ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

နယူးထိုင်ပေမြို့အစိုးရမှနေထိုင်သူသစ်အတွက် အလုပ်အကိုင်ဝန်ဆောင်မှု

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:北部
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/18
  • hit:256

နယူးထိုင်ပေမြို့အစိုးရအလုပ်အကိုင်ဝန်ဆောင်မှုစင်တာမှ ဤမြို့ရှိ ဆန်းချုံ၊ ပန်ချောင်၊ ရုံဟို၊ ရှုလင်၊ ထူချိန်၊ ရှိကျီ၊ ၀ူကူ၊ သန့်ရွှေ၊ ရှင်းကျွမ်း၊ ဆန်းရှာ၊ လူကျိုး၊ လင်ခို၊ ထိုက်ရှန်း၊ ပါးလီ စသည့်ဒေသတွင် အလုပ်အကိုင်အကြောင်းအရာစုံစမ်းမေးမြန်းခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းစုံစမ်းမေးမြန်းခြင်း၊ အလုပ်အကိုင်မိတ်ဆက်ပေးခြင်းစသည့်ဝန်ဆောင်မှုပေးရန် အလုပ်အကိုင်ဝန်ဆောင်မှုကောင်တာ ၁၅ ခု တည်ထောင်ထားသည်။
ဒီစင်တာမှ နေထိုင်သူသစ်အလုပ်ရှာအင်တာဗျူးစဉ် “အလုပ်ခွင်သို့စကားပြန်အတူလိုက်ပါခြင်းဝန်ဆောင်မှု” လျှောက်တင်ရန်ကူညီပေးသည်။ စကားပြန်အား နေထိုင်သူသစ်နှင့်အတူ ၀န်ထမ်းခေါ်ယူသည့်နေရာ သို့မဟုတ် အလုပ်ခွင်ပတ်ဝန်းကျင်သို့သွားရောက်ကာ လုပ်ငန်းရှင်နှင့်ဆက်သွယ်ခြင်း၊ စာရွက်စာတမ်းရေးသားခြင်းကို ကူညီသောအားဖြင့် နေထိုင်သူသစ်အလုပ်ရှာအင်တာဗျူးစဉ် ဘာသာစကားအတားအဆီးလျော့နည်းစေသည်။
နေထိုင်သူသစ်အဆင်ပြေစွာအလုပ်ရရန်နှင့် အလုပ်ခွင်၌လိုက်လျောညီထွေနိုင်ရန် “နေထိုင်သူသစ် အလုပ်ခွင်သို့မဝင်ခင်ကြိုတင်ပြင်ဆင်ခြင်းသင်တန်း” ကိုအခမဲ့ဖွင့်လှစ်ထားသည်။ စိတ်ဝင်စားသူများ နီးရာအရပ်မှ အလုပ်အကိုင်ဝန်ဆောင်မှုကောင်တာသို့သွားရောက်ကာ သင်တန်းစာရင်းသွင်းနိုင်သည်။ ကောင်တာအကြောင်းမေးမြန်းရန်ဖုန်း 0800-091-580 သင့်အလုပ် ကျွန်ုပ်တာဝန်။

top