ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

အမေးအဖွေ
အမေးအဖွေ
:::

ရှားပါးစကားပြောဧည့်လမ်းညွှန်လက်ထောက် လိုင်စင်သင်တန်းဆိုင်ရာ Q&A

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/17
  • hit:335

Q1။ ။ “ရှားပါးစကားပြောဧည့်လမ်းညွှန်လက်ထောက် လိုင်စင်သင်တန်း” ကို ဘာရည်ရွယ်ချက်နှင့် ဖွင့်လှစ်တာ
လဲ။

A1။ ။ အရှေ့တောင်အာရှနိုင်ငံများမှခရီးသွားများသည် ထိုင်ဝမ်သို့လာရောက်လည်ပတ်သော အရေးပါ ခရီးသွား
များ ဖြစ်သည်။ နိုင်ငံသားသစ်များသည် ဘာသာစကား
အားသာချက်ရှိ၍ အမိမြေမှလာသော ခရီးသွားများကို ကျွမ်းကျင်သောမိခင်ဘာသာစကားဖြင့် ထိုင်ဝမ်နိုင်ငံ၏သ
ဘာဝရှုခင်းများကို မိတ်ဆက်ပါက ဝန်ဆောင်မှုအရည်အ
သွေးကို မြှင့်တင်နိုင်သည့်အပြင် လိုအပ်နေသော ခရီး
သွားဧည့်လမ်းညွှန်လုပ်သားအင်အားကိုလည်း ဖြည့်ဆည်း
ပေးနိုင်သည်။

ခရီးသွားဧည့်လမ်းညွှန်သည် အထက်တန်းပညာ
ရေးအဆင့်ရှိရမည့်အပြင် စာမေးပွဲဝန်ကြီးဌာနပြုလုပ်
သော “ကျွမ်းကျင်ပညာနှင့်နည်းပညာဆိုင်ရာလုပ်သား
များ၏သာမန်စာမေးပွဲအောင်ပြီး” လိုင်စင်ရယူထားမှ ခ
ရီးသွားဧည့်လမ်းညွှန်လုပ်ငန်းကို လုပ်ခွင့်ရှိ၍ အထက်
တန်းအောင်မြင်ထားသောနိုင်ငံသားသစ်များကို ခရီးသွား
ဧည့်လမ်းညွှန်လိုင်စင်ဖြေဆိုရာတွင် ကူညီနိုင်ရန် “ရှားပါး
စကားပြောဧည့်လမ်းညွှန်လက်ထောက်လိုင်စင်သင်တန်း” ကို ဖွင့်လှစ်ပေးခဲ့သည်။

Q2။ ။ “ရှားပါးစကားပြောဧည့်လမ်းညွှန်လက်ထောက် လိုင်စင်သင်တန်း” ဘယ်ချိန်ဖွင့်မှာလဲ။

A2။ ။ အထက်တန်းပညာအရည်အချင်းရှိသော နိုင်ငံ
သားသစ်များအား စာမေးပွဲဝန်ကြီးဌာနမှ နှစ်စဉ်ပြုလုပ်
သော “ကျွမ်းကျင်ပညာနှင့်နည်းပညာဆိုင်ရာ လုပ်သား
များ၏ သာမန်စာမေးပွဲများအနက် တစ်ခုဖြစ်သော ခရီး
သွားဧည့်လမ်းညွှန်စာမေးပွဲ” (အများအားဖြင့် ဒီဇင်ဘာလ
ကုန်ပိုင်းတွင် အင်တာနက်မှနာမည်စာရင်းပေးရပြီး နောက်နှစ်မတ်လတွင် စာမေးပွဲဖြေရသည်။)ကို ဆက်
သွယ်ရေးခရီးသွားလာရေးလုပ်ငန်းဗျူရိုမှ နှစ်စဉ်၏စက်
တင်ဘာလမှနိုဝင်ဘာလအထိ “ရှားပါးစကားပြောဧည့်
လမ်းညွှန်လက်ထောက်လိုင်စင်သင်တန်း” ကို စီမံဖွင့်လှစ်
သည်။ သင်တန်းဖွင့်ခြင်းဆိုင်ရာသတင်းများကို ထိုချိန်
တွင်“နိုင်ငံသားသစ်များ၏ဖွံ့ဖြိုးတိုးတက်ရေးသတင်းဝက်ဘ်ဆိုက်” ၌ ကြေညာသွားမည်။

Q3။ ။ “ရှားပါးစကားပြောဧည့်လမ်းညွှန်လက်ထောက် လိုင်စင်သင်တန်း” တက်ခ ဘယ်လောက်လဲ။

A3။ ။ လက်ရှိတွင် လိုင်စင်ဖြေသင်တန်းတက်သည့် အခ
ကြေးငွေကို ဆက်သွယ်ရေးခရီးသွားလာရေးလုပ်ငန်းဗျူ
ရိုမှ ထောက်ပံ့ပေးသည်။

top