လူမှုဖူလုံရေးထောင်ယွမ်မြို့၏ကလေးသူငယ်စောင့်ရှောက်ခြင်းထောက်ပံ့ငွေ點閱:330ကလေးသူငယ်များ ကျန်းမာသန်စွမ်းစွာကြီးထွားခွင့်ကိုထိန်းသိမ်းခြင်းနှင့် မိသားစု၏ကလေးသူငယ်စောင့်ရှောက်ခြင်းဝန်လေးကို လျှော့ နည်းစေရန် ထောင်ယွမ်မြို့အစိုးရမှ သုံးနှစ်အောက်ကလေးသူငယ်များအတွက် ကလေးသူငယ်စောင့်ရှောက်ခြင်းထောက်ပံ့ငွေကိုစတင်ပြုလုပ် ခဲ့သည်။သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ကလေးတစ်ဦးကိုတစ်လလျှင်ထိုင်ဝမ်ငွေ(၃၀၀၀)ထောက်ပံ့သွားမည်ဖြစ်ပြီး ကလေးသုံးနှစ်ပြည့် သည့်လအထိ ထောက်ပံ့ငွေပေးသွားမည်ဖြစ်သည်။ ထောင်ယွမ်မြို့၏ကလေးသူငယ်ထောက်ပံ့ငွေလျှောက်တင်သူများ၏သတ်မှတ်ချက်များ၊ယူဆောင်သွားရမည့်စာရွက်စာတမ်းများကို ထောင်ယွမ်မြို့အစိုးရလူမှုရေးဝန်ကြီးဌာနဝက်ဘ်ဆိုက် တွင်ရှာဖွေကြည့်ရှုနိုင်သည်။
更新日期:
2024年5月7日
|