ဆုလာဘျနှငျ့ထောကျပ့ံကွေးအလုပ်သမားဝန်ကြီးဌာနမှ အလုပ်လက်မဲ့ထောက်ပံ့ကြေးကို ပေးဆောင်ပါသည်။點閱:303၁။ အောက်ပါအချက်များနှင့်ကိုက်ညီသည့် အလုပ်အ ကိုင်အာမခံစနစ်ပါဝင်ထားသောလုပ်သားများ အလုပ် လက်မဲ့ထောက်ပံ့ကြေးကို လျှောက်၍ရသည်။ (၁) အလုပ်ကိုကိုယ့်သဘောနှင့်ထွက်ခြင်းမဟုတ်ပဲ အ လုပ်ရှင်မှထုတ်ခြင်း (၂) အလုပ်ထွက်ပြီးအလုပ်အကိုင်အာမခံစနစ်မှထွက် လိုက်သည့်ရက်မှစ၍ ရှေ့သုံးနှစ်အတွင်း အာမခံသက် တမ်းတစ်နှစ်ပြည့်သည့်လုပ်သားများ (၃) အလုပ်အကိုင်လုပ်နိုင်သေးသော အလုပ်ဆက် လက်လုပ်ကိုင်လိုသောလုပ်သားများ (၄) အစိုးရအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုအဖွဲ့ အစည်းများတွင် အလုပ်ရှာလိုကြောင်းသွားရောက် မှတ်တမ်းပေးထားပြီး နှစ်ပတ်အတွင်းကိုက်ညီသည့်အ လုပ်ရှာမပေးနိုင်ခြင်း သို့မဟုတ်အသက်မွေးဝမ်း ကျောင်းသင်တန်းများမစီစဉ်ပေးခြင်း ၂။ အလုပ်လက်မဲ့ထောက်ပံ့ကြေးကို အလုပ်မှထွက်ပြီး အလုပ်အကိုင်အာမခံစနစ်မှထွက်သည့်လမှစ၍ ရှေ့ ခြောက်လအတွင်း အာမခံစနစ်တွင် အာမခံထားသော ပျမ်းမျှလစာ၏၆၀%ကို လစဉ်ပေးသွားမှာဖြစ်ပါတယ်။ ထောက်ပံ့ကြေးပေးချိန်ကို အစိုးရအလုပ်အကိုင်ရှာဖွေ ရေးဝန်ဆောင်မှုအဖွဲ့အစည်းများတွင် အလုပ်ရှာလို ကြောင်းသွားရောက်မှတ်တမ်းတင်သည့်ရက်နောက် ပိုင်း ၁၅ရက်မှစ၍တွက်သည်။အသေးစိပ်သတင်းများ ကို အလုပ်သမားဝန်ကြီးဌာန အလုပ်သမားအာမခံ ကြေးဗျူရိုဝက်ဘ်ဆိုက် (http://www.bli.gov.tw/default.aspx)တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။
更新日期:
2024年5月19日
|