ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

လ္ဘက်ရည် ပွဲကြီး - အံ့ဖွယ် အတွေ့အကြုံ

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/06
  • hit:422

ဤပြပွဲတွင် သမိုင်းဝင် ကုန်သွယ်လမ်းကြောင်းတစ်လျှောက် တွေ့ခဲ့ရသည့် ရှေးဟောင်းပစ္စည်းများမှတစ်ဆင့် လ္ဘက်ရည်များကို ပိုမိုစူးစမ်းနိုင်မည် ဖြစ်ပါသည်။ လ္ဘက်ရည်သည် ကမ္ဘာပေါ်တွင် လူကြိုက်များသည် ဖျော်ရည်မကာ ဘယ်လိုဖြစ်လာသလဲ၊ နယ်နိမိတ်ကျော်ထိတွေမှုများ နှင့် ဒေသခံ ယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပုံများ နဲ့ ပထဝီနိုင်ငံရေး မြေပုံပြောင်းလဲမှုမှာ အဓိက ကဏ္ဍနေရာတွင် ပါ၀င်ခဲ့ရတာတွေကို ဖော်ထုတ်ကြမယ်။ ထိုင်ပေမြို့ ပင်လင်း လ္ဘက်ရည်ပြတိုက် အသစ်နှင့် အမျိုးသား သမိုင်း ပြတိုက်တို့မှ ပူးပေါင်း တင်ဆက်ပါသည်။


အမျိုးသား သမိုင်းပြတိုက်ရှိ ခေတ်အဆက်ဆက် လ္ဘက်ရည်သုံးပစ္စည်းမျိုးစုံကို ကြည့်ပြီး မြို့အဆင့် လ္ဘက်ပင် စိုက်ခင်းများမှစတင်ပြီး ကျွန်ုပ်တို့မျက်မှောက်ခေတ်အထိ ဖြတ်သန်းလာခဲ့သည့် ရာဇဝင်များ၊ လ္ဘက်သည် တိဘက်၊ ရုရှား၊ ဂျပန်၊ ယူနိုက်တက် ကင်းဒမ်း၊ အိန္ဒိယ နှင့် အခြားနိုင်ငံများသို့ရောက်ရှိပြီး ထူးဆန်းသည့် စိုက်ပင်တစ်ခုဖြစ်ကာ ကမ္ဘာ့စီးပွားရေး နှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေခဲ့သည့် အချိန် နှင့် နေရာများကို စူးစမ်းဖော်ထုတ်ကြပါမည်။ နောက်ဆုံး နယ်မြို လ္ဘက်ရွက်မှ ကမ္ဘာ့စီးပွားရေးကဏ္ဍတွင် ပါ၀င်ပတ်သက်လာမှုများကို သိရှိစေပြီး အများပြည်သူများအနေဖြင့် ထိုင်ဝမ်နိုင်ငံမှ လ္ဘက်ရွက်၏ ကြန်အင်လက္ခဏာ နှင့် အရေးကြီးမှုများကို နားလည်သဘောပေါက် စေပါလိမ့်မည်။ လ္ဘက်ရည် ပျံ့နှံ့သွားခြင်းသည် အချိန် နှင့် နေရာမျိုးစုံကို ဖြတ်သန်းပြီး မိုင်ထောင်သောင်းချီခရီးကို ဖြတ်သန်းခဲ့ရခြင်းသည် မရေမတွက်နိုင်သော သူများ၏ ကြိုးပမ်းမှု၊ အားထုတ်မှု၊ ၀ိရိယစိုက်ထုတ်မှုနှင့် စွန့်လွှတ်စွန့်စားသော လုပ်ရပ်များကြောင့် ဖြစ်ပါသည်။ ပြပွဲမှတစ်ဆင့် လ္ဘက်ခြောက် ကုန်သွယ်ခြင်း ကွန်ယက်များကို သိရှိစေပြီး လ္ဘက်ရည် ယဉ်ကျေးမှုကို အများပြည်သူများကို သိရှိပြီး အာရုံစူးစိုက်မှုကို ပိုမိုရရှိစေနိုင်မည် ဖြစ်ပါသည်။


ဤပြပွဲတွင် စုဆောင်းပစ္စည်းများကို အသုံးပြုပြီး လ္ဘက် နှင့် လ္ဘက်ရည်သောက်သုံးခြင်း ယဉ်ကျေးမှုသည် အခြားယဉ်ကျေးမှု ပေါင်းစုံကို ပျံ့နှံသွားခြင်းအကြောင်း နှင့် လ္ဘက်ပင်အမျိုးအစား၊ မူရင်းနေရာ နှင့် ဒဏ္ဍာရီများအကြောင်း မိတ်ဆက်ပေးမည် ဖြစ်ပါသည်။ တုံ့ပြန်မှုရှိသော ပြသမှု ဒီဇိုင်းအာဖြင့် ယဉ်ကျေးမှု အမွေအနှစ်များ နှင့် ပရိသတ်၏ နားလည်မှုအကွာအဝေးကို လျော့ချပေးနိုင်ပြီး ပြပွဲလာသူများကို ၄င်းတို့သောက်သုံးနေသော လ္ဘက်ရည်သည် ရေငတ်ပြေရုံ သောက်သုံးစရာတစ်ခုတင်မကပဲ ပြပွဲမှတစ်ဆင့် နှစ်ထောင်ချီသော လ္ဘက်ရည်၏ သမိုင်း နှင့် ယဉ်ကျေးမှု ၏ ပျံ့နှံမှု၊ ဖွံ့ဖြိုးတိုးတက်လာမှု နှင့် ပြောင်းလဲလာမှုများကို အသိအမှတ်ပြုလာနိုင်စေမည်ဟု မျှော်လင့်ပါသည်။ 


ပြပွဲတွင်းတွင် အမျိုးသား သမိုင်း ပြတိုက် နှင့် ပင်လင်း လ္ဘက်ရည်ပြတိုက် တို့သည် အဓိပ္ပာယ်ရှိပြီး စိတ်ဝင်စားဖွယ်ရာ အသိပညာတိုးစေပြီး အသိပညာမြှင့်တင်ပေးနိုင်သည့် လှုပ်ရှားမှုအမျိုးမျိုးကို ဦးစီးပြုလုပ်ပေးမည့်အပြင် ဗီယက်နမ်နိုင်ငံမှ နေထိုင်သူအသစ်များကို ပြပွဲလာကြည့်ရန် နှင့် အခမ်းအနားတက်ရောက်ပေးရန် ဖိတ်ကြားပါမည်။ ထို့အပြင် ပြတိုက်အနေဖြင့် ပြပွဲလာသူအားလုံးကို လ္ဘက်ရည်၏ ထူးခြားဆန်းပြားမှုများကို အားလုံးသိစေရန် တက်ကြွသော နည်းလမ်းများဖြင့် ပြောပြပေးပါမည်။ အရှေ့တိုင်းလ္ဘက်ရည် ၏ အနောက်တိုင်း ကမ္ဘာရောက် ဒဏ္ဍာရီကို သိရှိသွားသလို ခံစားရစေမည် ဖြစ်ပါသည်။ လ္ဘက်ရည်က ကမ္ဘာကြီးကို ဘယ်လိုပြောင်းလဲသွားစေလဲဆိုတာကို ခံစားမိရမည်မှာ အမှန်ဖြစ်ပါသည်။ လ္ဘက်ရည်နိုင်ငံကြီးတစ်ခုကိုလာရောက်ပြီး လ္ဘက်၏ ရာဇဝင်ကို အတူတကွ လေ့လာကြပါ။ စိတ်ဝင်စားဖွယ်ရာ ပြသမှုများနှင့်အတူ လ္ဘက်ရည်ကြိုက်နှစ်သက်သူများသည် ဥရောပ နှင့် အာရှကို နှစ်ထောင်ပေါင်းများစွာ ပျံ့နှံနေသည့် ပွဲကြီးတစ်ခုကို စတင်လိုက်ကြရအောင်။

နေရာ။ ။ ထိုင်ပေမြို့ ပင်လင်း လ္ဘက်ရည်ပြတိုက် အသစ်

နံပါတ်. ၁၉-၁၊ ဆွေဆုန်းချီဟန်၊ ပင်လင်း ခရိုင်၊ ထိုင်ပေမြို့သစ် ၂၃၂၊ ထိုင်ဝမ် (အာ.အို.စီ)

ပြပွဲအချိန်။ ။ ၂၀၁၉ စက်တင်ဘာလ ၂၇ ရက် မှ ၂၀၂၀ ဇွန်လ ၁၄ ရက် ထိ

ဖွင့်ချိန်

တနင်္လာ-သောကြာ မနက် ၉:၀၀ - ညနေ ၅:၀၀ နာရီ

စနေ-တနင်္ဂနွေ မနက် ၉:၀၀ - ညနေ ၅:၃၀ နာရီ (နောက်ဆုံးဝင်ချိန်မှာ ပိတ်ချိန်မတိုင်မီ မိနစ် ၃၀ တွင် ဖြစ်ပါသည်)


top