ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

အလုပ်အကိုင်ဝင် သင်တန်းတွင်တက်ရောက်နေသည့်ကာလအတွင်းတွင် အမြဲတမ်းနေထိုင်သူအသစ်များသည် ယာယီ ကလေးစောင့်ရှောက်ရေးအတွက် ကုန်ကျစရိတ်များအား ထောက်ပံ့ကြေးရယူနိုင်မည် ဖြစ်ပါသည်

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/06
  • hit:631

အမြဲတမ်းနေထိုင်သူအသစ်များအား အလုပ်အကိုင်ဝင် သင်တန်းများတက်ရောက်ခြင်းကို အားပေးရန်၊ သင်တန်းတက်ရောက်ရန် အခက်အခဲများ လျော့ချပေးရန်၊ မိသားစုဝန်ကို လျော့ချပေးနိုင်ပြီး အမြဲတမ်းနေထိုင်သူအသစ်များ အလုပ်အကိုင်အတွက် စွမ်းရည်များကို သင်ယူနိုင်ရန် နှင့် နိုင်ငံအတွက် အကျိုးရှိသည့် ကုန်ထုတ်စွမ်းအားများကို တတ်နိုင်သမျှစောစောရရှိရန် နှင့် တည်ငြိမ်သော အလုပ်အကိုင်ရရှိပြီး တစ်ဦးချင်းနှင့် မိသားစုအလိုက် ဘဝအရည်အသွေးများ မြင့်မားလာစေရန်အတွက်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ တယွမ်အလုပ်အကိုင် ဝန်ဆောင်မှုရုံးမှ ပြုလုပ်သည့် အလုပ်အကိုင်ဝင်သင်တန်းကို တက်ရောက်သည့် မှီခိုကာလအတွင်းရှိ နေထိုင်ခွင့်ပါမစ်ကိုင်ဆောင်ထားသည့် နိုင်ငံခြားသား အိမ်ထောင်ဘက်များ နှင့် တရုတ်ပြည်မကြီးမှ အိမ်ထောင်ဘက်များ၊ ကာလရှည်နေထိုင်ခွင့်ယူထားသူများ သို့မဟုတ် အမြဲတမ်းနေထိုင်သူများသည် အသက် ၆ နှစ် (အပါအဝင်) အောက်ကလေးများရှိပြီး တရားဝင် ကလေးစောင့်ရှောက်ရေး စင်တာများတွင် အပ်နှံထားခြင်းအတွက် ကလေးတစ်ယောက်အတွက် တစ်လလျှင် အများဆုံး ကလေးစောင့်ရှောက်စရိတ် အန်တီ ဒေါ်လာ ၅၀၀၀ ရရှိနိုင်ပါသည်။ တစ်ယောက်အတွက် အများဆုံးရယူနိုင်သည့် ပမာဏမှာ အန်တီဒေါ်လာ ၁၅၀၀၀ ဖြစ်ပါသည်။လုပ်ကိုင်ဆောင်ရွက်ပေးမည့်အချိန်။ ။ ၂၀၂၀ ခုနှစ် မေလ ၁ ရက် မှ နိုဝင်ဘာလ ၃၀ ရက်အထိ၊ နှစ်အလိုက်လျာထားငွေ ကုန်ဆုံးသွားပါက လျှောက်ထားခြင်းကို ပိတ်လိုက်မည် ဖြစ်ပါသည်။

top