ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

အများပြည်သူရေးရာတွင် ပါဝင်ခြင်း
အများပြည်သူရေးရာတွင် ပါဝင်ခြင်း
:::

ကျန်းရန့်ကျွင်းသည် ပျော်ရွှင်မှုပလက်ဖောင်းတည်ထောင်ပြီးနေထိုင်သူသစ်နှင့်အတူ လှပသောအနာဂတ်ကိုမျှဝေမည်

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/17
  • hit:337
ကျန်းရန့်ကျွင်းသည် ပျော်ရွှင်မှုပလက်ဖောင်းတည်ထောင်ပြီးနေထိုင်သူသစ်နှင့်အတူ လှပသောအနာဂတ်ကိုမျှဝေမည်

ယနေ့(108)နှစ်3လ၊ ကျားရိခရိုင် 2019「ထူးချွန်အမျိုးသမီးဆု10」ရရှိသည့်နေထိုင်သူသစ် ကျန်းရန့်ကျွင်းသည် မကြာသေးမီက ကျားရိခရိုင်ရှိ ဝိန်ဟွာခရီးသွားလာရေးဌာန၏ဆွေသောက် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးတွင်ပါဝင်ခဲ့ပြီး စီမံကိန်းရေးအစီရင်ခံစာနှင့် ရွေးချယ်ခြင်းမှတစ်ဆင့် ပူကျစ်ဆွေသောက်ယဉ်ကျေးမှုနှင့်ဖန်တီးမှုသို့ ဝင်ရန်အရည်အချင်းရရှိခဲ့သည်။ကျန်းရန့်ကျွင်း သည် 「ဆွေသောက်ယဉ်ကျေးမှုနှင့်ဖန်တီးမှု 」235ပျော်ရွှင်ဈေးကွက်၊သူမ၏ လက်မှုယဉ်ကျေးမှု နှင့်ဖန်တီးမှုစွမ်းရည်ကို စတင်ပေါင်းစည်းတော့မည်။ ပိုကောင်းသောအနာဂတ်ကို ဖန်တီးရန်မိမိ နှင့် နေထိုင်သူသစ်များ အတွက် ဈေးကွက်ရှာဖွေရေးပလက်ဖောင်း တည်ထောင်၍လှပသော အနာဂတ်ကို အတူတကွ ဖန်တီးသည်။

ပြည်မကြီးကွမ်းရှီမှလာသည့်နေထိုင်သူသစ်ကျန်းရန့်ကျွင်း ခင်ပွန်းသေဆုံးမှုနှင့်ရင်ဆိုင်ခဲ့ရပြီး ကြံ့ခိုင်ဆင်းရဲသောကြင်ဖော်မဲ့မိဘဖြင့်မိသားစုကိုထောက်ပံ့ခဲ့သည်။「ခက်ခဲသောနေ့ရက်များ ကုန်လွန်ပြီ」နှင့်အားလုံးရဲ့အားပေးမှုဖြင့် ဆက်လက်စိတ်ထက်သန်စွာ လေ့လာကြိုးစားသည်။「အမျိုးသမီးအခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း」မှကျင်းပသည့်「နေထိုင်သူသစ်အမျိုး သမီးစီးပွားရေးစွမ်းဆောင်ရှင်အရှိန်မြှင့်တင်ရေး」အစီအစဉ်တွင်ပါဝင်သည့်အပြင်「အရည်အ သွေးဆု」ကိုရရှိခဲ့ပြီး အလယ်တန်းစစ်ဆေးသူ၊အက၊စားဖိုမှုး၊ရေကူး၊ဘုတ်အဖွဲ့ဂိမ်းများစသည့် လက်မှတ်(လိုင်စင်)တို့လည်းရရှိခဲ့သည်။စွယ်စုံစွမ်းရည်ကိုပြသခဲ့သည်။

မကြာသေးမီက ကျန်းရန့်ကျွင်း「ကျားရိမြို့ရွှေ့ပြောင်းနိုင်ငံသားသစ်အမျိုးသမီးစောင့်ရှောက်ရေး အသင်း」၏ဒါရိုက်တာကျန်းလိမေနှင့်ပူးပေါင်း၍ ကျားရိခရိုင် အသစ်တည်ဆောက်သည့်ဂျပန် စတိုင်အိမ်များနေထိုင်သူသစ်ယဉ်ကျေးမှုဆိုင်ရာနေရာထိုင်ခင်းပြသရန်ပူးပေါင်းဆောင်ရွက်ခဲ့ သည်။ကျားရိခရိုင်ကို 「ပထမဆုံးနေထိုင်သူသစ်ယဉ်ကျေးမှုနှင့်ဖန်တီးမှုအခြေစိုက်စခန်း」သည်「ဆွေသောက်ထို ယဉ်ကျေးမှုနှင့်ဖန်တီးမှု」ဖြစ်လာရန် 235ပျော်ရွှင်ဈေးကွက်ယဉ်ကျေးမှု ဆိုင်ရာဆန်းသစ်တီထွင်မှု၏ပေါ်လွင်ချက်များဖြစ်သည်။

လ.ဝ.က ကျားရိခရိုင်ဝန်ဆောင်မှုဌာနက လွန်ခဲ့သောနှစ်အနည်းငယ်က ကျန်းရန့်ကျွင်းသည် ဇာတိမြေအဘွားလုပ်သည့်ငံပြာရည်အစပ်အရသာ၊ခင်ပွနုးသည်အနှစ်သက်ဆုံး ပင်လယ်ခရု ဒေသနှစ်ခုအတွေးနှင့်အမှတ်တရတွေကိုပေါင်းစပ်ထားသည့် ငါးခရုဖြင့်ပြုလုပ်ထားသည့် ခရုငံပြာ ရည်သည် မိသားစုစားသုံးသည့်အပြင်သူငယ်ချင်းများမှ အားပေးသည့်အလျောက် စတင်အပြင် သို့ဝေမျှခဲ့ရာ အရသာနှင့်စိတ်ချမှုအတွက် လူသိများခဲ့သည်။

ကျန်းရန့်ကျွင်းက ပြည်ထဲရေးဝန်ကြီးဌာန၏လူဝင်မှုကြီးကြပ်ရေးဌာနတောင်ပိုင်းခရိုင်အဖွဲ့ကျားရိ ခရိုင်ဝန်ဆောင်မှုရထားကိုအထူးကျေးဇူးတင်ရှိကြောင်းနှင့် ဒါရိုက်တာလင်ပင်းဟွမ်က လ.ဝ.က အကြံပေးအဖွဲ့ကို 「ဆွေသောက်ယဉ်ကျေးမှုနှင့်ဖန်တီးမှု 」စီစဉ်ရေးဆွဲခြင်းလုပ်ငန်းကို ဂရုစိုက် လမ်းပြပေးသည်။လူမှုရေး၊အမျိုးသမီး နှင့်ကလေးဌာန၊ ကျားရိခရိုင်နေထိုင်သူသစ်မိသားစု ဝန်ဆောင်မှုစင်တာသည် ထိုနေရာတွင်အား ပေးလမ်းညွှန်သည်။ဥက္ကဌကျန်းလိမေကိုလည်း ထောက်ခံအားပေးမှုအတွက်ကျေးဇူးတင်သည်။

ကျန်းရန့်ကျွင်းက 「ဆွေသောက်ထို」ကိုဝင်ပြီးနောက် လစဉ်ရဲ့235ပျော်ရွှင်ဈေးကွက်သည် ကျားရိခရိုင်၊မြို့၊တိုင်းပြည်ဒေသအားလုံးမှ နေထိုင်သူသစ်သူငယ်ချင်းများ ထူးခြားစွမ်းရည် များယူဆောင်လာရန်မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ဤယဉ်ကျေးမှုနှင့်ဖန်တီးမှုအခြေခံမှ တဆင့် နေထိုင်သူသစ်များပြသရန်နေရာ၊ဝင်ငွေပိုရရှိရန်၊ နေထိုင်သူသစ်နှင့်မိသားစုများအတွက် ပိုကောင်းသောအနာဂတ်ကိုဖန်တီးရန်စင်မြင့်တစ်ခုထောက်ပံ့ပေးသည်ဟုမျှော်လင့်ပါသည်။

top