ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

အများပြည်သူရေးရာတွင် ပါဝင်ခြင်း
အများပြည်သူရေးရာတွင် ပါဝင်ခြင်း
:::

「သင်ရှိတာကျေးဇူးပါ!」ရီမင်ပွဲတော် စည်ကားနေ

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/17
  • hit:441

နှစ်စဉ်ရီမင်ပွဲတော်ရောက်တော့မည်၊ ပြည်ထဲရေး လ.ဝ.ကဌာနနှင့်ထိုင်နန်အစိုးရတို့ 8ရက်နေ့ တွင် ဖူချိန်ရှိထင်ရှားသောချီမေပြတိုက်တွင်ကျင်းပရန် ပူးပေါင်းခဲ့သည်။ ဤတစ်ကြိမ်တွင် 「ရှင်းကွမ်းစန်နန်ရင်、ရှင့်ဖူရောက်ထိုင်ဝမ်」အဓိက ၊ထောင်ကျော်ပြည်သူများကို ဆွဲဆောင် နိုင်ခဲ့သည်၊ ရွှေ့ပြောင်းနိုင်ငံသားနှင့်လုပ်သားမိတ်ဆွေများ ပါဝင်ခဲ့သည်၊ အခမ်းအနား သို့ပြည်ထဲ ရေးဝန်ကြီးရွှီကော်ရုံနှင့် ထိုင်နန်မြို့တော်ဝန်ဟွမ်ဝေကျဲ လည်းတက်ရောက်ခဲ့သည်၊ မာရှယ်အိုင်း လန်းနိုင်ငံသံအမတ်နှင့်ဗီယက်နမ်၊အင်ဒိုနီးရှား၊ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အီတလီ၊ အမေရိ ကန်၊ ဂျပန်နှင့်ကိုရီးယားစသည့် ဧည့်သည်တော်များ တိုင်းပြည်အတွက်အတူ ဆုတောင်းသည်၊ နိုင်ငံသားပြုခွင့်ရခြင်းနှင့်ထိုင်ဝမ်သို့ပေးဆပ်ခဲ့သည့်ထူးချွန်နေထိုင်သူသစ်နှင့် လုပ်သားများအား ချီးကျူးဂုဏ်ပြုခဲ့သည်။

ပွဲတော်ဖွင့်ပွဲသည်အစဉ်အလာချိုးဖောက်ကာ ထိုင်နန်「စစ်ကူကျီရွဲ့ထွမ်」ကိုခံစားရန် နေထိုင်သူသစ်များကိုဖိတ်ကြားခဲ့သည်။တုန်လှုပ်ဖွယ်စွမ်းဆောင်ရည်ဖြင့် ပရိသတ်များထံမှ လက်ခုပ်သံများနှင့်ပြည့်နှက်နေသည်။ထို့ပြင်နိုင်ငံအသီးသီးမှနေထိုင်သူသစ်များသည် အီဂျစ် အက၊ ကမ္ဘောဒီးယားခမာအက၊ တရုတ်ရှိုး၊ အင်ဒိုနီးရှားအကနှင့် ပါရာဂွေးအချစ်သီချင်းများ စသည့် အံ့ဩဖွယ်ယဉ်ကျေးမှုပေါင်းစုံဖျော်ဖြေပွဲနှင့် တောင်အမေရိကရှိ ဘိုလီးဗီးယား၊ အာဖရိက ယဉ်ကျေးမှုဆိုင်ရာပြခန်း13ခုရှိသည်။ ထူးခြားဆန်းပြားသော ကမ္ဘာ့ရွာငယ် လေးလိုပါပဲ။ ဤလှုပ် ရှားမှုသည် နှစ်ပေါင်း400ကရှေးဟောင်းမြို့တော်ထိုင်နန်သို့ပြောင်းရွှေ့သည်။ ထိုင်ဝမ်၏မတူ ကွဲပြားမှုနှင့်လှပမှုကိုပြသနိုင်ရန်အတွက် ဒေသဆိုင်ရာအစိတ်အပိုင်းများကိုပါ ထည့်သွင်းထား သည်။ရှေးတိုင်းရင်းသားအကအဖွဲ့ကိုဖိတ်ခေါ်သည့်အပြင်ရိုးရာအကတွေကို လည်းပြိုင်ကြသည်「ပျော်ရွှင်မှု」 စကားလုံးပုံနှိပ်ထားသော အထူးထိုင်နန်ရိုးရာကိတ်မုန့်တစ်စုံရနိုင်သည်၊ လူတိုင်း ထိုင်နန်ရီမင်ပွဲတော်သို့လာရောက်ဆင်နွှဲ၍ ပျော်ရွှင်မှုကိုတွေ့နိုင်ပါတယ်!

「ငါထိုင်ဝမ်ကိုချစ်တယ်,ငါဟောင်ကောင်ကလာသည့်ထိုင်ဝမ်လူ!ကျန့်!」ဒီနှစ်ပထမဆုံး အကြိမ်အဖြစ်နိုင်ငံသားဖြစ်ရေးအခမ်းအနားမှာပါဝင်ခဲ့သည်၊ဘယ်ဂျီယံရှိထိုင်ပေရုံးညွှန်ကြားရေး မှုးဟောင်း မစ္စတာမင်ကျစ်ရုံအားဖိတ်ကြားသည်၊ 「Mr. Taiwan」ခံစားပါ၊ လူသိများသော အမေရိကန် နိုင်ငံခြားရေးလေ့လာသုံးသပ်သူ ကူယွဲ့ဟန်၊ ဩစတြေးလျ အတတ်ပညာရှင် လီတ ဝေ၊ ဗြိတိသျှဒီဇိုင်းပညာရှင်ဖေရင်အင်း ၊ထိုင်ဝမ်မှဖန်တီးမှုလုပ်သားများအတွက် နိုင်ငံတကာ ဖလှယ်ရေး ပလက်ဖောင်းတစ်ခုတည်ထောင်ခဲ့သည်၊ ထိုင်ဝမ်ကိုချစ်သော တောင်အာဖရိကမှ ကမ်းလွန်လေစွမ်းအင် ကျွမ်းကျင်သူဒေါက်တာဖန့်ဘင်ထျဲန်းထိုင်ဝမ်နိင်ငံသားဖြစ်လာ၊ ကျိန့်ချိန် ကျောင်း စသည့်နိုင်ငံသားပြုခွင့်ရသူအမျိုးသားကိုယ်စားလှယ်များတက်ရောက်ခဲ့သည်၊ဝန်ကြီး ရွှီကော်ရုံနှင့် မြို့တော်ဝန်ဟွမ်ဝေကျဲတို့ နိုင်ငံသားအသိအမှတ်ပြုလက်မှတ်ကို ကိုယ်တိုင်ထုတ် ပေးခဲ့ပြီး နိုင်ငံတော်သမ္မတအိမ်တော်ရှိ နှစ်တစ်ရာအမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ပြီး ဟောင်ကောင်မှလာသည့်ထိုင်ဝမ်လူဖြစ်လာသည်။

ထို့ပြင် ထိုင်ဝမ်သို့စွမ်းအင်သစ်များမပြတ်စီးဝင်လာသည့်အတွက် ပြောင်းရွေှ့လာသူများကို ကျေး ဇူးတင်ရန်အတွက် ထိုင်ဝမ်၏လှပသောကမ်းရိုးတန်းကို ထိန်းသိမ်းသည့်အင်ဒိုနီးရှားရွှေ့ပြောင်း လုပ်သား မာယာ ရွှေ့ပြောင်းလုပ်သားအုပ်စု၏သန့်ရှင်းရေးလုပ်ဆောင်မှုများကို ချီးကျူးသည်၊;ထိုင်ဝမ်သို့နှစ်ပေါင်း40ကျော်မြုပ်နှံခဲ့သည့် ဆွစ်ဇာလန်ဘုန်းတော်ကြီးဝူသောက်ရွမ်;ထိုင်ဝမ်သို့ ပါရဂူဘွဲ့ နှင့်ဗီယက်နမ်ဘာသာစကားစစ်ဆေးမှုမြှင့်တင်ရန် ဗီယက်နမ်မှရွမ်စစ်မေရှမ်းနှင့် ဘာသာ တရားကိုင်းရှိုင်းသည့်ဗီယက်နမ်နိုင်ငံသားသစ်လီစစ်ကျင်းရှဲ့စသည့်နေထိုင်သူသစ်10ဦးနှင့်ရွှေ့ ပြောင်းလုပ်သားမိတ်ဆွေ၊ ထိုင်ဝမ်၏ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း 「သင်ရှိတာကျေးဇူး ပါ!」ဟုအော်ပြောသည်ကို ပရိတ်သတ်များမျက်မြင်တွေ့ခဲ့ရသည်။

ရွှီကော်ရုံက လက်ရှိထိုင်ဝမ်သို့လက်ထပ်၍လာရောက်သည့်နိုင်ငံသားသစ်55သောင်းကျော်၊ ဒုတိယမျိုးဆက်ကလေးများပေါင်းပါကတစ်သန်းနီးပါးရှိသည်ဟုပြောသည်။ ထို့အပြင် ကမ္ဘာအနှံ့ ရှိသူငယ်ချင်းထောင်ပေါင်းများစွာတို့သည်လည်းထိုင်ဝမ်တွင် အလုပ်ကြိုးစားလုပ်ကိုင်၊ လေ့လာ ခြင်း၊ တရားဟောသွန်သင်ခြင်း(သို့)စီးပွားရေးတွင် ရင်းနှီးမြုပ်နှံခြင်းများ ဤမြေပေါ်တွင်အခြေခံ အဆောက်အအုံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှုနှင့် ယဉ်ကျေးမှု နေထိုင်မှုဘဝစသည့်အလွန်အရေးကြီးသောပံ့ပိုးမှုများလုပ်သည်၊ပြောင်းရွှေ့လာသောလူသစ် များသည်ထိုင်ဝမ်ကိုပို၍တက်ကြွအံ့သြစရာကောင်းစေပြီး၊လက်ရှိလူမှုဖူလုံရေးနှင့်ထူးခြားသော လက္ခဏာများ ရရှိစေသည်။မကြာသေးမီနှစ်များအတွင်းအစိုးရသည် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ နေထိုင်သူသစ်ဘာသာစကားကို သင်ရိုးညွှန်းတမ်းထဲထည့်သွင်းခြင်း၊ အမိတိုင်းပြည်ပညာရေး အသိအမှတ်ပြုမှုကို ရိုးရှင်းစေခြင်းနှင့် နိုင်ငံ၏အပြည်ပြည်ဆိုင်ရာယှဉ်ပြိုင်မှုစွမ်းရည်ရှိသူများ မွေးထုတ်ရန်နေထိုင်သူသစ်နှင့်သူတို့၏ကလေးများလေ့ကျင့်ရေး အစီအစဉ်များတိုးချဲ့ခြင်း၊ စောင့်ရှောက်မှုအစီအမံကိုဆက်လက်လုပ်ဆောင်မည်၊ အရင်နောက်မည်သူမည်ဝါဖြစ်စေ ထိုင်ဝမ်သည် 「အသစ်ဟောင်းအတူတူသာယာဝပြော」ပျော်ရွှင်ဖွယ်ဇာတိမြို့ အတူတည် ဆောက်ရန်ဖြစ်သည်။

ထိုင်ဝမ်မြို့တော်ဝန်ဟွမ်ဝေကျဲမှ နေထိုင်သူသစ်/ဟောင်း(သို့)ထိုင်ဝမ်လူသစ်/ဟောင်းအားလုံး သည်တစ်မိသားစုတည်းဖြစ်သည်ဟုပြောကြားသည်၊နိုင်ငံအသီးသီးမှနေထိုင်သူသစ်များသည် ထိုင်ဝမ်ကိုရွှေ့ပြောင်းလူ့အဖွဲ့အစည်းဖြစ်လာစေရန်ကူညီပေးသည်၊ရွှေ့ပြောင်း အစာယဉ်ကျေးမှု လည်းဒေသခံများ၏ဘဝ ကြွယ်ဝပြည့်စုံစေသည်၊ ထိုင်ဝမ်သို့လာသည့်နေထိုင်သူသစ်တိုင်းတွင် မတူသောဇတ်လမ်းတစ်ပုဒ်ရှိသည်၊လက်ထပ်၊အလုပ်(သို့)ကျောင်းကြောင့်ဖြစ်စေဤမြို့တွင် အတူနေထိုင်ကြသည်၊ရီမင်အခမ်းအနားတွင်နေထိုင်သူသစ်များဤမြို့၏ရင်းနှီးသောဝန်ဆောင်မှုကို ခံစားရလိမ့်မည်ဟုမျှော်လင့်ပါသည်၊ထိုင်နန်မြို့ကိုလည်းအခြားဇာတိမြို့အဖြစ်သတ်မှတ်နိုင် သည်၊ထိုင်နန်မိသားစုတွင်ပါဝင်ရန် နေထိုင်သူသစ်များကိုကြိုဆိုပါသည်။

top