သငျကွားရနျစာအုပျစာတနျးပစ်စညျးမြားပညာရေးဝန်ကြီးဌာနနှင့်ထိုင်ဝမ်အမျိုးသားတက္ကသိုလ်တို့ ပူးပေါင်း၍ အွန်လိုင်းအခမဲ့တရုတ်စကားသင်တန်းကို သင်ကြားပို့ချသွားမည်။點閱:305ပို၍များပြားသော တရုတ်စာသင်ယူလိုကြသူများ၊ နိုင်ငံခြားသားများအား ထိုင်ဝမ်အပေါ်ပို၍နားလည်သိရှိ စေရန် ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာနသည် ထိုင်ဝမ်အ မျိုးသားတက္ကသိုလ်ကို “တရုတ်စာအလယ်ဆင့်သင်ကြား ရေးသင်တန်း” နှင့် “ယဉ်ကျေးမှုလမ်းညွှန်ပြသခြင်း” အစ ရှိသည်တို့ပါဝင်သော ဒုတိယသင်တန်း MOOCs ဒစ်ဂျစ် တယ်သင်တန်း-“ဘယ်သူစကားပြောနေတာလဲ-ချစ်စရာ ထိုင်ဝမ်” ကို ထပ်မံစီမံစေပြီး ကမ္ဘာ့အကြီးဆုံး MOOCs ရှိ သင်ကြားရေးပလက်ဖောင်း Coursera တွင် တရား ဝင် စတင်သင်ကြားပို့ချသွားမည်။ ပြည်ပရှိလေ့လာသူ များနှင့်တရုတ်စာသင်ကြားနေသောဆရာ၊ဆရာမများအား လေ့လာရန်နှင့်သင်ရိုးညွှန်းတမ်းအဖြစ် အသုံးပြုသွားနိုင် သောအရင်းအမြစ်အဖြစ် အခမဲ့လုပ်ဆောင်ပေးသွား မည်။ ပထမသင်တန်းသည် အခြေခံမှစသင်သူများ “အ ခြေခံမှတစ်အဆင့်ထိ တရုတ်စာသင်ယူခြင်း” နှင့် သင့် တော်ပြီး သင်တန်းစတင်သင်ကြားနေပြီး ဖြစ်သည်။ ဒုတိ ယသင်တန်းမှာ တရုတ်စာအလယ်ဆင့်ရှိသူများနှင့်သင့် တော်သည်။ ထိုင်ဝမ်၏သဘာဝရှုခင်းများနှင့်ယဉ်ကျေးမှု၊ ထူးခြားထုတ်ကုန်များကို လူအဖြစ်သဘောထားပြီး ဤ ဒေသ၏ယဉ်ကျေးမှုထူးခြားမှုကို ပြောဆိုသင်ကြားသွား မည်။ ထိုမှတဆင့် အလယ်အဆင့်ရှိဝေါဟာရနှင့်သဒ္ဒါများ ကို သင်ကြားသွားမည်။ သင်ကြားသူသည် အီးမေးလ်ဖြင့်မှတ်ပုံတင်ခြင်း သို့ မဟုတ် ဖေ့စ်ဘွတ်အကောင့်ဖြင့် ဆက်သွယ်လိုက်ရုံနှင့် သင်တန်းကို အခမဲ့နားထောင်နိုင်သည်။ သင်တန်းမှာ လေးပတ်ကိုတစ်ရစ်အဖြစ် ပြန်လည်ထုတ်လွှင့်သွားမည် ဖြစ်ပြီး သင်ယူသူအနေဖြင့် အချိန်မရွေး၊ နေရာမရွေး သင်ယူနိုင်သည်။ စိတ်ဝင်စားသောမိတ်ဆွေများ သို့မ ဟုတ် နိုင်ငံခြားသားများ အင်တိုက်အားတိုက် ပါဝင်မှတ်ပုံ တင်ပြီး အသုံးပြုကြရန် တိုက်တွန်းလိုပါသည်။ အခြေခံမှတစ်အဆင့်ထိတရုတ်စာသင်တန်း။ ။ https://www.coursera.org/learn/learn-chinese-mandarin ဘယ်သူစကားပြောနေတာလဲ-ချစ်စရာထိုင်ဝမ်။ ။ https://www.coursera.org/learn/learn-intermediate-chinese-mandarin
更新日期:
2024年5月19日
|