သငျကွားရနျစာအုပျစာတနျးပစ်စညျးမြားထိုင်ဝမ်အမျိုးသားတက္ကသိုလ်မှ အရှေ့တောင်အာရှနိုင်ငံသားများအတွက် သင်တန်းများဖွင့်လှစ်ပါပြီ။點閱:318ထိုင်ဝမ်အမျိုးသားတက္ကသိုလ်၏ ပညာသင်ကြား ဖွံ့ဖြိုးရေးစင်တာသည် ထိုင်းနိုင်ငံရှိထိုင်ဝမ်သံရုံး၏ကူညီ မှုအောက်တွင် အရှေ့တောင်အာရှနိုင်ငံများ၏ ဖွံ့ဖြိုးမှု အပေါ် လိုအပ်ချက်များအလိုက် သက်ဆိုင်ရာသင်တန်း များကို ထိုင်ဝမ်အမျိုးသားတက္ကသိုလ်၏ Open Courses၊ MOOCs နှင့်ဟောပြောပွဲကွန်ယက်၏ မော်ကွန်းတင်အကြောင်းအရာများကို ပေါင်းစပ်ပြီး သတင်းအချက်အလက်နည်းပညာ၊ စီးပွားရေးနှင့်စီမံ ခန့်ခွဲမှု၊ အာရှပစိဖိတ်ကိုသိရှိနားလည်ခြင်း၊ လူသား နှင့်သမိုင်းဟူ၍ ထူးကဲသောသင်တန်းလေးမျိုးကို ဒစ် ဂျစ်ဒယ်သင်တန်းပုံစံဖြင့် အသိပညာကို အရှေ့တောင် အာရှနိုင်ငံသားများနှင့်ကမ္ဘာ့တစ်ဝှမ်းရှိလူမှုကွန်ယက် တွင် အချိန်မရွေး၊ နိုင်ငံမရွေး သင်ယူနိုင်ရန် မျှဝေထား သည်။ “ထိုင်ဝမ်အမျိုးသားတက္ကသိုလ်မှ အရှေ့တောင်အာရှ နိုင်ငံသားများအတွက် Open Courses” ဝက်ဘ်ဆိုက် (https://asean.dlc.ntu.edu.tw/) တွင် အောက်ပါ ပွင့်လင်းပြီးအခမဲ့ဖြစ်သောဒစ်ဂျစ်ဒယ်သင်တန်းသုံးမျိုး ကို စုစည်းထားသည်။ ၁။ ထိုင်ဝမ်အမျိုးသားတက္ကသိုလ်၏ Open Courses ပါမောက္ခများသင်ကြားသည့်အကြောင်းအရာများကို ရိုက်ကူးထားခြင်းဖြင့် သင်တန်းကိုတက်ရောက်သူများ အနေဖြင့် ထိုင်ဝမ်အမျိုးသားတက္ကသိုလ်ကျောင်းသား များကဲ့သို့ ပါမောက္ခ၏သင်ကြားခြင်းကို နာယူခွင့်ရရှိ မည်။ သင်ကြားလိုသူများအနေဖြင့် ဗွီဒီယိုကိုကြည့်ပြီး သင်ထောက်ကူပစ္စည်းများကို ဒေါင်းယူနိုင်သည်။ ၂။ ထိုင်ဝမ်အမျိုးသားတက္ကသိုလ်၏ MOOCs (Massive Online Open Courses) ကျောင်းပြင်သင်ကြားသူများအတွက် ဆရာများက အ ထူးသီးသန့်ရိုက်ကူးတည်းဖြတ်ထားသော သင်တန်း များကို နိုင်ငံတကာပလက်ဖောင်းဖြစ်သော Coursera တွင် တင်ထားပေးသောသင်တန်းဖြစ်သည်။ သင်ကြား လိုသူများသည် Coursera တွင်တစ်မိနစ်ခန့် အချိန် ပေး၍ အကောင့်ကိုမှတ်ပုံတင်ပေးရုံဖြင့် ထိုင်ဝမ်အမျိုး သားတက္ကသိုလ်အပါအဝင် ကမ္ဘာကျော်ကျောင်းပေါင်း တစ်ရာကျော်၏ အွန်လိုင်းသင်တန်းများကို ကြည့်ရှု နိုင်သည်။ ၃။ ထိုင်ဝမ်အမျိုးသားတက္ကသိုလ်၏ဟောပြောပွဲကွန် ယက် ထိုင်ဝမ်အမျိုးသားတက္ကသိုလ်သို့ လာရောက်ဟောပြောဖူး သော ပြည်တွင်းပြည်ပမှနာမည်ကျော်ပညာရှင်များ၊ ပုဂ္ဂိုလ်များ၏ ဟောပြောချက်မှတ်တမ်းဗွီဒီယိုကို အများ ပြည်သူကြည့်ရှုနိုင်ရန် တင်ထားသည်။
更新日期:
2024年5月19日
|