ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

အများပြည်သူရေးရာတွင် ပါဝင်ခြင်း
အများပြည်သူရေးရာတွင် ပါဝင်ခြင်း
:::

ဒုက္ခကိုသတ္တိရှိရှိရင်ဆိုင် ဗီယက်နမ်မေမေ ချိန်ချုံးလျှုံ စံပြမေမေ ရွေးချယ်ခံရ။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/17
  • hit:349
ဒုက္ခကိုသတ္တိရှိရှိရင်ဆိုင် ဗီယက်နမ်မေမေ ချိန်ချုံးလျှုံ စံပြမေမေ ရွေးချယ်ခံရ။

ဖျင်တုန်းခရိုင်အစိုးရ 5ရက်နေ့ ဒီနှစ်စံပြမိခင်ကိုချီးကျူးသည်။ ကြီိးကျယ်မြင့်မြတ်သောမိခင် စုစုပေါင်း52ဦးအနက် ဗီယက်နမ်မှလက်ထပ်၍ထိုင်ဝမ်သို့ရောက်လာသည်မှာ18နှစ်ရှိသည့် ချိန်ချုံးလျှုံသည် အထီးကျန်စိတ်ဝေဒနာသား၊ နေမကောင်းသည့်ခင်ပွန်းတို့နှင့်အမြဲတမ်း သတ္တိ ရှိရှိ ရင်ဆိုင်ခဲ့သည်။

ဒီနှစ်ထိုင်ဝမ်မီးထွန်းပွဲတော်တွင် အလင်းဆုံးက နိုင်ငံသားသစ်အမျိုးသမီးများပန်းပုရဲ့ 「ပင်လယ်နတ်သမီး」,「နတ်သမီး」ပင်လယ်ကိုကြည့်၍ခေါင်းပေါ်လက်တင်ပြီးစဉ်းစားသည်၊ နိုင်ငံသားသစ်မေမေအများစုမျက်ရည်ကျတာကိုမြင်ခဲ့သည်။နိုင်ငံသားသစ်မေမေများ နိုင်ငံခြား တိုင်းပြည်သို့ လက်ထပ်လာပြီးနေထိုင်မှုဘဝ အခက်အခဲများစွာရင်ဆိုင်ရသည်၊ တခြားအရာတွေ ထက်ပိုပြီးထောက်ပံ့ပေးဖို့လိုအပ်သည်၊ ဖျင်တုန်းအမျိုးသမီးအခွင့်အရေးဖွံ့ဖြိုးရေးအသင်း ဒီနှစ် အထူးထောက်ခံသည့် ချိန်ချုံးလျှုံ အဆိုပါအကောင်းမြင်ရဲရင့်သည့် ဗီယက်နမ်မိခင်သည် စံပြမိခင် အဖြစ်လက်ခံရရှိသည်။

ချိန်ချုံးလျှုံ ထိုင်ဝမ်သို့လက်ထပ်လာသည်မှာ18နှစ်နှင့်ကလေ3းယောက်ရှိ၊ သား အကြီးသည် ပြင်းထန်သောအထီးကျန်စိတ်ဝေဒနာသည်၊ မည်သည့်ဘာသာစကားမျှ မတတ်၊ သို့သော်လည်း မိမိကလေးမွေးဖွားပြီးနောက် ကွဲပြားခြားနားသောစောင့်ရှောက်မှု လိုအပ်ချက်များ ကိုရင်ဆိုင်ဖို့ မသိလျှင်မေး၊ လေ့လာခဲ့ရသည်။

တစ်ခါက ကလေးစိတ်မတည်ငြိမ်ပြီးအိမ်မှာအော်ဟစ်နေသည်။အခြားမိသားစုဝင်များ အနှောင့်အယှက်ဖြစ်ပြီးအိပ်မပျော်မှာစိုး၍ ဆိုင်ကယ်စီးပြီးတစ်ညလုံးလမ်းပေါ်မှာ၊ မောလာရင် ဆိုင်ထဲခဏဝင်နား၊ မိုးလင်းမှမနက်စာဝယ်ပြန်လာပြီး ခင်ပွန်းအလုပ်တက်ရန်နှင့်ကလေးများ ကျောင်းတက်ရန် ကူညီလုပ်ကိုင်ပေးသည်။

ကလေး5တန်းရောက်သည့်အခါ ရုတ်တရက် မိမိဦးခေါင်းနှင့်မျက်နှာကိုရိုက်၊ ဒဏ်ရာရတာ တောင်မှ ချိန်ချုံးလျှုံ ကောင်းရှုံဆရာဝန်ထံသို့ခေါ်ဆောင်သွားသည်။လူမှုသက်သာချောင်ချိရေး ကူညီမှုဖြင့် သယ်ယူပို့ဆောင်ရေးအသုံးစရိတ်ပြဿနာများဖြေရှင်းခဲ့သော်လည်း ကလေးကျန်းမာ ရေးစောင့်ရှောက်မှုကို လက်မလျှော့ခဲ့ပါ။

အစက ယောကျာ်းအစာကျွေးစက်ရုံအလုပ်နှင့်ကိုယ်တိုင်အချိန်ပိုင်းအလုပ်ကို အားထားခဲ့ရာ မမျှော်လင့်ပဲ လွန်ခဲ့သော2နှစ်က ချိန်ချုံလျှုံ၏ယောကျာ်းသည် ရေရှည်အလုပ် ဖိအားကြောင့် ကျောရိုးအာရုံကြောကိုထိခိုက်၍ သွက်ချာပါဒနီးပါးဖြစ်ခဲ့သည်။ ချိန်ချုံလျှုံအား လေးလံသော မိသားစုစောင့်ရှောက်မှုဖိအား ပေးခဲ့သည်။

ကြီးလေးသောမိသားစုတာဝန်ရှိသော်လည်း မိသားစုနှင့်အတူ မကြာခဏ ခရီးထွက် သည်။ ကံကြမ္မာကိုလည်း အကောင်းမြင်၍ ဘယ်တော့မှ မိသားစုကျန်းမာရေးနှင့်စောင့်ရှောက်မှု များကို ညည်းညူ(သို့)အရှုံမပေးပါ။

ချိန်ချုံးလျှုံကပြော သူမပင်ပန်းသည်ဟုခံစားရချိန်ရှိပေမယ့်လည်း မိမိသားသမီးကိုအရှုံးမပေးခဲ့ ပါ။

top