ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

အမေးအဖွေ
အမေးအဖွေ
:::

ရှားပါးသောဘာသာစကား၏ ဧည့်လမ်းညွှန်လိုင်စင်ဖြေဆိုရန်လေ့ကျင့်သင်တန်း အမေးအဖြေ

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/17
  • hit:189

Q1:“ ရှားပါးသောဘာသာစကား ဧည့်လမ်းညွှန်လိုင်စင်ဖြေဆိုရန်လေ့ကျင့်သင်တန်း” ဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်ကဘာပါလဲ ?

A1: ထိုင်ဝမ်သို့လာရောက်လည်ပတ်သော ခရီးဧည့်သည်များသည် အဓိကအားဖြင့် အရှေ့တောင်အာရှနိုင်ငံမှ ခရီးဧည့်သည်များဖြစ်သဖြင့် နိုင်ငံသားသစ်များမှာ ဘာသာစကားအားသာချက်ရှိခြင်းကြောင့် ဧည့်လမ်းညွှန်အလုပ်ကိုလုပ်နိုင်လျှင် မိခင်နိုင်ငံမှခရီးဧည့်သည်များကို ဧည့်ကြိုကာ ကျွမ်းကျင်စွာပြောဆိုနိုင်သောမိခင်ဘာသာစကားဖြင့် ထိုင်ဝမ်ရှုခင်းကိုမိတ်ဆက်ပေးလျှင် ဧည့်ကြိုအရည်အသွေးမြှင့်တင်ဖို့အထောက်အကူပြုနိုင်ပြီး တချို့သောဧည့်လမ်းညွှန်လူအင်အားမလုံလောက်ခြင်းကိုလည်း သက်သာစေမည်။

ဧည့်လမ်းညွှန်များသည် အထက်တန်းကျောင်းပညာအရည်အချင်းရှိရမည့်အပြင် စာမေးပွဲဝန်ကြီးဌာနမှကျင်းပသော “အထူးပြုအသက်မွေးဝမ်းကြောင်းနှင့် နည်းပညာဝန်ထမ်း အထွေထွေစမ်းသပ်မှု ဧည့်လမ်းညွှန်များဖြေဆိုရန်စာမေးပွဲ” ကိုဖြေဆိုအောင်မြင်ပြီး လုပ်ငန်းလိုင်စင်ရယူပြီးမှသာ ဧည့်လမ်းညွှန်ဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်နိုင်သောကြောင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလာရေးလုပ်ငန်းဗျူရိုက အထက်တန်းကျောင်းပညာအရည်အချင်းရှိသောနိုင်ငံသားသစ်အား ဧည့်လမ်းညွှန်စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရန်အတွက်

“ ရှားပါးသောဘာသာစကား ဧည့်လမ်းညွှန်လိုင်စင်ဖြေဆိုရန်လေ့ကျင့်သင်တန်း” ကိုကိုင်တွယ်လုပ်ဆောင်ထားသည်။

Q2: “ ရှားပါးသောဘာသာစကား ဧည့်လမ်းညွှန်လိုင်စင်ဖြေဆိုရန်လေ့ကျင့်သင်တန်း” ဘယ်အချိန်ဖွင့်မှာလဲ?

A2: အထက်တန်းကျောင်းအထက် အောင်မြင်ပြီးသောနိုင်ငံသားသစ်အား စာမေးပွဲဝန်ကြီးဌာနမှ နှစ်စဉ်ကျင်းပသော “အထူးပြုအသက်မွေးဝမ်းကြောင်းနှင့် နည်းပညာဝန်ထမ်း အထွေထွေစမ်းသပ်မှု ဧည့်လမ်းညွှန်များဖြေဆိုရန်စာမေးပွဲ” (အများအားဖြင့် ဒီဇင်ဘာလဆုတ်တွင် အင်တာနက်မှာ စာရင်းသွင်းပြီး နောက်နှစ်မတ်လတွင်စာမေးပွဲဖြေဆိုသည်) ကို ဖြေဆိုဖို့အကူအညီပေးရန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလာရေးလုပ်ငန်းဗျူရိုက နှစ်စဉ် စက်တင်ဘာဘလ မှ နိုဝင်ဘာလ ထိ “ရှားပါးသောဘာသာစကား ဧည့်လမ်းညွှန်လိုင်စင်ဖြေဆိုရန်လေ့ကျင့်သင်တန်းဆောင်ရွက်မှု” ကိုစီမံထားသည်။ သင်တန်းဖွင့်လှစ်ခြင်းဆိုင်ရာသတင်း

ကို အချိန်တန်လျှင် “နိုင်ငံသားသစ်များပျိုးထောင်ဖွင့်ဖြိုးရေးသတင်းဝဘ်ဆိုက်” တွင် ကြေညာထားမည်။

Q3: “ ရှားပါးသောဘာသာစကား ဧည့်လမ်းညွှန်လိုင်စင်ဖြေဆိုရန်လေ့ကျင့်သင်တန်း” တက်လိုလျှင် သင်တန်းစရိတ်ဘယ်လောက်ကျမလဲ?

A3: ယခု လိုင်စင်ဖြေဆိုရန်လေ့ကျင့်သင်တန်းကျေးကို သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလာရေးလုပ်ငန်းဗျူရိုက ထောက်ပံ့ပေးသည်။

top