်းခံရသူဖြစ်၍2နှစ်အထက်ဝင်ထွက်ခဲ့သောနေထိုင်သူသစ်များမပါ18,260ဦးပြီးစီးခဲ့သည်။ယခုနှစ်စစ်တမ်းမှတစ်ဆင့်ထိုင်ဝမ်၌နေထိုင်သူသစ်နေထိုင်မှုလိုက်လျောညီထွေ ဖြစ်မှု၊မိသားစုဆက်ဆံရေး၊အလုပ်အကိုင်၊သားသမီးသွန်သင်မှုအခြေအနေ၊လက်ရှိနေထိုင်မှုလိုက်လျောညီထွေမှုလိုအပ်ချက်များအားအစိုးရအုပ်ချုပ်ရေးနှင့််အနာဂတ်ဝန်ဆောင်မှုများကိုမြှင့်တင်ရန်အတွက်ဆက်စပ်ယူနစ်များကိုးကား၊ကျွန်ုပ်တို့နိုင်ငံလူ့အဖွဲ့အစည်းယဉ်ကျေးမှုပေါင်းစုံနှင့်ပေါင်းစပ်၍ပတ်ဝန်းကျင်အရည်အသွေးမြှင့်တင်ရန်၊လက်ထပ်ရွှေ့ပြောင်းတိုင်းရင်းသားအုပ်စုများကြားအတူတကွချမ်းသာကြွယ်ဝမှုကိုမြှင့်တင်ရန်ပို၍တန်းတူညီမျှဆက်ဆံပါ၊ဤစစ်တမ်း၏အရေးကြီးသောတွေ့ရှိချက်များကိုအောက်တွင်အကျဉ်းချုပ်ဖော်ပြထားသည်။I. နေထိုင်သူသစ်အသွင်အပြင်

ဤစစ်တမ်းအရနေထိုင်သူသစ်18,260ဦးနေထိုင်သူသစ်များ၏အကျိုးသက်ရောက်သော နမူနာပုံစံအရေအတွက်အားအောက်ပါအတိုင်းခွဲခြမ်းစိတ်ဖြာပြီးဖော်ပြထားပါသည်:

1. အခြေခံအချက်အလက်

ကျွန်ုပ်နိုင်ငံတွင်နေထိုင်သူသစ်ဦးရေအများစုမှာအမျိုးသမီးများ(92.5%)ဖြစ်ပြီး၊အသက် အရွယ်အားဖြင့်35နှင့်54နှစ်ကြား(70.1%)ဖြစ်သည်၊ထိုင်ဝမ်မလာမှီပညာရေးအဆင့်သည် အလယ်တန်း(30.3%)၊အထက်တန်း(အသက်မွေးဝမ်းကျောင်း)(34.3%)စသည့်အလယ်အလတ်အဆင့်များသည်၊10.0%ထိုင်ဝမ်သို့ရောက်ရှိပြီးထိုင်ဝမ်ပညာရေးကိုပြီးဆုံးအောင်ရရှိခဲ့ ပြီး96.3%သည်ကျန်းမာရေးကောင်းသည်။နှစ်တစ်နှစ်နိုင်းယှဉ်မှုအရကျွန်ုပ်နိုင်ငံတွင်နေထိုင်သူသစ်များမှာအဓိကအားဖြင့်အမျိုးသမီးများဖြစ်သည်ကိုတွေ့ရပြီးယခုနှစ်စစ်တမ်းတွင်အမျိုးသားဦးရေအနည်းငယ်တိုးလာသည်။အသက်15-24နှစ်တွင်းရှိလူငယ်များကျဆင်းနေပြီးအသက်အရွယ်အပိုင်းအခြားမှာအသက်35-54နှစ်ကြားကလေးမွေးဖွားသောအမျိုးသမီးများကလွှမ်းမိုးထားသည်။

2. ထိုင်ဝမ်တွင်နေထိုင်ခြင်းနှင့်အိမ်ထောင်ရေးအခြေအနေ

64.6%နေထိုင်သူသစ်ထိုင်ဝမ်တွင်နေထိုင်ချိန်ကာလ10နှစ်အထက်ရှိသည်၊အရှေ့ တောင်အာရှနိုင်ငံ(66.7%)၊ပြည်မကြီးအိမ်ထောင်ဖက်(66.1%)အချိုးသည်ပိုမြင့်သည်၊ အခြားနိုင်ငံအိမ်ထောင်ဖက်ထိုင်ဝမ်တွင်နေထိုင်ကာလသည်5နှစ်အောက်25.4%ရှိသည်။ 90.1%နေထိုင်သူသစ်အိမ်ထောင်ရေးထဲရောက်ရှိနေသောအခြေအနေဖြစ်ပါသည််။34.1% နိုင်ငံဖြတ်ကျော်လက်ထပ်ခြင်းမှတဆင့်မူလနိုင်ငံရှိဆွေမျိုးသူငယ်ချင်းထံမှမိတ်ဆက်ပေးခြင်း၊အလုပ်နှင့်ဆက်စပ်သိရှိခြင်းမှာ34.1%ဖြစ်သည်။အရှေ့တောင်အာရှနိုင်ငံအိမ်ထောင်ဖက်၊ ပြည်မကြီးအိမ်ထောင်ဖက်မှတဆင့်မူလနိုင်ငံရှိဆွေမျိုးသူငယ်ချင်းမှမိတ်ဆက်ပေးမှုနှုန်းပိုမို မြင့်ပြီး၊32.2%နှင့်39.5%အသီးသီးရှိသည်၊အရှေ့တောင်အာရှနိုင်ငံအိမ်ထောင်ပြ ုခြင်းဆိုင်ရာဝန်ဆောင်မှု (29.2%) အချိုးသည် အခြားနိုင်ငံထက်ပိုမြင့်သည်၊ ဟောင်ကောင်မကာအို အိမ် ထောင်ဖက်များသည်လုပ်ငန်းခွင်မှတဆင့်ဆက်စပ်သိရှိ၍37.4%နှင့်37.4%အသီးသီးရှိကြ သည်။နှစ်တစ်နှစ်နိုင်းယှဉ်မှုအရ ထိုင်ဝမ်တွင်10နှစ်အထက်နေထိုင်သည့်နှုန်းသည်2003ခုနှစ် စစ်တမ်းတွင် 44.4%မှယခုနှစ်၏ 64.6%သို့တိုးလာသည်။ ၎င်းတို့အနက် 12.6%သည် ထိုင်ဝမ်တွင်နှစ်20ကျော်နေထိုင်ခဲ့ပြီးဘဝနှင့်လိုက်လျောညီထွေရှိခြင်း၊သားသမီးပြုစုပျိုး ထောင်ကြီးပြင်းလာခြင်း၊မိသားစုဝင်၊အိမ်ထောင်ဖက်သေဆုံးခြင်းနှင့်စတင်ရင်ဆိုင်နေရ သည်၊စာတမ်းဖတ်ပွဲဆွေးနွေးမှုမှမိသားစုပိုင်ဆိုင်မှုအမွေဆက်ခံခြင်း၊ဝေငှခြင်းတို့လေ့လာ နိုင်ခြင်းစသည့်အခွင့်အရေးပြဿနာများသည်နေထိုင်သူသစ်ဘဝတွင်ခေါင်းစဉ်သစ်ဖြစ် လာပြီးအချို့နေထိုင်သူသစ်များသည်သက်ကြီးရွယ်အိုမိသားစုဝင်စောင့်ရှောက်မှုပြဿနာနှင့်ကြံ ုတွေ့နေရသည်။

II. ထိုင်ဝမ်ရှိနေထိုင်မှုဘဝခြုံငုံသုံးသပ်ချက်

ယာဉ်မောင်းလိုင်စင်သည်ထိုင်ဝမ်တွင်နေထိုင်သူသစ်များအတွက်အဓိကကျသည့်လိုင်စင်ဖြစ်သည်၊ဆိုင်ကယ်လိုင်စင် 100လျှင်59ဦး၊ ကားလိုင်စင် 100လျှင်38ဦးက လိုင်စင်ကိုင် ထားသည်၊ သို့သော် ပြည်မကြီးအိမ်ထောင်ဖက်များသည်နည်းပညာလိုင်စင်ရရှိနှုန်းမြှင့် (လူ 100လျှင်9ဦးရှိသည်)။နှစ်တစ်နှစ်နိုင်းယှဉ်မှုအရကျွန်ုပ်တို့နိုင်ငံသည်ယာဉ်မောင်းလိုင်စင် သင်တန်းတွင်ပါဝင်ရန်စောင့်ရှောက်ဝန်ဆောင်မှုအစီအမံနှင့်ဘာသာစကားမျိုးစုံအသုံးပြ ုနိုင်သည့်အစီအမံများထိရောက်မှုရှိကြောင်းတွေ့ရသည်။ယာဉ်မောင်းလိုင်စင်ရာခိုင်နှုန်းသည် နှစ်စဉ်တိုးလာသည်သာမက၊ကား(သို့)ဆိုင်ကယ်လိုင်စင်မည်သို့ပင်ရှိစေကာမူနောက်ဆုံးစစ်တမ်း3ခုတွင်ကိုင်ဆောင်မှုနှုန်းပျမ်းမျှလူဦးရေနှုန်း100လျှင်10ဦးထိတိုးမြှင့်လာသည်။

နေထိုင်သူသစ်ထိုင်ဝမ်ရှိအာမခံ အမျိုးသားကျန်းမာရေးအာမခံသည်လူဦးရေ 100 လျှင် 97ဦးထိအများဆုံးဖြစ်သည်;အလုပ်သမားအာမခံပျမ်းမျှအာမခံနှုန်းမှာ လူဦးရေ 100 လျှင် 52ဦးထိတိုးလာသည်၊ 2008ခုနှစ်တွင်၁၆%နှင့် 2013တွင် ၃၀%မှ၅၂% သို့ တိုးမြှင့်လာ၍ နေထိုင်သူသစ်များအတွက်အလုပ်သမားကာကွယ်စောင့်ရှောက်မှုတိုးတက်လာသည်ကိုပြသည်။III. အလုပ်သမားအခြေအနေ

1. အလုပ်သမားပါဝင်မှုအခြေအနေ

ဤအကြိမ်စစ်တမ်း အကျိုးသက်ရောက်မှုအားဖြင့် 18,260အနက် နေထိုင်သူသစ် လုပ် သား အင်အားပါဝင်မှုနှုန်းမှာ 70.92%၊အလုပ်လက်မဲ့1.22%ရှိသည်။သာမန်ပြည်သူလုပ်သား အင်အားပါဝင်မှုနှုန်းမှာ5နှစ်တွင်းပျမ်းမျှ58.54%~58.99%ဖြစ်ပြီးသာမန်ပြည်သူများထက်မြင့် ပြီး နေထိုင်သူသစ်လုပ်သားအင်အားအလုပ်လက်မဲ့နှုန်းမှာအနည်းငယ်မျှသာရှိသည်။

2. အလုပ်အကိုင်အခြေအနေ

နေထိုင်သူသစ်များသည်ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင်(31.7%)၊ဟိုတယ်နှင့်စား သောက်ကုန်လုပ်ငန်း(23.4%)အဓိကအားထားလုပ်ကိုင်ကြသည်၊ဝန်ဆောင်မှုနှင့်အရောင်း ဝန်ထမ်း(37.0%)၊အခြေခံနည်းပညာလုပ်သားနှင့်အလုပ်သမားလုပ်သား(26.4%)ဖြစ်သည်။အလုပ်အကိုင်အခွင့်အလမ်းသည်အဓိကအားဖြင့်ပုဂ္ဂလိကအလုပ်အကိုင်76.4%နှင့်ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများမှာ15.3%ဖြစ်သည်၊အလုပ်ဝင်ငွေအရလစဉ်လစာ(57.5%)လစာ တွက်ချက်မှုအဓိကနည်းလမ်းဖြစ်ပြီး၊အဓိကဝင်ငွေမှာအများအားဖြင့်2သောင်းမှ3သောင်း မပြည့် (52.1%)ဖြစ်သည်။

နှစ်တစ်နှစ်နိုင်းယှဉ်မှုအရနေထိုင်သူသစ်လေးကြိမ်စစ်တမ်းသည်ယေဘုယျအားဖြင့် စက်မှုလုပ်ငန်းတွေနှင့်ကိုက်ညီသည်၊ဝန်ဆောင်မှုလုပ်ငန်းအချိုးမှာ၅၀%ကျော်ရှိသည်။ 2018ခုနှစ် 「ဟိုတယ်နှင့်စားသောက်ကုန်လုပ်ငန်း」၊「ပညာရေးလုပ်ငန်း」အချိုးနှုန်းမှာ အနည်းငယ်မြှင့်တက်ခဲ့သည်;အလုပ်အကိုင်အရ2008ခုနှစ်စစ်တမ်းသည်「အခြေခံ နည်း ပညာလုပ်သားနှင့်အလုပ်သမားလုပ်သား」၊「ဝန်ဆောင်မှုနှင့်အရောင်းဝန်ထမ်း」နှစ်မျိုး ခွဲခြားထားသည်၊2013ခုနှစ်တွင်「စက်ကိရိယာလည်ပတ်ခြင်းနှင့်တပ်ဆင်ခြင်းဝန်ထမ်းများ」လျင်မြန်စွာကြီးမားလာသည်ကိုတွေ့ရှိနိုင်သည်၊2018ခုနှစ်ဖြန့်ဖြ ူးမှုှုသည်2013ခုနှစ်နှင့်ဆင်တူသည်။

အဓိကအလုပ်ဝင်ငွေကိုနှစ်တစ်နှစ်နှိုင်းယှဉ်မှုအရ 2သောင်းအောက်အချိုးသည် 2008 ခုနှစ်တွင်67.6% ၊2013ခုနှစ်တွင်50.5% ၊ 2018ခုနှစ်22.3%သို့ကျဆင်းခဲ့သည်။နေထိုင်သူ သစ်လစာသည်တဖြည်းဖြည်းတိုးမြှင့်လာသည်၊လက်ရှိအခြေအနေတွင်အဓိကအလုပ်ဝင် ငွေ၏ထက်ဝက်ကျော်သည်2သောင်းမှ3သောင်းမပြည့်ခဲ့ပါ၊ထို့ပြင်နေထိုင်သူသစ်၏၂၀% သည်အဓိကဝင်ငွေ 3 သောင်းကျော်ထိရောက်ရှိလာသည်။

3. အလုပ်ကျေနပ်မှုနှုန်းနှင့်အလုပ်ပြဿနာ

နေထိုင်သူသစ်89.8%သည်လက်ရှိအလုပ်အခြေအနေများကိုကျေနပ်ကြပြီး၊10.2% သည်ကျေနပ်မှုမရှိပါ။ယေဘုယျအားဖြင့်နေထိုင်သူသစ်ထိုင်ဝမ်တွင်အလုပ်လုပ်ရာ၌ဒုက္ခမ တွေ့သူမှာ71.7%ထိရှိပြီး၊ဒုက္ခရောက်သူများသည်အဓိကအားဖြင့်လစာအလွန်နည်း(လူ 100 လျှင်15ဦး)၊အလုပ်ချိန်ရှည်(လူ100လျှင်7ဦး)သည်အကြီးမားဆုံးအလုပ်အကိုင်ပြဿနာဖြစ် ပြီးနောက်ဆက်တွဲမှာတရုတ်စာတတ်မြောက်မှုနှင့်စာအရေးအသားစွမ်းရည်(လူ100လျှင်5ဦး)၊မိသားစုလိုအပ်ချက်များကိုဖြည့်ဆည်းနိုင်သောအလုပ်ချိန်(လူ100လျှင်4ဦး)၊တရုတ်စကားပြောစွမ်းရည်အားနည်းခြင်း(လူ100လျှင်4ဦး)၊လုပ်ငန်းခွင်နှင့်ရင်းနှီးမှုနည်းခြင်း(သို့) ခွဲခြား ဆက်ဆံခြင်းကြောင့်(လူ100လျှင် 4ဦးရှိ)စသည်တို့ဖြစ်သည်။

4. အလုပ်အကိုင်ဝန်ဆောင်မှုနှင့်အသက်မွေးဝမ်းကျောင်းသင်တန်းလိုအပ်ချက်

နေထိုင်သူသစ်အလုပ်အကိုင်ရှာဖွေရေးလမ်းကြောင်း「ထိုင်ဝမ်ဆွေမျိုးမိတ်ဆွေ(အိမ် ထောင်ဖက်အပါ)အကြံပြုခြင်း」(လူ100လျှင်40ဦးရှိ)၊「ထိုင်ဝမ်ရှိဇာတိမြေဆွေမျိုးမိတ်ဆွေ အကြံပြ ု」(လူ100လျှင်23ဦး)၊「ကိုယ်ပိုင်လုပ်ငန်း」(လူ100လျှင်16ဦး)နှင့်「သတင်းစာ နှင့်ကြော်ငြာအသီးသီးမှာ」(လူ100လျှင်14ဦး)ပိုများသည်။နေထိုင်သူသစ်အလုပ်ရှာရန် ခက် ခဲသူ17.7%၊ပြည်မကြီအိမ်ထောင်ဖက်များခက်ခဲမှုနှုန်းပိုမြင့်၊ အဓိကပြဿနာများမှာ「အလုပ် ခွင်ခွဲခြားဆက်ဆံမှု」(လူ100လျှင်30ဦး)၊ 「အလုပ်ရှင်များသည်မှတ်ပုံတင်မရှိခြင်းကြောင့် အလုပ်မခေါ်ခြင်း」(လူ100လျှင်29ဦး)၊ နိုင်ငံခြားအိမ်ထောင်ဖက်ဘာသာစကားပြောဆိုမှုနှင့် စာတတ်မြောက်မှုစွမ်းရည်သည်အလုပ်ရှာရန်အဓိကပြဿနာကြောင့်၊ ပျမ်းမျှလူ100လျှင် 40 ဦးကျော်ရှိသည်။

နေထိုင်သူသစ်အလုပ်အကိုင်ဝန်ဆောင်မှုလိုအပ်ချက်သည်「အသက်မွေးဝမ်းကြောင်း သင်တန်းအခမဲ့ပါဝင်ခြင်း」(လူ100လျှင်21ဦး)၊「သက်မွေးဝမ်း ကျောင်းသင်တန်းကာလတွင်း ပါဝင်ရန်လူနေမှုစရိတ်ထောက်ပံ့ပေးခြင်း」(လူ100လျှင်12 ဦး ရှိ)သည်။5. စီးပွားစွမ်းဆောင်ရှင်စိတ်အားထက်သန်မှုနှင့်အရန်လိုအပ်ချက်

စီးပွားရေးလုပ်ငန်းစတင်ရန်စိတ်အားထက်သန်မှုအတွက်လက်ရှိနေထိုင်သူသစ်15.9%မှာလုပ်ငန်းစတင်ရန်ရည်ရွယ်ထားပြီးလုပ်ငန်းရှင်များစက်မှုလုပ်ငန်းလုပ်ကိုင်ရန်မျှော်မှန်းထားသည်၊ပြည်မကြီးနှင့်အရှေ့တောင်အာရှအိမ်ထောင်ဖက်အများစုသည်ဟိုတယ်နှင့်စား သောက်ကုန်လုပ်ငန်း(လူ100လျှင်ပျမ်းမျှ56ဦးအထက်)၊အခြားဝန်ဆောင်မှုလုပ်ငန်း(လူ100လျှင်16ဦးထက်ပိုသောလူဦးရေသည်)အများအားဖြင့်;ဆွေးနွေးလေ့လာမှုမှ ထိုင်ဝမ်တွင် နေထိုင်သူသစ်အသေးစားစီးပွားရေးလုပ်ငန်းများကိုစတင်လုပ်ကိုင်ကြသည်၊အများစုမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သည်၊အရှေ့တောင်အာရှနေထိုင်သူသစ်များသည်လက်ရှိမွေးရပ် ဇာတိမြိ ု့အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုများ၌ရင်းနှီးမြှုပ်နှံကြသည်၊ပြည်မကြီး ဒေသနေထိုင်သူသစ်များသည်ကနဦးကုန်ကျစရိတ်သက်သာသည့်အီးကုန်သွယ်မှုကုမ္ပဏီကလွှမ်းမိုးသည်။အစိုးရမှပေးသည့်စီးပွားရေးလုပ်ငန်းထောက်ပ့ံစီမံကိန်းများလုပ်ဖို့မျှော်လင့်သည်မှာ 「စီးပွားစွမ်းဆောင်ရှင်ချေးငွေထောက်ပံ့ငွေ」လူ100လျှင်အများဆုံး68ဦးရှိပြီး၊「စီးပွား စွမ်းဆောင်ရှင်သင်တန်း」လူ100လျှင်62ဦးနှင့်「စီးပွားရေးဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ်」လူ100 လျှင်45ဦးရှိသည်။

IV. မိသားစုအခြေအနေနှင့်သားသမီးပြုစုပျိုးထောင်ခြင်း

1. ထိုင်ဝမ်အိမ်ထောင်ဖက်(နိုင်ငံသား)အုပ်စုလိုက်အသွင်အပြင်ပုံစံ

ထိုင်ဝမ်အိမ်ထောင်ဖက်(နိုင်ငံသား)ပညာရေးစနစ်တွင်အများစုသည်အထက်တန်း ပညာရေးရှိပြီး(အထက်တန်းကျောင်းအလုပ်အကိုင်သည်40.2%)ဖြစ်ပြီး၊76.9%မှာဦးဆုံး လက်ထပ်ကြပြီး၊အရှေ့တောင်အာရှ၊ပြည်မကြီးရှိထိုင်ဝမ်ကြင်ဖော်များ(နိုင်ငံသား)၏ဒုတိယအကြိမ်လက်ထပ်နှုန်းသည်၂၀%ထက်ကျော်ပြီး၊ 20.7%နှင့် 26.1% အသီးသီးရှိသည်။

82.8%ဖြေကြားသူများ၏ထိုင်ဝမ်ကြင်ဖော်များ(နိူင်ငံသား)သည်အလုပ်တွင်ပါဝင်ပြီး အဓိကအားဖြင့်လုပ်ငန်းခွင်တွင်လုပ်ခလစာများရကြသည်။အဓိကစက်မှုလုပ်ငန်းများမှာကုန်ထုတ်လုပ်မှု(31.1%)၊ဆောက်လုပ်ရေးအင်ဂျင်နီယာ(13.5%)၊လက်ကားနှင့်လက်လီ ရောင်းချသူများ(11.6%)၊အလုပ်အကိုင်များမှာဝန်ဆောင်မှုနှင့်အရောင်းဝန်ထမ်း(20.5%)၊ စက်ယန္တရား၊စက်ပစ္စည်းများလည်ပတ်ခြင်းနှင့်တပ်ဆင်သူ(17.3%)ဖြစ်သည်။ပျမ်းမျှလစဉ်လုပ်အားခဝင်ငွေသည်「3သောင်းမှ4သောင်းယွမ်အောက်」(26.8%)ဖြစ်ပြီး၊အများအားဖြင့်「2သောင်းမှ3သောင်းယွမ်အောက်」(20.1%)၊ ပျမ်းမျှလစဉ်ဝင်ငွေမှာယွမ်38,654 ခန့်ဖြစ် သည်။

2. မိသားစုလူမှုစီးပွားရေးနောက်ခံ

နေထိုင်သူသစ်မိသားစုဖွဲ့စည်းပုံမှာအဓိကအိမ်ထောင်စုများ(54.5%)နှင့်ပေါင်းစပ်အိမ် ထောင်စုများ(34.3%)သည်ဒုတိယအများဆုံးဖြစ်သည်။နှစ်တစ်နှစ်နိုင်းယှဉ်မှုအရမိသားစုဖွဲ့စည်းပုံမှာအတူတူပင်ဖြစ်ပြီးမိသားစုတိုးတက်ဖို့ဦးတည်သည်။ပျမ်းမျှမိသားစုလစဉ်ဝင်ငွေ「ယွမ်5သောင်းမှ6သောင်းအောက်」အမြင့်ဆုံး(15.3%)ဖြစ်ပြီးနောက်「ယွမ်4သောင်းမှ 5သောင်းအောက်(12.8%)ဖြစ်သည်။စုစုပေါင်းပျမ်းမျှမိသားစုဝင်ငွေမှာ52,574ယွမ်ဖြစ်ပြီး၊ သာမန်မိသားစုပျမ်းမျှလစဉ်ဝင်ငွေမှာ109,204ယွမ်နှင့်နှိုင်းယှဉ်လျှင်နေထိုင်သူသစ်မိသားစု၏စီးပွားရေးမှာအားနည်းနေဆဲဖြစ်သည်;နေထိုင်သူသစ်မိသားစုပျမ်းမျှလစဉ်ဝင်ငွေ4သောင်း အောက်အချိုးသည်2008ခုနှစ်55.9%၊2013နှစ်49.8%မှ2018ခုနှစ်34.1%သို့ကျဆင်းသွား သည်။ပျမ်းမျှမိသားစုဝင်ငွေ5သောင်း~1သိန်းရှိသူသည်2008စစ်တမ်းနှင့်နှိုင်းလျှင်တိုးလာ သည်၊2013စစ်တမ်းနှင့်နှိုင်းယှဉ်လျှင်ပျမ်းမျှမိသားစုဝင်ငွေမှာယွမ်6,401တိုးတက်လာသည်။

3. ကလေးပြုစုပျိုးထောင်ခြင်းအခြေအနေ

နေထိုင်သူသစ်ဤလက်ထပ်ထိမ်းမြားမှုတွင် ကလေးရှိသူ76.3%၊ ၎င်းတို့တွင် အများစု ကလေး2ယောက်(36.9%)ဖြစ်သည်၊နေထိုင်သူသစ်ကလေးမွေးသည့်ပျမ်းမျှအရေအတွက် မှာ1.3ဦးဖြစ်သည်။ဤစစ်တမ်းတွင်နေထိုင်သူသစ်တို့နှင့်တွေ့ဆုံမေးမြန်းခြင်းမှတဆင့်နေ ထိုင်သူသစ်ကလေး23,567ဦးအချက်အလက်စုဆောင်းခဲ့သည်၊စစ်တမ်းအရနေထိုင်သူသစ်၏ကလေး54.5%သည်မူကြိ ုနှင့်မူလတန်းပညာရေးစနစ်တွင်ရှိနေဆဲဖြစ်ပြီး98.2%သည် ထိုင်ဝမ်တွင်ရေရှည်နေထိုင်ခွင့်ရှိသည်။နှစ်တစ်နှစ်နိုင်းယှဉ်မှုအရနေထိုင်သူသစ်လေ့လာမှု3ခုတွင်ကလေးမရှိအချိုးသည်2003ခုနှစ်41.0%မှ2018ခုနှစ်23.7%သို့ကျဆင်းသွားသည်။ကလေး2ဦးထက်မွေးသည့်နှုန်းတိုးမြှင့်လာပြီးပျမ်းမျှကလေးအရေအတွက်လည်းတိုးလာ သည်။စစ်တမ်းကောက်ယူချက်အရ73.4%သည်၎င်းတို့၏ကလေးများအားမိခင်ဘာသာ စကားကိုကျောင်း၌သင်ယူလိုကြသည်။ကလေး26.7%သည်အသက်16နှစ်အထက်အလုပ်စျေးကွက်သို့တရားဝင်ဝင်ရန်ပြင်ဆင်(သို့)ဝင်ရောက်ပြီး။ကလေးသူငယ်များ၏အနာဂတ် ဖွံ့ဖြိ ုးတိုးတက်မှုမျှော်လင့်ချက်များနှင့်စပ်လျဉ်း၍နေထိုင်သူသစ်53.2%သည်ဇာတိမြေပြန်၍အလုပ်လုပ်ကိုင်ရန်ထောက်ခံကြောင်းပြောသည်၊46.8%မထောက်ခံပါ၊ပညာရေးအဆင့်ပို မြင့်ပြီးထိုင်ဝမ်ရှိအချိန်တိုသည့်နေထိုင်သူသစ်ထောက်ခံမှုနှုန်းမြင့်လေဖြစ်သည်။

V. နေထိုင်မှုဘဝလိုက်လျောညီထွေအခြေအနေ

1. တရုတ်ဘာသာစွမ်းရည်

နေထိုင်သူသစ်သည်နားထောင်ခြင်းနှင့်စကားပြောစွမ်းရည်သည်အရေးအဖတ်ထက်ပိုကောင်းသည်။ အရှေ့တောင်အာရှအိမ်ထောင်ဖက်များသည် ဘာသာစကား ဆက်သွယ်ရေး လိုက်လျောညီထွေဖြစ်မှုတွင် စိတ်အနှောင့်အယှက် အဖြစ်ဆုံးသည်အသက်အရွယ်အလိုက် ကွဲပြားသည်၊ထိုင်ဝမ်ရှိအချိန်ကြာလေစွမ်းရည်ကွာဟမှုလျော့နည်းလေဖြစ်သည်။နားထောင် ခြင်းနှင့်စာဖတ်ခြင်းစွမ်းရည်အရ နားထောင်ခြင်းသည်စာဖတ်ခြင်းထက် ပို၍ကောင်းသည်။ နေ့စဉ်ဘဝတွင် အသုံးပြုသောဘာသာစကားသည် တရုတ်ဘာသာစကား အဓိကဖြစ်သည် (လူ100လျှင်97ဦး)၊ နောက်ပြီးမင်နန်းဘာသာစကား၊မူလမိခင်ဘာသာစကား (လူ100 လျှင် ပျမ်းမျှ19ဦး)ဖြစ်သည်၊အနာဂတ်တွင်နေထိုင်သူသစ်သတင်းအချက်အလက်နှင့်ဝန်ဆောင်မှုလိုင်းများဖြစ်သော အင်တာနက်ပျင်းရိလွယ်အိတ်၊ ဥပဒေဆိုင်ရာစည်းမျဉ်းစည်းကမ်း နှင့် အခွန်ရှင်းလင်းချက်များစသည့်ဘာသာစကား၊အသံနှင့်ဗီဒီယိုနည်းလမ်းဖြင့်သယ်ပို့ပေးသိ ခြင်း၊ရေးသားထားသောအသုံးအနှုန်းများထက်အကျိုးသက်ရောက်မှုပိုကောင်းသည်။

2. ထိုင်ဝမ်တွင်နေထိုင်မှုဘဝပြဿနာ

ဤလေ့လာမှုက နေထိုင်သူသစ်များ ထိုင်ဝမ်တွင် နေထိုင်မှုဘဝ၌တွေ့ရသောအကြပ် အတည်းကိုစုံစမ်းစစ်ဆေးခြင်းဖြင့်၊ပုဂ္ဂိုလ်ရေးဘဝ၊အခွင့်အရေးများ၊မိသားစု၊လူ့အဖွဲ့စည်းနှင့်သဘာဝပတ်ဝန်းကျင်အပြန်အလှန်လှုပ်ရှားမှုများစသည့်တစ်ဦးချင်းစီ၏ရှင်သန်ရပ်တည် တွေ့ဆုံမှုအဆင့်မှပေါ်ပေါက်လာနိုင်သည့်အခက်အခဲနှင့်ဆက်စပ်မှုရှိနိုင်သည်။စစ်တမ်း ရလဒ်အရဆင်းရဲဒုက္ခများ၏အဓိကအကြောင်းရင်များမှာ「စီးပွားရေးပြဿနာ」လူ100လျှင် 16ဦး၊「ထိုင်ဝမ်တွင်နေထိုင်မှုအခွင့်အရေး」လူ100လျှင်8ဦး၊「ကိုယ်ပိုင်အလုပ်ပြဿနာ」လူ100လျှင်5ဦးရှိသည်။

3. မိသားစုဆက်ဆံရေးအခြေအနေ

95.1%နိုင်ငံသားသစ်နှင့်မိသားစုဆက်ဆံရေးပြဿနာမရှိပါ၊ပြဿနာအဓိကအားဖြင့် အိမ်ထောင်ဖက်(2.7%)၊အိမ်ထောင်ဖက်မိဘများ(2.1%)၊သားသမီး(1.0%)တို့ဖြစ်သည်။ လေ့လာမှု3ခုအရအိမ်ထောင်ဖက်မိဘအချိုးကျဆင်း၊နေထိုင်သူသစ်မိသားစုဖွဲ့စည်မှုပုံစံကိုတဖြည်းဖြည်းချင်းပြောင်းလဲခြင်းနှင့်ဆက်စပ်မှုရှိသင့်သည်။ကလေးများပညာရေးစနစ်နှင့်လူ့အဖွဲ့စည်းထဲသို့ဝင်လာသည်နှင့်အမျှအနာဂတ်တွင်နေထိုင်သူသစ်နှင့်သားသမီးဆက်ဆံရေးတွင်ကျောင်းစာနှင့်သင်ယူမှု၊အမူအကျင့်ဆိုင်ရာပြဿနာ၊အလုပ်အကိုင်ဆိုင်ရာပြဿနာသို့ပြောင်းလဲ၍အနာဂတ်ဖွံ့ဖြိ ုးတိုးတက်မှုကိုလည်းအာရုံစိုက်ရန်လိုသည်။

4. နေ့စဉ်ဘဝ၊အခွင့်အရေး၊ပုဂ္ဂိုလ်ရေးလုံခြံုရေးအခြေအနေအတွက်လူမှုရေးအထောက်အကူပြုကွန်ယက်

စစ်တမ်းရလဒ်အရနေ့စဉ်နေထိုင်မှု၊အခွင့်အရေး၊ကိုယ်ရေးကိုယ်တာလုံခြံုမှုပြဿနာကိုရင်ဆိုင်စဉ်အိမ်ထောင်ဖက်(ဦးစားပေး76.4)၊မွေးရပ်မြေ(သို့)ထိုင်ဝမ်ဆွေမျိုးမိတ်ဆွေ(ဦးစားပေး20.5နှင့်18.9အသီးသီး)သည်အဓိကပံ့ပိုးမှုလမ်းကြောင်းဖြစ်သည်။ပြည်သူ့ကဏ္ဍဥပမာ-ရဲဌာန/ရဲစခန်း၊ခရိုင်မြိ ု့အသီးသီးအစိုးရ၊ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊အိမ်တွင်းအကြမ်းဖက်မှုကာကွယ်ရေးစင်တာများ၊ကာကွယ်ရေးလိုင်းနံပါတ်113၊နေထိုင်သူသစ်မိသားစုဝန်ဆောင်မှု စင်တာတို့တွင်လည်းအချို့သောဦးစားပေးအဆင့်များရှိပြီးထိုင်ဝမ်တွင်နေထိုင်သူသစ်များ နေထိုင်ချိန်ကြာလာသည်နှင့်အမျှသူတို့၏အိမ်ထောင်ဖက်များနှင့်၎င်းတို့၏မိဘများအပေါ်မှီခိုမှုလည်းလျော့နည်းသွားသည်။5. သတင်းအချက်အလက်အရင်းအမြစ်လမ်းကြောင်း

နေထိုင်သူသစ်များနှင့်ပတ်သက်၍အစိုးရဝန်ဆောင်မှုအစီအမံသတင်းအချက်အလက်လမ်းကြောင်းများအရ၊「အစိုးရယူနစ်」နှင့်「မွေးရပ်မြေဆွေမျိုးမိတ်ဆွေ၊အခြား လူမျိုးခြား နေ ထိုင်သူသစ်များနှင့်အတူမျှဝေခြင်း」(လူ100လျှင်ပျမ်းမျှ17ဦး)သည်နေထိုင်သူသစ်အတွက် အရေးကြီးဆုံးသတင်းအချက်အလက်လမ်းကြောင်းဖြစ်သည်၊ထို့နောက်「ထိုင်ဝမ်ရှိဆွေမျိုး၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်အကြောင်းကြား」(လူ100လျှင်15ဦး)၊ စောင့်ရှောက်ရေး ဝန် ဆောင်မှုအစီအမံများကိုသိသောသူများအကြားသတင်းအချက်အလက်ရရှိရန်နည်းလမ်းမှာ「ဆွေမျိုးမိတ်ဆွေများထံမှအသိပေးခြင်း၊နှုတ်ဖြင့်ဖြန့်ဝေခြင်း」(လူ100လျှင်55ဦး)သည် နေ ထိုင်သူသစ်သိရန်အတွက်အရေးကြီးဆုံးလမ်းကြောင်းဖြစ်သည်။နောက်ဆက်တွဲလူနေမှုနှင့်ဆက်နွယ်သောလူမှုဝက်ဘ်ဆိုက်(LINE、FB)၏နိဒါန်း(လူ100လျှင်23ဦး)၊「အင်တာနက် ပေါ်တွင်ရှာဖွေခြင်း(တရားဝင်မဟုတ်သောဝက်ဘ်ဆိုက်)」(လူ100လျှင်22ဦးရှိ)နှင့်「ဆက် စပ် သောယူနစ်များ၏ သတိပေးချက်များနှင့်DMစာစောင်များ」(လူ100လျှင်18ဦး)။

VI. အမျိုးမျိုးသောစောင့်ရှောက်ဝန်ဆောင်မှုအစီအမံလိုအပ်ချက်အခြေအနေ

1. စောင့်ရှောက်ဝန်ဆောင်မှုအစီအမံများပါဝင်မှုအခြေအနေ

နေထိုင်သူသစ်စောင့်ရှောက်မှုဝန်ဆောင်မှုအစီအမံပါဝင်သည့်အခြေအနေနှင့်စပ်လျဉ်း၍အစိုးရစောင့်ရှောက်မှုဝန်ဆောင်မှုအစီအမံများတွင်ပါဝင်သူများ၊ပါဝင်သည့်အစီအမံမှာ 「ကား၊ဆိုင်ကယ်မောင်းနှင်ခြင်းဆိုင်ရာလိုင်စင်ဖြေဆိုခြင်း」အများဆုံး(လူ100လျှင်39ဦး) ရှိသည်၊၎င်းနောက်「အလယ်တန်း၊မူလတန်းနောက်ဆက်တွဲကျောင်း(လူ100လျှင်10ဦး)「လူကြီးအခြေခံပညာရေးအလုပ်ရုံဆွေးနွေးပွဲ၊စာတတ်မြောက်ရေးသင်တန်း」(လူ100 လျှင် 9ဦး)ဖြစ်သည်။

စစ်တမ်းရလဒ်များအရနေထိုင်သူသစ်45.8%သည်မည်သည့်စောင့်ရှောက်ဝန်ဆောင်မှုတွင်မပါဝင်နိုင်ခြင်းမှာအဓိကအားဖြင်「အလုပ်လုပ်ရန်」၊「မိသားစုနှင့်ကလေးသူငယ်များကို ပြ ုစုစောင့်ရှောက်ရန်」(အရေးပါနှုန်းပျမ်းမျှ16အထက်)၊နောက်ဆက်တွဲ「စိတ်ဝင်စားမှုမရှိ」(အရေးပါနှုန်း9.2)၊ချက်ပြ ုတ်အိမ်မှုကိစ္စ(အရေးပါနှုန်း9.0)ဖြစ်သည်။

2. နေ့စဉ်ဘဝနှင့်ပတ်သက်သောသင်တန်းလိုအပ်ချက်

နေထိုင်မှုဘဝနှင့်ပတ်သက်သောသင်တန်းများတွင်「ဘာသာစကားလေ့ကျင့်ရေး၊ စာတတ်မြောက်ရေးပညာရေး」(လူ100လျှင်13ဦး)၊「ဆေးကုသစောင့်ရှောက်မှုစွမ်းရည် (လူနာကိုပြ ုစုစောင့်ရှောက်ခြင်းနှင့်ပတ်သက်သောအခြေခံကျန်းမာရေးဗဟုသုတနှင့်ကျွမ်းကျင်မှု)(လူ100လျှင်7ဦး)」၊「မိဘပညာရေး၊ကလေးအသိပညာ(လူ100လျှင်5ဦး)」သည် လိုအပ်ချက်အမြင့်ဆုံးဖြစ်သည်။

3. ဆေးဘက်ဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများလိုအပ်ချက်

ဆေးဘက်ဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုအစီအမံလိုအပ်ချက်မှာ「ဆေးကုသမှု အကူအညီပေးခြင်း(14.7)အမြင့်ဆုံးဦးစားပေးပြီးနောက်「အမျိုးသားကျန်းမာရေးအာမခံတွင် ပါဝင်ရန်ကူညီခြင်း」(5.4)၊「ကလေးကျန်းမာရေးစစ်ဆေးမှုကိုထောက်ပ့ံပေးခြင်း」(4.7)၊「ကူးစက်ရောဂါနှင့်ပတ်သက်သောအသိပညာထောက်ပ့ံပေးခြင်း」(4.6)

4. နေထိုင်မှုစောင့်ရှောက်ဝန်ဆောင်မှုလုပ်ငန်းများလိုအပ်ချက်

နေထိုင်သူသစ်လူနေမှုစောင့်ရှောက်ဝန်ဆောင်မှုလိုအပ်ချက်မှာ「အလုပ်အကိုင်အခွင့် အရေးကာကွယ်စောင့်ရှောက်ခြင်း」(15.9)သည်ဦးစားပေးအမြင့်ဆုံး၊နောက်ဆက်တွဲ「နေ ထိုင်သူသစ်သီးသန့်ဝန်ဆောင်မှုဌာနသစ်တည်ထောင်ခြင်း(အခွင့်အာဏာဖြင့်တည်ထောင်ထားသောနေထိုင်သူသစ်ဝန်ဆောင်မှုအတွက်သီးသန့်ကောင်တာ(သို့)အဖွဲ့အစည်း)(14.5)၊「နေထိုင်သူသစ်များတိုင်ပင်ဆွေးနွေသည့်ကောင်တာကိုကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ထားခြင်း(သက်ဆိုင်ရာသတင်းအချက်အလက်နေထိုင်မှုဘဝအကြံပေးခြင်း၊အလုပ်အကိုင် သတင်းအချက်အလက်၊ဆေးကုသမှုနှင့်ကလေးစောင့်ရှောက်မှုစသည့်ဆက်စပ်သတင်း အချက်အလက်ဝန်ဆောင်မှုပေးရန်တိုးချဲ့ပေးမည်)」(13.2)

top