ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

အမေးအဖွေ
အမေးအဖွေ
:::

ကျန်းမာရေးအာမခံမရှိသော နိုင်ငံသားသစ်မေမေများ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ ထောက်ပံ့ကြေးများ လျှောက်လို့မရဘူးဆိုတာ ဟုတ်ပါသလား။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/17
  • hit:372

နိုင်ငံသားသစ်များ ထိုင်ဝမ်သို့ဝင်ရောက်လာပြီး အ
လုပ်ဝင်ပါက အလုပ်ဝင်ဝင်ပြီးပြီးခြင်း အလုပ်ရှင်မှ ကျန်းမာရေးအာမခံစနစ် ဝင်ပေးခြင်းမှလွဲ၍ ကျန်သည့်
သူများမှာ ယာယီနေထိုင်ခွင့်ရကဒ်ရရှိပြီး ၆ လပြည့်ပြီး
နောက်မှ ကျန်းမာရေးအာမခံစနစ်တွင် ပါဝင်နိုင်သည်။
သို့သော် နိုင်ငံသားသစ်ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေး
၏ ကျန်းမာရေးကို အာမခံမှုရှိစေရန် ကိုယ်ဝန်ဆောင်
ပြီး ကျန်းမာရေးအာမခံစနစ်မဝင်ရသေးသောနိုင်ငံသား
သစ်များအနေဖြင့် အမျိုးသားသည် ထိုင်ဝမ်နိုင်ငံသားဖြစ်
ခဲ့ပါက ၎င်း၏ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးစစ်ဆေးခ
ကို အမျိုးသားကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေး
သွားမည်။ နိုင်ငံသားသစ်ကိုယ်ဝန်ဆောင်မိခင်များအနေ
ဖြင့် ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးစစ်ဆေးခြင်း ၁၀
ကြိမ်၊ နှုန်းလွန်အသံလှိုင်း(ultrasound)စစ်ဆေးခြင်း
တစ်ကြိမ်၊ ရောဂါဖြစ်ပွားစေသော ကွင်းဆက်ပုံ ပိုးမျိုး B
(streptococcus B)စစ်ဆေးမှုတစ်ကြိမ်နှင့် ကျန်းမာရေး
ပညာပေးလမ်းညွှန်မှုနှစ်ကြိမ် အစရှိသည်တို့ကို ပြုလုပ်
ခွင့် ရရှိမည်။

ကျန်းမာရေးအာမခံစနစ်မဝင်ရသေးသော၊ ကိုယ်ဝန်
ဆောင်စဉ်ကာလအတွင်း ကျန်းမာရေးစစ်ဆေးခြင်း
ထောက်ပံ့ကြေးလျှောက်တင်လိုသော နိုင်ငံသားသစ်မိခင်
များသည် အောက်ပါစာရွက်စာတမ်းများကို ယူဆောင်ပြီး မိမိနေထိုင်ရာဒေသရှိကျန်းမာရေးဆေးခန်းများတွင် သွား
ရောက်လျှောက်တင်နိုင်သည်။

၁။ အိမ်ထောင်စုဇယားမူရင်း

၂။ ယာယီနေထိုင်ခွင့်ရကဒ် (သို့) ခရီးသွားခွင့်ရကဒ်မူရင်း အစရှိသော သက်သေခံစာရွက်စာတမ်းများ

top