ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

အမေးအဖွေ
အမေးအဖွေ
:::

ပညာရေးဝန်ကြီးဌာန နေထိုင်သူသစ်ပညာရေးဆိုင်ရာ QA

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/17
  • hit:235

Q:ကျွန်တော်တရုတ်စာသင်တန်းတက်ချင်လို့ သင်တန်းဖွင့်လှစ်သည့်အကြောင်းကို 

ဘယ်မှာရှာရမှာလဲ?

A:သက်ဆိုင်ရာတရုတ်စာသင်တန်း (အရွယ်ရောက်ပြီးသူအခြေခံပညာသင်တန်း) 

ဖွင့်လှစ်သည့်အကြောင်းကို မိမိနေထိုင်ရာခရိုင်မြို့ရှိပညာရေးရုံး လူမှုအသိုင်းအဝိုင်း (တသက်တာ) ပညာရေးဌာနခွဲ (နယူးထိုင်ပေမြို့တွင် နေထိုင်သူသစ်ယဉ်ကျေးမှုနှင့်ပညာရေးလမ်းညွှန်ဌာနခွဲ၊ ရီလန်ခရိုင်တွင် ယဉ်ကျေးမှုပေါင်းစုံပညာရေးဌာနခွဲ) သို့ဖုန်းဆက်မေးမြန်းနိုင်သည်။

Q:ကျွန်တော်ကထိုင်ဝမ်ရဲ့အလယ်မူလတန်းကျောင်းပညာအရည်အချင်းလိုချင်လို့ ဘယ်လိုလုပ်ရမလဲ?

A:သင်နေထိုင်ရာခရိုင်မြို့မှာဖွင့်လှစ်ထားတဲ့ အလယ်မူလတန်းပူးတွဲကျောင်းမှာ သွားရောက်သင်ယူနိုင်သည်။ သက်ဆိုင်ရာသင်တန်းဖွင့်လှစ်သည့်အကြောင်းကို သင်နေထိုင်ရာ ခရိုင်မြို့မှပညာရေးရုံးသို့ ဖုန်းဆက်မေးမြန်းနိုင်သည်။

Q:ကျွန်တော်ဇာတိမြေနိုင်ငံ (တရုတ်ပြည်မမဟုတ်) မှ အထက်တန်း (ပါ) အောက် ပညာအရည်အချင်းကို အတည်ပြုလိုလျှင် ဘယ်လိုလုပ်ဆောင်ရမလဲ?

A:အလယ်မူလတန်းကျောင်းပညာအရည်အချင်းအတည်ပြုခြင်း(ကျောင်းဝင်ခွင့်လျှောက်တင်ရန်):သင်နိုင်ငံခြားကျောင်းမှပညာအရည်အချင်းအထောက်အထား၊ အောင်စာရင်းအထောက်အထားစသည့်စာရွက်စာတမ်းယူဆောင်ပြီး နိုင်ငံခြားသံရုံး၊ ကိုယ်စားလှယ်ရုံး၊ ၀န်ဆောင်မှုရုံး သို့မဟုတ် အခြားသောနိုင်ငံခြားဝန်ကြီးဌာနမှ ခွင့်ပြုသောအာဏာပိုင် (အတိုချုပ်ခေါ်နိုင်ငံခြားသံရုံး) သို့ အထောက်အထားလက်မှတ်စစ်ကြောင်း လျှောက်တင်ရန်လိုအပ်သည်။ ပြီးနောက်ခရိုင်မြို့အစိုးရပညာရေးရုံးသို့သွားရောက်လုပ်ဆောင်နိုင်သည်။ သက်ဆိုင်ရာသတင်းအကြောင်းအရာများကို သင်နေထိုင်ရာခရိုင်မြို့ရှိ ပညာရေးရုံးထံဖုန်းဆက်မေးမြန်းနိုင်သည်။ (ခန့်မှန်းခြေ ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ အလယ်မူလတန်းကျောင်းပညာအရည်အချင်းအတည်ပြုခြင်းကိုလွယ်ကူစေအောင် အထောက်အထားစာရွက်စာတမ်းများ နိုင်ငံခြားသံရုံးသို့ သွားရောက်စစ်ဆေးရန်မလိုတော့ပါ။)

အထက်တန်းပညာအရည်အချင်း (ကျောင်းဝင်ခွင့်လျှောက်တင်ရန်) :သင်နိုင်ငံခြားကျောင်းမှပညာအရည်အချင်းအထောက်အထား၊ အောင်စာရင်းအထောက်အထားစသည့်စာရွက်စာတမ်းယူဆောင်ပြီး နိုင်ငံခြားသံရုံး၊ ကိုယ်စားလှယ်ရုံး၊ ၀န်ဆောင်မှုရုံး သို့မဟုတ် အခြားသောနိုင်ငံခြားဝန်ကြီးဌာနမှခွင့်ပြုသောအာဏာပိုင် (အတိုချုပ်ခေါ်နိုင်ငံခြားသံရုံး) သို့ အထောက်အထားလက်မှတ်စစ်ကြောင်းလျှောက်တင်ရန်လိုအပ်သည်။ အထက်တန်းကျောင်းမှ နိုင်ငံခြားရုံးကို ဒေသခံအစိုးရအာဏာပိုင်က အသိအမှတ်ပြုသောကျောင်းအခြေအနေနှင့် ကျောင်းဝင်ခွင့်အရည်အချင်း၊ ကျောင်းတက်ကာလအတွင်းစသည့်ကိစ္စမှန်ကန်ကြောင်းစစ်ဆေးရန်တောင်းဆိုပါလိမ့်မည်။ လျှောက်တင်သူကပေးအပ်သော နိုင်ငံခြားပညာအရည်အချင်းအထောက်အထားဖြင့် ပြည်တွင်းတန်းတူညီသောကျောင်းနှင့်အတန်းပညာအရည်အချင်းကို အထက်တန်းကျောင်းမှ အတည်ပြုပေးမည်။

Q:ကျွန်တော်တရုတ်ပြည်မနိုင်ငံမှ အထက်တန်း (ပါ) အောက်ပညာအရည်အချင်းကို အတည်ပြုလိုလျှင် ဘယ်လိုလုပ်ဆောင်ရမလဲ?

A:သင်တရုတ်ပြည်မရှိလက်မှတ်အတည်ပြုရုံးမှ မှန်ကန်ကြောင်းစစ်ဆေးပြီး အသိအမှတ်ပြုထားသောစာရွက်စာတမ်း【ဒီပလိုမာလက်မှတ် သို့မဟုတ် အတန်းတက်ခဲ့ကြောင်းအထောက်အထား】နှင့် လက်မှတ်မိတ္တူယူဆောင်ရန်လိုအပ်သည်။ လက်မှတ်ကို တရုတ်ပြည်မရှိလက်မှတ်အတည်ပြုရုံးမှထုတ်ပေးသော နဂိုမူရင်းခွဲနှင့်တူညီသောလက်မှတ်မိတ္တူအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထူထောင်ထားသော သို့မဟုတ် သတ်မှတ်ထားသောအေဂျင်စီ သို့မဟုတ် အပ်နှင်းထားသောအရပ်ဘက်လူ့အဖွဲ့အစည်း (ရေလက်ကြားဖလှယ်ရေးဖောင်ဒေးရှင်း) က စိစစ်အတည်ပြုမည်။ လိုအပ်လျှင် နှစ်စဉ်အောင်စာရင်းကို နောက်ထပ်ပူးတွဲပေးအပ်ရလိမ့်မည်။ နေထိုင်ရာခရိုင်မြို့အစိုးရပညာရေးရုံးသို့ သွားရောက်လုပ်ဆောင်ပါ။ သက်ဆိုင်ရာသတင်းကို သင်နေထိုင်ရာ ခရိုင်မြို့အစိုးရပညာရေးရုံးသို့ ဖုန်းဆက်မေးမြန်းနိုင်သည်။

Q:ကျွန်တော်တရုတ်ပြည်မအထက်တန်းကျောင်းပညာအရည်အချင်းကို အတည်ပြုလိုလျှင် ဘယ်လိုလုပ်ရမလဲ?

A:အကယ်၍ သင်တက်သောကျောင်းသည် အသိအမှတ်ပြုအမည်စာရင်းဝင်သောကျောင်းဖြစ်ပါက တရုတ်ပြည်မကျောင်းပညာအရည်အချင်းအတည်ပြုသောဥပဒေပုဒ်မ ရ (ကျောင်းနေကာလအတွင်း)၊ ပုဒ်မ ၈ (အတည်မပြုသောအခြေအနေ) နှင့်ကိုက်ညီလျှင် ကျောင်းပြီးကြောင်းဒီပလိုမာလက်မှတ်၊ ပညာအရည်အချင်းအထောက်အထားနှင့် နှစ်စဉ်အောင်စာရင်းတို့ကိုပေးအပ်ရန်လိုအပ်သည်။ အထက်ပါပညာအရည်အချင်းအထောက်အထားများကို တရုတ်ပြည်မအတွင်းသတ်မှတ်ထားသော အသိအမှတ်ပြုခြင်းစင်တာမှ မှန်ကန်ကြောင်းသက်သေပြရန်လိုအပ်သည်။ မာစတာအထက် ပညာအရည်အချင်းရှိပါက စစ်တမ်းစာစောင်ပေးအပ်ရန်လိုအပ်သည်။ လုပ်ဆောင်ရန်လုပ်ငန်းစဉ်မှာ အောက်ပါအတိုင်း

၁. တရုတ်ပြည်မအထက်တန်းကျောင်း သို့မဟုတ် အေဂျင်စီသို့ ၂၀၁၀ ခုနှစ် မတ်လ လက်ရှိကျောင်းကာလ သို့မဟုတ် နောက်ပိုင်းကျောင်းကာလမှာ ကျောင်းဝင်တက်ပါက ဤဝန်ကြီးဌာနမှလွှဲအပ်ထားသောဌာန (အစိုးရပိုင်ကျုံးရှင်းတက္ကသိုလ် ဖုန်း:04-22851900 ) သို့ ပညာအရည်အချင်းအတည်ပြုခြင်းဆိုင်ရာကိစ္စ လုပ်ဆောင်ရန်လျှောက်တင်နိုင်သည်။ လျှောက်တင်ရန်လုပ်ငန်းစဉ်ကို တရုတ်ပြည်မတက္ကသိုလ်ပညာအရည်အချင်းစုံစမ်းစစ်ဆေးရန်သတင်းဝဘ်ဆိုက် (http://emhd.nchu.edu.tw/VMHD)တွင်ရှာဖွေနိုင်သည်။

၂. ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက် မှ ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃ ရက်အတွင်း တရုတ်ပြည်မအထက်တန်းကျောင်း သို့မဟုတ် အေဂျင်စီတွင် ကျောင်းတက်နေပြီဆိုလျှင် ဤဝန်ကြီးဌာနမှလွှဲအပ်ထားသော အစိုးရပိုင်ကျံုးရှင်းတက္ကသိုလ်မှ ကိုင်တွယ်လုပ်ဆောင်သောပညာအရည်အချင်းစမ်းစစ်စာမေးပွဲတွင်ပါ၀င်ရန်လျှောက်တင်နိုင်သည်။ စမ်းစစ်စာမေးပွဲအောင်မြင်သူကို ဤဝန်ကြီးဌာနမှတန်းတူသော ပညာအရည်အချင်းအထောက်အထားအပ်နှင်းမည်။ အကယ်၍ ပိုမိုမြင့်မားသောပညာအရည်အချင်းရရန်ကျောင်းတက်လိုပါက ထိုင်ဝမ်ရှိတက္ကသိုလ်မှကျင်းပသော မာစတာ၊ ပါရဂူအတန်း ကျောင်းဝင်စာမေးပွဲအောင်မြင်သောသက်သေအထောက်အထားရှိရန်လိုအပ်သည်။ ဤဝန်ကြီးဌာနထံ တန်းတူသောတက္ကသိုလ်ဘွဲ့ သို့ မာစတာဒီဂရီလက်မှတ်အထောက်အထားထုတ်ပေးရန် လျှောက်တင်နိုင်သည်။ ဤလက်မှတ်သည် ထိုလက်ရှိအချိန်ပညာသင်နှစ်၏ ကျောင်းဝင်ခွင့်လျှောက်တင်ရန်အတွက်သာ။ သက်ဆိုင်ရာသတင်းအကြောင်းအရာကို တရုတ်ပြည်မတက္ကသိုလ်ပညာအရည်အချင်းစစ်းစစ်စာမေးပွဲသတင်းဝဘ်ဆိုက် (http://emhd.nchu.edu.tw/)တွင်ရှာဖွေနိုင်သည်။

Q:ကျွန်တော်အလယ်မူလတန်း သို့မဟုတ် အထက်တန်းပညာအရည်အချင်းစမ်းစစ်ချင်၍ သက်ဆိုင်ရာသတင်းအကြောင်းအရာကို ဘယ်မှာသွားရှာရမလဲ?

A:မူလတန်းနှင့်အလယ်တန်း ဘွဲ့လွန်ဒီဂရီရဲ့ပညာအရည်အချင်းစမ်းစစ်စာမေးပွဲကို မြူနီစီပယ်မြို့၊ ခရိုင် (မြို့) အစိုးရမှ နှစ်စဉ်တစ်ကြိမ် ကိုင်တွယ်လုပ်ဆောင်သည်။ စီမံဆောင်ရွက်သည့်အချိန်ကို မြူနီစီပယ်နှင့် ခရိုင်မြို့အစိုးရမှသတ်မှတ်မည်။ အသက် ၁၄ နှစ်ပြည့်သောပြည်သူတိုင်း (“ထုင်ဝမ်၌နေထိုင်ခွင့်” သို့မဟုတ် “အာအိုစီနိုင်ငံကူးလက်မှတ်” ရယူပြီးသူအပါအဝင်) အားလုံးသည် မူလတန်းဘွဲ့လွန်ဒီဂရီပညာအရည်အချင်း စမ်းစစ်စာမေးပွဲဖြေဆိုခွင့်ရှိသည်။ ဖြေဆိုမည့်ဘာသာပေါင်း ၄ မျိုးမှာ တရုတ်စာ၊ သင်္ချာ၊ လူမှုနှင့် သိပ္ပံနဲ့နေထိုင်မှုဆိုင်ရာနည်းပညာတို့ဖြစ်ပြီး ဖြေဆိုမည့်နယ်ပယ်အတိုင်းအတာမှာ ယခုမူလတန်း ၆ နှစ် ပညာသင်နှစ်အတွင်းသင်ရိုးမာတိကာများပါ၀င်မည်။ အသက် ၁၇ နှစ်ပြည့်ပြည်သူတိုင်း အလယ်တန်း ဘွဲ့လွန်ဒီဂရီပညာအရည်အချင်းစမ်းစစ်စာမေးပွဲ ဖြေဆိုခွင့်ရှိသည်။ ဖြေဆိုမည့်ဘာသာပေါင်း ၅ မျိုးမှာ တရုတ်စာ၊ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုနှင့် သိပ္ပံနဲ့နေထိုင်မှုဆိုင်ရာနည်းပညာတို့ဖြစ်ပြီး ဖြေဆိုမည့်နယ်ပယ်အတိုင်းအတာမှာ ယခုအလယ်တန်း ၃ နှစ် ပညာသင်နှစ်အတွင်း သင်ရိုးမာတိကာများပါ၀င်မည်။ သက်ဆိုင်ရာဖြေဆိုသတင်းအကြောင်းအရာကို သန်းခေါင်စာရင်းဝင်ခရိုင်မြို့ အစိုးရပညာရေးရုံး လူမှုပညာရေး သို့မဟုတ် တစ်သက်တာပညာရေးရုံးသို့ ဆက်သွယ်မေးမြန်းနိုင်သည်။ အထက်တန်းဘွဲ့လွန်ဒီဂရီ ပညာအရည်အချင်းစမ်းစစ်စာမေးပွဲကို ပညာရေးဝန်ကြီးဌာန သို့မဟုတ် မြူနီစီပယ်မြို့အစိုးရမှ အလှည့်ကျကိုင်တွယ်လုပ်ဆောင်မည်။

Q:ကျွန်တော်မိသားစုဆက်ဆံရေး၊ ကလေးအုပ်ထိန်းခြင်းဆိုင်ရာ သို့မဟုတ် အိမ်ထောင်ရေးပြဿနာရှိလျှင် အကူအညီဘယ်မှာတောင်းဆိုလို့ရပါမလဲ?

A:သင် တပြည်လုံးဆိုင်ရာမိသားစုပညာရေးစုံစမ်းမေးမြန်းရန်အထူးဖုန်း 412-8185 ကိုတိုက်ရိုိက်ဆက်သွယ်နိုင်သည် (မိုဘိုင်းဖုန်းဖြင့်ဆက်ပါက ဖုန်းနံပါတ်ရှေ့မှာ 02 ထည့်ဆက်ရန်လိုအပ်သည်)။ သို့မဟုတ် ပညာရေးဝန်ကြီးဌာန မိသားစုပညာရေးဝဘ်ဆိုက် (http://moe.familyedu.moe.gov.tw/) ရှိ ခရိုင်မြို့အစိုးရ မိသားစုပညာရေးစင်တာဝဘ်ဆိုက်တွင် ရှာဖွေစုံစမ်းနိုင်သည်။ သို့မဟုတ် သင်နေထိုင်ရာခရိုင်မြို့ရှိ မိသားစုပညာရေးစင်တာသို့ တိုက်ရိုက်ဖုန်းဆက်ပြီး စုံစမ်းမေးမြန်းနိုင်ပါသည်။

Q:ကလေးတို့ နေထိုင်သူသစ်မိခင်ဘာသာစကားကိုဘယ်မှာသွားရောက်သင်ယူလို့ရမလဲ?

A:ပညာရေးဝန်ကြီးဌာနမှ ကျောင်းများ နေထိုင်သူသစ်ဘာသာစကားသင်တန်း၊ မိသားစု မိဘ-ကလေးအတူလေ့လာသင်ယူခြင်းကွန်ယက်နှင့် နွေကျောင်းပိတ်ကာလတွင် နေထိုင်သူသစ်ဘာသာစကားပျော်ပျော်ပါးပါးလေ့လာသင်ယူစခန်း စသည့်လှုပ်ရှားမှုလုပ်ဆောင်ရန် ထောက်ပံ့ကြေးပံ့ပိုးပေးထားသည်။ သက်ဆိုင်ရာနောက်ဆုံးပေါ်သတင်းကို သင်နေထိုင်ရာခရိုင်မြို့ပညာရေးရုံး ဘာသာစကားပျော်ပျော်ပါးပါးလေ့လာသင်ယူခြငး်စီမံကိန်းကို ကိုင်တွယ်လုပ်ဆောင်သောဌာနသို့ စုံစမ်းမေးမြန်းနိုင်သည်။ သို့မဟုတ် အစိုးရပိုင်ရှင်းကျူအထက်တန်းစီးပွားရေးအသက်မွေးဝမ်းကျောင်းဝဘ်ဆိုက် http://www.hccvs.hc.edu.tw/ischool/public/resource_view/open.php?file=8d621e027ee023695964a2a22bbfdd7b.pdf

တွင်ရှာဖွေစုံစမ်းနိုင်သည်။ သို့မဟုတ် ခရိုင်မြို့အသီးသီးရှိ နေထိုင်သူသစ်လေ့လာရေးစင်တာသို့ စုံစမ်းမေးမြန်းနိုင်သည်။

top