ပညာရေးဆိုင်ရာ အစီအစဉ်

ရှင်းကျူမြို့အစိုးရ ပညာရေးဝန်ကြီးဌာန ပညာရေးလေ့လာသင်ယူရေးသင်တန်း

點閱:394

၁. မူလတန်း အလယ်တန်းကျောင်း
လက်ခံလိုလားသူများ :
(၁) မူလတန်းတွဲဖက်ကျောင်း : အသက် ၁၂ နှစ်ပြည့်ရမည်။ ကျောင်းမှ အရည်အခြင်းအလိုက် စမ်းသပ်စာမေးပွဲဖြေဆိုပြီးသူ သို့မဟုတ် အရွယ်ရောက်အခြေခံပညာလေ့လာရေးသင်တန်းပြီးမြောက်ခြင်းလက်မှတ် စသည့်ပညာရေးအထောက်အထားစာရွက်စာတမ်း ရှိသူများ။
(၂) အလယ်တန်းကျောင်း : အသက် ၁၅ နှစ်ပြည့်ရမည်။ မူလတန်းကျောင်းပြီးမြောက်ခြင်းလက်မှတ် သို့မဟုတ် တန်းသူညီမျှသောပညာအရည်အချင်း သို့မဟုတ် မိမိကိုယ်ပိုင်လေ့လာသင်ယူပြီး စမ်းသပ်စာမေးပွဲအောင်မြင်သောအထောက်အထားရှိသူများ။
၂. အရွယ်ရောက်အခြေခံပညာရေးသင်တန်း
(၁) လက်ခံလိုလားသူများ
အသက် ၁၅ နှစ်ပြည့်ရမည်။ စာမဖတ်တတ်သူ သို့မဟုတ် မူလတန်းကျောင်းပြီးမြောက်ခြင်းလက်မှတ်မရှိသော ရှင်းကျူမြို့သား (နိုင်ငံခြားအိမ်ထောင်ဖက်အပါအဝင်) ဤမြို့မှကျင်းပသော “အရွယ်ရောက်အခြေခံပညာရေးသင်တန်း” သို့မဟုတ် “နိုင်ငံခြားအိမ်ထောင်ဖက် စာဖတ်တတ်ရန်အထူးသင်တန်း” တွင် အခမဲ့တက်ရောက်နိုင်သည်။
(၂) သင်ကြားမည့်အကြောင်းအရာများမှာ စာဖတ်တတ်ရန်သင်ခန်းစာ (အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင် ့သင်တန်းအဆင့်ခွဲခြားထားသည်။) များဖြစ်ပြီး သင်ကြားချိန်စုစုပေါင်း ရ၂ နာရီ သင်ကြားသွားမည်။ ထို့အပြင် သင်တန်းပြီးဆုံးသွားသောကျောင်းသူကျောင်းသားများအား တသက်တာပညာဆက်လက်သင်ယူလေ့လာရန် ၀ါဒဖြန့်လိုက်ပါသည်။ အဆင့်မြင့်တန်းမှကျောင်းသူကျောင်းသားများအား တရားဝင်ပညာရေးလက်မှတ်ရရှိရန် မူလတန်းတွဲဖက်ကျောင်းသို့သွားရောက်ကျောင်းတက်ဖို့ တိုက်တွန်းပါသည်။

  • 編修日期:2020/08/18
  • 上稿單位:Hsinchu City Government
更新日期: 2024年5月18日