ဥပဒေများနှင့် ပြဌာန်းချက်များထိုင်ဝမ်နိုင်ငံသားလျှောက်ထားရာတွင်အခြေခံဘာသာစကားအ ရည်အချင်း၏ကန့်သတ်ချက်ကိုယခင်ကထက်ဖြေလျှော့ပေးခဲ့ ပြီ။點閱:213နိုင်ငံသားခံယူမှုဖြင့်ထိုင်ဝမ်နိုင်ငံသားဖြစ်လာသူများ ၏ဘာသာစကားအရည်အချင်းနှင့်အမျိုးသားအခွင့်အရေး နှင့်တာဝန်ဝတ္တရားများ၏အခြေခံဗဟုသုတစံနှုန်း၏သတ် မှတ်ချက်များကိုထိုင်ဝမ်သက္ကရာဇ်106/6/3ရက်နေ့မှစ၍ ဖြေလျှော့ပေးခဲ့ပြီ။အိမ်တွင်းအကြမ်းဖက်ခံရခြင်းကြောင့် အိမ်ထောင်ဖက်နှင့်ကွဲကွာပြီးနောက်အိမ်ထောင်ထပ်မပြု သောနိုင်ငံသားသစ်များ၊အိမ်ထောင်ဖက်သေဆုံးပြီးနောက် အိမ်ထောင်ထပ်မပြုသည့်အပြင်အိမ်ထောင်ဖက်၏ဆွေ မျိုးများနှင့်ဆက်လက်သွားလာခြင်းရှိကြောင်းခိုင်မာသော အထောက်အထားရှိသောနိုင်ငံသားသစ် (သို့) အိမ်ထောင် သက်တမ်းနှစ်နှစ်ကျော်ပြီးမှအိမ်ထောင်ဖက်သေဆုံးသော နိုင်ငံသားသစ်များ၊လုပ်ဆောင်နိုင်စွမ်းမရှိသေးသော (သို့) လုပ်ဆောင်မှုစွမ်းရည်ကန့်သတ်ခံရသေးသည့်ထိုင်ဝမ်လူ မျိုးသားသမီးများကိုကျွေးမွေးစောင့်ရှောက်သော၊တာဝန် ယူထားသော (သို့)အချိန်တန်လျှင်လာရောက်တွေ့ဆုံ သောနိုင်ငံသားသစ်များဤသူများသည်ထိုင်ဝမ်နိုင်ငံ သားလျှောက်ထားရာတွင်အစိုးရမှဖွင့်သောဘာသာစကား သင်တန်းချိန်ကိုမူလ (၂၀၀) နာရီမှ (၇၂) နာရီအဖြစ် လျှော့ပေးခဲ့ပြီ။နိုင်ငံသားခံယူမှုစစ်ဆေးခြင်းအောင်ချက် ကိုလည်းယခင်က (၇၀) မှတ်မှ (၆၀) မှတ်ထိလျှော့ပေးခဲ့ ပြီ။ သက်ဆိုင်သောနိုင်ငံသားအက်ဥပဒေသတ်မှတ်ချက် များကိုပြည်ထဲရေးအိမ်ထောင်စုမှတ်ပုံတင်ရုံး၏ကမ္ဘာ့သ တင်းအချက်အလက်ဝက်ဘ်ဆိုက် (http://www.ris.gov.tw) (သို့) မြို့၊မြို့နယ်အစိုးရ (သို့) အိမ်ထောင်စုမှတ်ပုံတင်ရုံး များတွင်စုံစမ်းမေးမြန်းပါ။
更新日期:
2024年5月18日
|