ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

အများပြည်သူရေးရာတွင် ပါဝင်ခြင်း
အများပြည်သူရေးရာတွင် ပါဝင်ခြင်း
:::

ဟွားလျှန်နေထိုင်သူသစ် ဘာသာစကားမျိုးစုံဝန်ဆောင်မှုဖွင့်လှစ် ဘာသာစကာ6းမျိုး ထောက်ပံ့

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/17
  • hit:418
ဟွားလျှန်နေထိုင်သူသစ် ဘာသာစကားမျိုးစုံဝန်ဆောင်မှုဖွင့်လှစ် ဘာသာစကာ6းမျိုး ထောက်ပံ့

ဟွားလျှန်တွင်နေထိုင်သူသစ်7800ခန့်ရှိပြီးဘာသာစကားအခက်အခဲဖြေရှင်းရန်အတွက် ဟွားလျှန်အစိုးရသည်လူမှုဖူလုံရေးခန်းမ 「နေထိုင်သူသစ်မိသားစုဝန်ဆောင်မှုစင်တာ」 တွင် ဘာသာစကားပေါင်းစုံဝန်ဆောင်မှုစင်တာကိုယနေ့ဖွင့်လှစ်ခဲ့သည်၊ ဗီယက်နမ်၊အင်ဒိုနီးရှား၊ထိုင်း ကမ္ဘောဒီးယား၊ အင်္ဂလိပ်၊ တရုတ်စသည့်ဘာသာစကာ6းမျိုးဝန်ဆောင်မှုထောက်ပံ့ပေးသည်။

ဟွားလျှန်မြို့တော်ဝန်ရွှီကျိန်းဝေ့ ခရိုင်အစိုးရလက်ထောက်အထွေထွေအတွင်းရေးမှုးနှင့်လူမှုရေး ဒါရိုက်တာကျန်းရိဟွာ၊ မြို့ပြရေးရာနှင့်လ.ဝ.က၊ ဂုဏ်ပြုဝန်ဆောင်မှု၊ ရဲဌာနနိုင်ငံခြားရေးရုံး စသည့်ကိုယ်စားလှယ်များသည်သတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့သည်။ ရွှီကျိန်းဝေ့မှ ဟွားလျှန်ကို ရွှေ့ပြောင်းနိုင်ငံသားဇာတိမြို့ဖြစ်လာလိမ့်မည်ဟုမျှော်လင့်ပြီး ဘာသာစကားမျိုးစုံ စေတနာ့ဝန်ထမ်းများအတွက် ကျေးဇူးတင်ကြောင်းလက်မှတ်ထုတ်ပေးကာ သက်ကြီးနေထိုင်သူ သစ်စေတနာ့ဝန်ထမ်းများ၏လုပ်ဆောင်မှုကို ချီးကျူးခဲ့သည်။

ဘာသာပေါင်းစုံအကူအညီပေးရေးစင်တာတွင်လူမှုရေးလုပ်သားနှင့်သက်ကြီးနေထိုင်သူသစ်မှ စေတနာ့ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားပြီး၊ ဘာသာစကာ6းမျိုးဖြင့် လုပ်ငန်းခွင်(သို့)အွန်လိုင်း အကြံ ပေးခြင်းနှင့် စကားပြန်ဝန်ဆောင်မှုများကို လူမှုဖူလုံရေး၊ကျန်းမာရေးစောင့်ရှောက်မှု၊ကိုယ်ပိုင် အခွင့်အရေး၊ပညာရေးလေ့လာမှု၊အလုပ်အကိုင်စသည့်ဘက်စုံအတိုင်ပင်ခံဝန်ဆောင်မှုကို နေထိုင်သူသစ်ဝန်ဆောင်မှုတစ်ခုအဖြစ် ထောက်ပံ့ပေးထားသည်။;ဖြေရှင်းမရနိုင်သောပြဿနာ ရှိပါက ဝန်ထမ်းများမှ ဌာနအသီးသီးဝန်ထမ်းများနှင့်ညှိနှိုင်းပြီးဝန်ဆောင်မှုများကိုဆက်လက် ထောက်ပံ့ပေးသည်။

ဟွားလျှန်အစိုးရအမျိုးသမီးရေးရာဌာန၏အမျိုးသမီးနှင့်ကလေးသူငယ်များဆိုင်ရာဌာနမှုး လင်ဖုန့်ကျူးက ဘာသာပေါင်းစုံစောင့်ရှောက်မှုလိုင်းတိုးချဲ့တည်ထောင်ပြီး「ဘာသာပေါင်းစုံ ဝန်ဆောင်မှု」 အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ဗီယက်နမ်၊ထိုင်း၊အင်္ဂလိပ်၊တရုတ်အပါအဝင် စသည့် ဘာသာစကားအခက်အခဲများကိုကျော်လွှားရန် နေထိုင်သူသစ်များကိုကူညီပေးသည်။

ရွှီကျိန်းဝေ့က နေထိုင်သူသစ်ဟွားလျှန်မိသားစုဝင်အဖြစ် အပြန်အလှန်ကူညီသည်းခံခြင်းကို ကြိုဆိုကြောင်းပြောကြားခဲ့သည်။လွန်ခဲ့သော10နှစ်ကျော်ကခရိုင်အစိုးရသည်နေထိုင်သူသစ် များ အတွက်ရုပ်ပုံစာအုပ်နှင့်ဘေးအန္တရာယ်ကယ်ဆယ်ရေးသတင်း အချက်အလက်များစွာကို ပြုစုခဲ့သည်။ ထို့အပြင်ယဉ်ကျေးမှုနှင့်ပညာရေးဌာနသည်လည်းမြို့နယ်စာကြည့်တိုက် 13ခုမှ တဆင့် နေထိုင်သူသစ်များဖတ်နိုင်မည့်စာအုပ်များနှင့်နေရာများပေးခြင်း၊ ထိုင်ဝမ် ယဉ်ကျေးမှု အကြောင်းလေ့လာသည့်လမ်းတစ်ခုရှိစေသည်။

top