ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

အများပြည်သူရေးရာတွင် ပါဝင်ခြင်း
အများပြည်သူရေးရာတွင် ပါဝင်ခြင်း
:::

နေထိုင်သူသစ် တောင်ဘက်စတိုးဆိုင်ဖွင့် လ.ဝ.ကမှ ထိုင်ဝမ်-ဗီယက်နမ်ဖလှယ်ရေးကို အားပေးသည်

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/17
  • hit:386
နေထိုင်သူသစ် တောင်ဘက်စတိုးဆိုင်ဖွင့် လ.ဝ.ကမှ ထိုင်ဝမ်-ဗီယက်နမ်ဖလှယ်ရေးကို အားပေးသည်

ဗီယက်နမ်နိုင်ငံသားသစ်များဖြစ်သော ထုန်စစ်ရုံ၊ လီရွှဲအယ်တို့သည် ထိုင်နန်မြို့အန်နန်ခရိုင်တွင် 「ရုံအယ်နန်ရှန့် စတိုး」ကိုပူးတွဲဖွင့်လှစ်ပြီး အနုပညာထုတ်ကုန်၊ အဝတ်အထည်စသည့် ယဉ်ကျေးမှုကုန်ပစ္စည်းများအဓိကထားပြီး ထိုင်ဝမ်ဗီယက်နမ်တို့၏ယဉ်ကျေးမှုဖလှယ်ရေး အခြေ စိုက်စခန်း ဖြစ်လာသည်။ လ.ဝ.ကညွှန်ကြားရေးမှုးချုံးဖုန်းကွမ်က ဒီနေ့အားပေးဖို့သွားခဲ့သည်။

35နှစ်ထုန်စစ်ရုံ၊36နှစ်လီရွှဲအယ်တို့သည် နှစ်ပေါင်းများစွာကထိုင်ဝမ်သို့လက်ထပ်လာခဲ့ပြီး ကလေးနှင့်အလုပ်ကိုယ်စီရှိကြသည်။ထုန်စစ်ရုံကဗီယက်နမ်ဘာသာကိုသင်ကြားသည်၊ လီရွှဲ အယ်က နည်းပညာစက်ရုံတွင်လုပ်ကိုင်သည်။

ထုန်စစ်ရုံက ဆိုင်ဖွင့်ခြင်းသည်「အချစ်နှင့်အိမ်မက် မိသားစုပေါ်တွင်တည်ဆောက်ခြင်း」ဖြစ် သည်။မိသားစုပုံမှန်ဘဝကိုထိန်းရန်အတွက်ဆိုင်ဖွင့်ချိန်သည်အလွန်ထူးခြား၊ အသေးစိတ် မိတ် ဆက်သည့်ဝန်ဆောင်မှုကိုကြိုတင်ပေးထားသည့်ဧည့်သည်တွေရဲ့သီးသန့်အချိန်သတ်မှတ်ပြီး ဘိုကင်လုပ်ထားပါသည်။

ထုန်စစ်ရုံက နေထိုင်သူသစ်ညီအမများပိုမိုကောင်းမွန်စေရန်၊ သူမကိုသာမန်အိမ်ရှင်မမှ ယဉ် ကျေးမှုပေါင်းစုံသင်ကြားသူအဖြစ်ပြောင်းလဲရန်ကူညီပေးသည့်အစိုးရအားကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ထိုင်ဝမ်သည် နေထိုင်သူသစ်များ သူတို့၏အိမ်မက်များကို အကောင်အထည် ဖော်ရန်သတ္တိနှင့်ဇာတ်စင်ကိုပေးထားသည်။သူတို့ကလည်းကြိုစား၍တိုင်းပြည်တောင်ဘက်သို့အပြန်အလှန်ဖလှယ်မှုများ၏မျှော်လင့်ချက်မျိုးစေ့ဖြစ်လာလိမ့်မည်။

ချုံးဖုန်းကွမ်းနှင့်MACဥပဒေရေးရာဌာနညွှန်ကြားရေးမှုချိုက်ကျစ်ရူး၊ SEF၏ဥပဒေရေးရာဌာန၏ လက်ထောက်ညွှန်ကြားရေးမှုးလျှုံဟွေ့လင်တို့သည် ယနေ့မိုဘိုင်းဝန်ဆောင်မှုရထားဖြင့် 「အိမ် အရောက်ဝန်ဆောင်မှု」ထိုင်နန်「ရုံအယ်နန်ရှန့် စတိုး」သို့သွားရောက်ခဲ့သည်။ ထိုင်ဝမ်နှင့် ဗီယက်နမ်အလံနှင့်အမျိုးသားပန်းများပုံဖော်ထားပြီးလူအများ၏ခင်မင်ရင်းနှီးသဟဇာတဖြစ်မှုကို ကိုယ်စားပြုသည်။

ချုံးဖုန်းကွမ်းက ထုန်စစ်ရုံနှင့်လီရွှဲအယ်တို့အိမ်မက်ကြိုးစားအားထုတ်မှုက အရမ်းကိုစိတ်လှုပ်ရှား ဖို့ ကောင်းတယ်လို့ပြောသည်။လက်ရှိထိုင်ဝမ်တွင်နေထိုင်သူသစ် 54သောင်းကျော်ရှိပြီး ဒုတိယ မျိုးဆက်ပေါင်းပါကသန်းနီးပါးဖြစ်သည်။

သူက မကြာသေးမီနှစ်များ လ.ဝ.ကသည်「နေထိုင်သူသစ်နှင့်သားသမီးအိမ်မက်အစီအစဉ်」နှင့် များစွာသောလေ့ကျင့်ရေးအစီအစဉ်များကိုအကောင်အထည်ဖော်ခဲ့သည်။ဘာသာစကားနှင့် ယဉ်ကျေးမှုပေါင်းစုံစနစ်၏အားသာချက်ရယူ၍ ပညာနှင့်တီထွင်ဖန်တီးမှုနှင့်အတူ လူမှုစီးပွားရေး အားကောင်းစေရန်နှင့်ပြည်သူ့ခရီးသွားလုပ်ငန်းဖလှယ်မှုမြင့်တင်ရန်၊ ထိုင်ဝမ်ကိုအပြည်ပြည်ဆိုင် ရာတွင်ပိုမိုပြောင်တင်းနိုင်စေရန်မျှော်လင့်ပါသည်။

top