ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

အများပြည်သူရေးရာတွင် ပါဝင်ခြင်း
အများပြည်သူရေးရာတွင် ပါဝင်ခြင်း
:::

ရွင်လင်ထုတ်ဝေသည့် 「နားထောင်!ကျွန်ုပ်တို့ရဲ့ပျိုးခင်းကဗျာ」နိုင်ငံသားသစ်ဇာတိမြေ ပုံပြင် ကိုသရုပ်ဖော်မည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/17
  • hit:279
ရွင်လင်ထုတ်ဝေသည့် 「နားထောင်!ကျွန်ုပ်တို့ရဲ့ပျိုးခင်းကဗျာ」နိုင်ငံသားသစ်ဇာတိမြေ ပုံပြင် ကိုသရုပ်ဖော်မည်။

ရွင်လင်ခရိုင်အစိုးရယဉ်ကျေးမှုရုံးက 5နှစ်ဆက်တိုက် နိုင်ငံသားသစ်မိဘကလေးအတူတကွ စာဖတ်အသင်းကို ကျင်းပခဲ့သည်။ယနေ့(108)ခုနှစ် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်ရဲ့ နိုင်ငံသားသစ်5ဦး ထုတ်ဝေတဲ့ 「ဇာတိမြေရဲ့ပျိုးခင်းကဗျာ」ဆောင်ပုဒ်အဖြစ် မူရင်းနိုင်ငံသားသစ် ဘာသာစကားနှစ်မျိုးရုပ်ပုံလွှာ 「နားထောင်!ကျွန်ုပ်တို့ရဲ့ပျိုးခင်းကဗျာ」

「ဝါး !ငါရေးသားခဲ့သည့် ရုပ်ပုံစာအုပ်ရွေးချယ်ခံရပြီး ပုံနှိပ်ပြီ တကယ်ပဲ ရွင်လင်ခရိုင်အစိုးရမှ ကျင်းပသည့် ဒီရုပ်ပုံစာအုပ်ရေးဆွဲခွင့်ပေးခဲ့သည်ကို ကျေးဇူးအရမ်းတင်ပါသည်။ဇာတိမြေမှ သီချင်းများနှင့် စိတ်တွင်းမှအတွေးအခေါ်များအားလုံးရေးဆွဲလိုက်သည်။」「ငါငယ်စဉ်ကပင် ပန်းချီဇတ်လမ်းကိုနှစ်သက်ခဲ့သည်။ ရုပ်ပုံစာအုပ်များဖန်တီးမှု၊ စာဖတ်ခြင်းအသင်းတွင် ပါဝင်ရ၍ အလွန်ပျော်ရွှင်ပါသည်။ဇာတိမြေရဲ့ပုံပြင်များ လူတိုင်းကိုမျှဝေနိုင်သောကြောင့်ဖြစ်သည်။」ရုပ်ပုံ စာအုပ်ရွေးချယ်ခံရသည့်နိုင်ငံသားသစ်ညီအမများအလွန်ပျော်စရာကောင်းပါသည်။လူတိုင်း ဇာတိမြေရဲ့ပျိုးခင်းကဗျာနှင့်ယဉ်ကျေးမှုကို အတူတကွ ဝေမျှဖို့ မျှော်လင့်ပါသည်။

ရွင်လင်ခရိုင် အစိုးရ 2014ခုနှစ်မှစ၍ 5နှစ်ဆက်တိုက် ကျင်းပခဲ့သည့် နိုင်ငံသားသစ်မိဘကလေး စာဖတ်အသင်း ယခင်4နှစ်အတွက် သင်တန်းလမ်းညွှန်တွင် သင်တန်းသားများ ရုပ်ပုံစာအုပ် အကြောင်းအရာ မြင်တွေ့ရစဉ် ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ပုံပြင်များထုတ်ဖော်ရေးဆွဲ ဝေမျှကြ သည်။ နိုင်ငံသားသစ်များ ပိုစစ်မှန်သောမိမိပုံပြင်များဝေမျှနိုင်ရန်အလို့ငှာ 2017ခုနှစ်မှ 「နိုင်ငံသား သစ်များ ထိုင်ဝမ်ရဲ့နေထိုင်မှုဘဝ」ဆောင်ပုဒ်ဖြင့် ရုပ်ပုံစာအုပ်ဖန်တီးသည်။ ထုတ်ဝေသည့် 「ငါ ရွင်လင်တွင် တစ်ဦးတည်းမဟုတ်ပါ။」;2018ခုနှစ်「ဇာတိမြေရဲ့ပျိုးခင်းကဗျာ」ဆောင်ပုဒ်အဖြစ် နိုင်ငံသားသစ်များ ဝေမျှချင်သည့်အကြောင်းအရာကို လမ်းညွှန်လိမ့်မည်။ ရေးဆွဲသည့်နည်းမှ တဆင့် မှတ်တမ်းတင်ခြင်းနှင့် အဆိုပါဆရာ့လမ်းညွှန်ဖြင့် နိုင်ငံသားသစ်တိုင်း စင်ပေါ်မှာ ရုပ်ပုံ စာအုပ်များရဲ့ကျွမ်းကျင်မှုများကို ဝေမျှသည်။

15ဦးရဲ့ရုပ်ပုံစာအုပ်ဖန်တီးမှုတွင် နိုင်ငံသားသစ်5ဦး ဗီယက်နမ် ဖန့်ယွိလွမ်၊ အင်ဒိုနီးရှား ဝေ့လိချွင်၊ ဗီယက်နမ် ချိန်ရန့်ကျိန်း၊ ဗီယက်နမ် လီရွမ်ဖျင်၊ ဖိလစ်ပိုင် လျှုံကျိန်းလင်တို့အား ရွေးချယ်ပြီး ဟွေ့ကျိန်းထုတ်ဝေသည့် 「နားထောင်!ကျွန်ုပ်တို့ရဲ့ပျိုးခင်းကဗျာ」တစ်အုပ်ထဲတွင် ဤနှစ် ရုပ်ပုံ စာအုပ်များနှင့်အတူ ကျေးလက်ဒေသများတွင် စာရေးဆရာရဲ့ထိုင်ဝမ်တွင်နေထိုင်သည့် ဇာတ်လမ်းကို ဝေမျှဖို့ မျှော်လင့်ပါသည်။

ခရိုင်လက်ထောက် ရှဲ့စူးရာ ညွှန်ပြသည်၊ ရွင်လင်ခရိုင်တွင် ပြည်မကြီးနှင့်အရှေ့တောင်အာရှမှ လာသည့် နိုင်ငံသားသစ် တစ်သောင်းငါးထောင်ကျော်ပြီ၊ ခရိုင်အစိုးရမှ သင်ယူမှုနှင့်စိတ်ခံစားမှု လဲလှယ်မှုလိုင်းများကို ထောက်ပံ့ပေးထားပြီး နိုင်ငံသားသစ်များ စာဖတ်ခြင်းနှင့် ရေးသားခြင်း မှတဆင့် ဘဝသစ်ကို မှတ်တမ်းတင်ဖို့ အားပေးထားသည်။ယဉ်ကျေးမှုပေါင်းစုံ၏ ကြွယ်ချမ်းသာမှု ကို ထုတ်ဖော်ပြသသည်။

ရှဲ့စူးရာက နိုင်ငံသားသစ်နှင့်နောက်မျိုးဆက်သစ်ရဲ့ စာဖတ်ခြင်း ကျွမ်းကျင်မှုနှင့် အလေ့အထများ ပျိုးထောင်နိုင်ရန် အလေးထားသည်၊ ယဉ်ကျေးမှုအတွက် အရင်းအမြစ်စင်တာ တတိယထပ်တွင် ယဉ်ကျေးမှုပေါင်းစုံသီးသန့်နယ်မြေ ထူထောင်သည်။ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားစသည့်နိုင်ငံဘာသာစကားစာအုပ်များ စုစုပေါင်း 2,191အုပ် ငှားရမ်းပေးဖို့ ထောက်ပံ့ပေးထားသည်။နိုင်ငံသားသစ်မိတ်ဆွေသူငယ်ချင်းများ ပိုမိုသုံးစွဲဖို့ ကြိုဆိုပါသည်။

ယဉ်ကျေးမှုဌာန ညွှန်ကြားရေးမှုး ချိန်ပိချွင် က နိုင်ငံသားသစ်ဖန်တီးသည့်「ဇာတိမြေရဲ့ပျိုးခင်းကဗျာ」ရုပ်ပုံစာအုပ်မှတဆင့် လမ်းညွှန်ရန် ပြောကြားသည်။ကျနော်တို့ ပိုပြီး ဖော်ရွေသောအမူအကျင့်ကိုအသုံးပြု၍ ပိုပြီးရိုးရှင်းသည့် အပြစ်ကင်းစင်သည့်ရှုထောင့်မှ နိုင်ငံ သားသစ်ရဲ့ ယဉ်ကျေးမှုနှင့်နေထိုင်မှုနောက်ခံကို အသစ်တစ်ဖန်ပြန်လည်သိရှိပါ၊ နိုင်ငံသားသစ် များ အများပြည်သူရေးရာအပြုသဘောဆောင်သည့်ယဉ်ကျေးမှုများတွင်ပါဝင်မှုကို မြှင့်တင်ရန် အတူတကွကြိုးစားကြစို့။

သတင်းရင်းမြစ်:ထိုင်ဝမ်အင်္ဂလိပ်သတင်း

top