သင်ကြားလေ့ကျင့်ရေးဆိုင်ရာ သင်ရိုးများထိုင်ပေမြို့သစ် ၂၀၂၀ တွင် ရွှေ့ပြောင်းနေထိုင်သူအသစ်များအတွက် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စကားပြန် ၀န်ထမ်းများအား သင်တန်းပေးခြင်း點閱:503*အစီအစဉ်ရေးဆွဲသူ။ ။ ကျန်းမာရေးဌာန၊ ထိုင်ပေမြို့သစ် အစိုးရ *အချိန်ဇယား။ ။ (၁) အခြေခံအဆင့် အစီအစဉ်။ ။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် (ကြာသပတေးနေ့) နှင့် နိုဝင်ဘာလ ၆ ရက် (သောကြာနေ့) ၈:၃၀ မှ ၁၇:၃၀ နာရီထိ (၂) အဆင့်မြင့် သင်တန်း။ ။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် (အင်္ဂါနေ့) နှင့် နိုဝင်ဘာလ ၂၅ ရက် (ဗုဒ္ဓဟူးနေ့) ၈:၃၀ မှ ၁၇:၃၀ နာရီထိ *သင်တန်း တည်နေရာ။ ။ ထိုင်ပေမြို့သစ် အစိုးရ၊ ကျန်းမာရေးဌာန ၏ ၈ ထပ်၊ ၀န်ထမ်းသင်တန်းခန်းမ၊ (၈ ထပ်၊ နံပါတ် ၁၉၂-၁၊ ရန်ရှီးလမ်း၊ ပန်ချောင် ခရိုင်၊ ထိုင်ပေမြို့သစ်) *တက်ရောက်နိုင်သောသူများ။ ။ (၁) အခြေခံ ၁။ ၂၉ ခရိုင် အစိုးရကျန်းမာရေးစင်တာ နှင့် ထိုင်ပေမြို့သစ် ဆေးရုံ၊ ထိုင်ပေမြို့သစ် အစိုးရတွင် တာဝန်ထမ်းဆောင် နေကြသော ၀န်ထမ်းများ ၂။ အိမ်ထောင်စုမှတ်ပုံတင်ရပြီးသော သို့မဟုတ် ထိုင်ပေမြို့သစ်တွင် နေထိုင်ကြပြီး အခြေခံ တရုတ်စကား နားလည်ပြီး အရေး၊ အဖတ်၊ အပြောရသော ရွှေ့ပြောင်းနေထိုင်သူအသစ်များ (၂) အဆင့်မြင့် သင်တန်း။ ။ ၁။ အထက်ဖော်ပြပါ အခြေခံအဆင့် အစီအစဉ် ကိုတက်ရောက်ပြီးစီးသည့် သင်တန်းသားများ (ဦးစားပေးတက်ရောက်ခွင့် ရရှိပါမည်။) ၂။ ၂၉ ခရိုင် အစိုးရကျန်းမာရေးစင်တာ နှင့် ထိုင်ပေမြို့သစ် ဆေးရုံ၊ ထိုင်ပေမြို့သစ် အစိုးရတွင် တာဝန်ထမ်းဆောင် နေကြသော ၀န်ထမ်းများ ၃။ အိမ်ထောင်စုမှတ်ပုံတင်ရပြီးသော သို့မဟုတ် ထိုင်ပေမြို့သစ်တွင် နေထိုင်ကြပြီး အခြေခံ တရုတ်စကား နားလည်ပြီး အရေး၊ အဖတ်၊ အပြောရသော ရွှေ့ပြောင်းနေထိုင်သူအသစ်များ *အခြား သတိပြုရမည့် အချက်များ။ ။ (၁) အစီအစဉ်ကို အခမဲ့တက်ရောက်နိုင်ပြီး သင်တန်းတစ်ခုစီတွင် လူဦးရေ ၅၀ ခန့်သာ တက်ရောက်နိုင်ရန် ကန့်သတ်ထားပါသည်။ (၂) ဤသင်တန်း၏ ပို့ချချိန်မှာ သဘောပေါက်ရန်အတွက် လိုအပ်ချိန်ဖြစ်ပါပါသည်၊ တက်ရောက်မည့်သူများသည် နေ့စဉ် စာသင်ချိန်အတွင်း အဝင်အထွက်အချိန်များကို လက်မှတ်ထိုးစာရွက်တွင် ဖြည့်စွက်ရမည် ဖြစ်ပါသည်။ သင်တန်းတစ်ခုအတွက် စုစုပေါင်း ပို့ချချိန်မှာ ၁၆ နာရီ ဖြစ်ပြီး ပို့ချချိန် စုစုပေါင်း ၏ ထက်ဝန့်ထက်ပိုပြီး ခွင့်ယူလျှင် သို့မဟုတ် တက်ရောက်ရန် ပျက်ကွက်လျှင် သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကို ထုတ်ပေးလိမ့်မည် မဟုတ်ပါ။ (၃) ပြန်သုံးနိုင်သော ထမင်းပန်းကန် နှင့် ဇွန်းခက်ရင်းများကို ယူဆောင်လာပါ။ *မှတ်ပုံတင်ရန် အချက်အလက် နှင့် ဆက်သွယ်ရမည့် ပုဂ္ဂိုလ် (၁) အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ခြင်း (ကျန်းမာရေးဌာန၏ တရားဝင် ၀က်ဘ်ဆိုက်ဒ်၏ မူလစာမျက်နှာ၊ ထိုင်ပေမြို့သစ် အစိုးရ/၀န်ဆောင်မှုများ/အစီအစဉ်များ နှင့် လှုပ်ရှားမှုများတွင် မှတ်ပုံတင်ခြင်း) (၂) ဖက်စ်ဖြင့် မှတ်ပုံတင်ခြင်း၊ ဖက်စ် နံပါတ်။ ။ (၀၂)၂၂၅၈-၅၀၀၆ (၃) ဆက်သွယ်ရမည့် ပုဂ္ဂိုလ်၊ မစ္စ လျို၊ ကျန်းမာရေး စီမံခန့်ခွဲမှု ဌာနစိတ်၊ ဖုန်း။။(၀၂)၂၂၅၇-၇၁၅၅ လိုင်းခွဲ ၁၇၃၃၊ အီးမေးလ်။ ။ AM9510@ntpc.gov.tw
更新日期:
2024年5月5日
|