ဥပဒေများနှင့် ပြဌာန်းချက်များထိုင်ဝမ်နိုင်ငံသားမဟုတ်သောမှီခိုသူမဲ့ကလေးသူငယ်များ၏ထိုင်ဝမ်နိုင်ငံသားခံယူခြင်းလျှောက်တင်မှုနှင့်လုပ်ဆောင်မှုဖြစ်စဉ်點閱:242ထိုင်ဝမ်နိုင်ငံသားမဟုတ်သောမှီခိုသူမဲ့ကလေးသူငယ်များ၏ထိုင်ဝမ်နိုင်ငံသားခံယူခြင်းလျှောက်တင်မှုနှင့်လုပ်ဆောင်မှုဖြစ်စဉ်ထိုင်ဝမ်တွင်မွေးဖွားသော်လည်းထိုင်ဝမ်နိုင်ငံသားမ ဟုတ်သောကလေးသူငယ်များကိုအောက်ပါအတိုင်းအ မျိုးအစားခွဲခြားထားသည်။ ၁။မိခင်သည်နိုင်ငံခြားသူ၊ဖခင်ကနိုင်ငံသားဖြစ်ပါကဖခင်မှ မွေးစားလိုက်ခြင်းဖြင့်ထိုင်ဝမ်မှတ်ပုံတင်ရရှိမည်။ ၂။မိခင်သည်နိုင်ငံခြားသူ၊ဖခင်လည်းနိုင်ငံခြားသား (သို့) မည်သူမည်ဝါမှန်းမသိသောကလေးများသည်မိခင် (သို့) ဖခင်၏နိုင်ငံသားနှင့်တူညီကြောင်းသတ်မှတ်သည်။ ၃။မိခင်နှင့်ဖခင်နှစ်ဘက်စလုံးသည်မည်သည့်နိုင်ငံသား မှန်းမသတ်မှတ်နိုင်ချိန်မှကလေးကိုထိုင်ဝမ်နိုင်ငံသားအ ဖြစ်သတ်မှတ်မည်။ ၄။မိခင်သည်နိုင်ငံခြားသူဖြစ်ပြီးပြည်ပသို့ထွက်ခွာသွား ပြီး (သို့) ပြည်နှင်ဒဏ်ပေးခံရပြီးနောက်ခြေစပျောက်နေ သူ၊ဖခင်ကမည်သူမည်ဝါမှန်းမသိသောကလေးများသည် မိခင်ကိုရှာဖွေပေးပြီးမိခင်၏မူလနိုင်ငံတွင်နိုင်ငံသားမ ဟုတ်ခြင်း (သို့) မေးမြန်းပြီးသုံးလကျော်သည်အထိတုံ့ ပြန်မှုမရှိသောကလေးများသည်နိုင်ငံမဲ့သူအဖြစ်သတ် မှတ်မည်။ဤကလေးကိုထိုင်ဝမ်နိုင်ငံသားများကမွေးစား ပါကနိုင်ငံသားအက်ဥပဒေအရနိုင်ငံသားခံယူရန် လျှောက်၍ရသည်။မွေးစားသူမရှိပါကလူမှုဖူလုံရေးဌာန၊ ရုံးများမှနိုင်ငံသားခံယူရန်အစားထိုးလျှောက်တင်ပေး သွားမည်။ဤနည်းဖြင့်ဤသို့သောကလေးသူငယ်များ၏ နိုင်ငံသားသတ်မှတ်ခြင်းနှင့်အခွင့်အရေးဆိုင်ရာပြဿနာ အားလုံးကိုသင့်လျော်စွာဖြေရှင်းသွားနိုင်မည်။ သက်ဆိုင်ရာနိုင်ငံသားအက်ဥပဒေသတ်မှတ်ချက်များ ကိုပြည်ထဲရေးအိမ်ထောင်စုမှတ်ပုံတင်ရုံးကမ္ဘာ့သတင်း အချက်အလက်ဝက်ဘ်ဆိုက်(http://www.ris.gov.tw)(သို့) မြို့၊မြို့နယ်အစိုးရ(သို့) အိမ်ထောင်စုမှတ်ပုံတင်ရုံးများ တွင်စုံစမ်းမေးမြန်းပါ။
更新日期:
2024年5月18日
|