ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

လူမှုဖူလုံရေး
လူမှုဖူလုံရေး
:::

ကံချို့တဲ့သူများအတွက် ဘဏ္ဍာရေးအထောက်အကူပေးသည့် စီမံကိန်းတွင် ချို့ငဲ့သူများမပါဝင်ပါ။ နိုင်ငံသားမခံယူရသေးသော နေထိုင်သူအသစ်များအနေနှင့် အတွင်းဝန်ကြီးရုံး (MOI) ၏ ကယ်တင်မှုစီမံကိန်းတွင် လျှောက်ထားနိုင်သည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/18
  • hit:876

မေလ 25 ရက် 2020 ခုနှစ် မီဒီယာ မှတ်တမ်းများအရ မျှော်လင့်ချက်အုတ်မြစ်ဥယာဉ် (GOH) မှ ချို့တဲ့သော အမျိုးသမီးများနှင့် ကလေးငယ်များကို “ကယ်ဆယ်ရေး ရိက္ခာမရရှိသည့် လစ်လျူရှုခံရသူများ” ဖြစ်စေသည့် အခြေအနေအရပ်ရပ်တို့ဖြစ်ပေါ်စေခဲဲ့ပြီး ၎င်းတို့အနေနှင့် အရေးပေါ် ကယ်ဆယ်ရေးရိက္ခာများရယူရန် မလျှောက်ထားနိုင်အောင်ဖြစ်စေခဲ့သည်။ ဤမှတ်တမ်းနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့်လူမှုဘဝဖူလှုံရေး ဝန်ကြီးဌာန (MOHW) မှ ရှင်းလင်းမှုများပြုလုပ်ခဲ့ပြီး ကပ်ရောဂါ အတွက်စီစဉ်သည့် ရိက္ခာဖြန့်ဖြူးရေးအတွက် ရိုးရှင်းသည့် လွယ်ကူသက်သာသော စီမံကိန်း ကြီးကြပ်ရာတွင် ချို့တဲ့သူများ ကလေးငယ်များနှင့် အမျိုးသမီးများ လျှောက်လွှာတင်နိုင်ခြင်းမှ ကန့်ကွက်ခြင်းမဖြစ်သင့်ပါဟု ပြောကြားခဲ့သည်။လတ်တလောအတွင်း နေထိုင်မှုရရှိထားသူ အမျိုးသမီးများနှင့် ပတ်သက်၍ မှတ်တမ်းမှ အသစ်ကူးပြောင်းလာသူ၊ နိုင်ငံသားကဒ်မရှိသော မိန်းမများအနေနှင့် ကပ်ရောဂါကြောင့် ၎င်းတို့၏ ဝင်ငွေများထိခိုက်သော်လည််း ထောက်ပ့ံငွေများရရှိရန် စာရင်းအတွင်း မပါကြောင်းတွေ့ရသည်။ ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြား အိပ်ထောင်သူများနှင့် တရုတ်ပြည်မကြီးမှ အိမ်ထောင်သူများအနေနှင့် သန်းခေါင်စာရင်းမရှိပါက နိုင်ငံ၏ အခြေခံရယူခံစားခွင့် မရှိနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ နိုင်ငံသားခံယူထားခွင့်မရှိခြင်းကြောင့်ဖြစ်သည်၊ သို့ရာတွင် ၎င်းတို့အတွက် လျှောက်လွှာများကို ထောက်ပံ့ငွေရယူရန် လိုအပ်ချက်များနှင့်ပြည့်စုံသော ဒေသခံ အိမ်ထောင်ဘက်မှ လျှောက်ထားပေးနိုင်ကြောင်း MOHW မှပြောကြားခဲ့သည်။ ထို့အပြင် MOI ၏ အသစ်ကူးပြောင်းလာသူများ ရန်ပုံငွေထူထောင်ရေးအသင်းမှ နိုင်ငံတိုင်းတွင် “လတ်တလောအတွင်း နေထိုင်မှုအသစ်ရရှိထားသူများအတွက် ကြိုတင်စာရင်းသွင်း လူမှုအထောက်အကူအစီအစဉ်” ကိုအကောင်အထည်ဖော်ခဲ့ပြီး နေထိုင်သူအသစ်များအတွက် လူမှုအထောက်အကူနှင့် ရိက္ခာများ ထောက်ပံ့ပေးရန်ပြုလုပ်ခဲ့သည်။အစိုးရမှ အခွင့်အရေးရရှိမှုနည်းပါးသူများနှင့် ချို့တဲ့သူများအတွက် စည်းမျဉ်းများ ဦးစားပေးခဲ့ပြီးဖြစ်ကြောင်းကို MOHW ကပြောကြားခဲ့သည်။ အထူးအခြေအနေရှိသည့် မိသားစုရှိကလေးငယ်များ (မြေးငယ်များအပါအဝင်) အတွက် နေထိုင်စရိတ် သို့မဟုတ် ပညာသင်စရိတ်များကို ငွေလက်ခံဖြတ်ပိုင်းများတွင် အလုပ်အမှုဆောင် ယွမ်က ထည့်သွင်းထားပြီဖြစ်ကြောင်း၊ ထို့အတူ အရေးပေါ်လူနေမှုအထောက်အပံ့ရ ချို့တဲ့ကလေးငယ်များကိုလည်း "ကပ်ရောဂါကာကွယ်ရေးများလုပ်ဆောင်နေချိန်အတွင်း အခွင့်အရေးရရှိမှုနည်းပါးသူများကို ဂရုစိုက်သောအားဖြင့် အလုပ်အမှုဆောင် ယွမ်မှ ထောက်ပံ့သော အပိုဆောင်းလူနေမှုထောက်ပံ့ငွေများ " ဟူသောပရောဂျက်ခေါင်းစဉ်အောက်တွင် ထည့်သွင်းပြီးဖြစ်သည်။ ထိုသို့ဖော်ပြခဲ့ပြီးသောသူအသီးသီးအား တစ်လလျှင် NT$1500 အသားတင် နောက်လာမည့် ၃လစာထောက်ပံ့ခဲ့ပြီးဖြစ်သည်။ ကပ်ရောဂါကိုရင်ဆိုင်ဖြေရှင်းနေစဉ် အရေးပေါ်ကယ်ဆယ်မှုများကို ပိုမိုကြံ့ခိုင်လာအောင် မြှင့်တင်ပေးရန် MOHW မှ ဒေသခံအစိုးရများနှင့် ခရိုင်ရုံးများမှ အတည်ပြုမှုနှင့် လုပ်ငန်းစဉ်အတွက်အခြေခံကိုပေးမည့် ပြန်လည်သုံးသပ်ထားသောစည်းမျဉ်းများအတွက် ပေါ်ထွက်လာမည့် သံသယများနှင့် မေးခွန်းများအတွက် အမေးအဖြေများ အပြင် ဖြည့်စွက်မှတ်စုများကိုလည်း ရေးထုတ်ထားပြီးဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့ပြီးသော ရှင်းလင်းချက်များကို ပြန်လည်သုံးသပ်ထားသောစည်းမျဉ်းများနှင့် ဖြည့်စွက်မှတ်စုများထဲတွင် စာရင်းပြုစုထားပြီးဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အတွက် ပြသာနာရှိခဲ့မည်ဆိုလျှင် MOHW မှ နိုင်ငံနှင့် မြို့တော်အစိုးရ၏ လူမှုဖူလုံရေးဗြူရိုနှင့် ပူးပေါင်းချိတ်ဆက်၍ ဖြေရှင်းပေးသွားမည်ဖြစ်သည်။ နိဂုံးချုပ်ရသော် အခွင့်အရေးရရှိမှုနည်းပါး၍ ချို့တဲ့သော အမျိုးသမီးနှင့် ကလေးငယ်များ၏ ရပိုင်ခွင့်နှင့် အကျိုးကိုကာကွယ်ရန် ထောက်ပံ့ငွေလျှောက်ထားချက်များနှင့်ပတ်သက်သောပြသနာများကို ဗဟိုအစိုးရနှင့် ဒေသခံအစိုးရမှ အတူတကွပူးပေါင်း၍ ဖြေရှင်းပေးသွားမည်ဖြစ်ပါသည်။

top