အလုပျအကိုငျသတငျးအာရှေ့တောင်အာရှခရီးသွားဧည့်လမ်းညွှန်ကျွမ်းကျင်သူများကို ပျိုးထောင်ပြီး အာရှတောင်ပိုင်းနိုင်ငံများသို့ ခရီးသွားလုပ်ငန်းဈေး ကွက်တိုးချဲ့點閱:402၁။ အထက်တန်း၊အသက်မွေးဝမ်းကျောင်းအထက်တန်းကျောင်းနှင့်ညီမျှသော ပညာရေးအရည်အချင်းရှိသူတိုင်း စာမေးပွဲဝန်ကြီးဌာနမှပြုလုပ်ကျင်းပသော “ သီးသန့်လုပ်ငန်းနှင့်နည်းပညာဝန်ထမ်းများ၏ အထွေထွေစာမေးပွဲခရီးသွား ဧည့်လမ်းညွှန်နှင့်ခရီးသွားအဖွဲ့ဦးဆောင်များစာမေးပွဲ” ကိုဖြေဆို၍ရသည်။ အထက်တန်းနှင့်အသက်မွေးဝမ်းကျောင်းအထက်တန်းအထက် ပညာအ ရည်အချင်းရှိပြီး ကျောင်းပြီးလက်မှတ်ရှိထားသူတိုင်း ဝင်ဖြေခွင့်ရှိပါတယ်။(နိုင် ငံခြားအောင်လက်မှတ်နှင့်ဝင်ဖြေလိုပါက အောင်လက်မှတ်သို့မဟုတ်သက်သေ ခံစာရွက်များသည် မူရင်းပေးရမည်ဖြစ်ပြီး ပြည်ပရှိသံရုံး၏စိစစ်အတည်ပြုပြီး သောစာရွက်စာတမ်းမိတ္တူနှင့်တရုတ်ဘာသာပြန်သို့မဟုတ်ပြည်တွင်းရှိနိုတရီ စာချုပ်စာတမ်းသက်သေခံသူများအတည်ပြုထားသောတရုတ်ဘာသာပြန် စာရွက်စာတမ်း) ခရီးသွားဧည့်လမ်းညွှန်၏ဝန်ဆောင်သူတွေက ထိုင်ဝမ်သို့လာရောက် လည်ပတ်ကြသောနို်င်ငံခြားသားများဖြစ်ပြီး ဤနိုင်ငံခြားခရီးသွားများကို ထိုင် ဝမ်၏သဘာဝရှုခင်းများနှင့် ယဉ်ကျေးမှုအခြေအနေများကိုသိရှိနားလည်အောင် ပြောပြရမည်ဖြစ်ပြီး ခရီးသွားအဖွဲ့ဦးဆာင်သူများက နိုင်ငံခြားသို့သွားရောက် လည်ပတ််မည့်ထိုင်ဝမ်ခရီးသွားများဖြစ်ပြီး အဖွဲ့ဝင်အားလုံးကိုစောင့်ရှောက်ရ မည့်အပြင်ပြည်ဝင်၊ထွက်ကိစ္စအားလုံးကို တာဝန်ယူရသည်။ခရီးသွားဧည့်လမ်း ညွှန်နှင့်ခရီးသွားအဖွဲ့ဦးဆောင်စာမေးပွဲတွင် “တရုတ်ဘာသာစကား” နှင့် “နိုင်ငံ ခြားဘာသာစကား” ဟူ၍နှစ်မျိုးခွဲခြားထားပြန်သည်။ဆိုလိုသည်မှာ “တရုတ်စ ကားပြောခရီးသွားဧည့်လမ်းညွှန်” ၊ “နိုင်ငံခြားဘာသာစကားပြောခရီးသွားဧည့် လမ်းညွှန်” ၊“တရုတ်ဘာသာစကားပြောခရီးသွားအဖွဲ့ဦးဆောင်” နှင့် “နိုင်ငံခြား ဘာသာစကားပြောခရီးသွားအဖွဲ့ဦးဆောင်” ဟူ၍လေးမျိုးခွဲ၍ရသည်။နှစ်စဉ်၏ ဒီဇင်ဘာလတွင်နာမည်စာရင်းပေးပြီး နောက်နှစ်၏မတ်ချ်လတွင် စာမေးပွဲဖြေ ဆိုရသည်။နိုင်ငံခြားဘာသာစကားပြောခရီးသွားဧည့်လမ်းညွှန်နှင့်ခရီးသွားအဖွဲ့ ဦးဆောင်က အင်တာဗျူးတစ်ခုပို၍ဖြေရပြီး တရုတ်ဘာသာစကားပြောခရီးသွား ဧည့်လမ်းညွှန်နှင့်ခရီးသွားအဖွဲ့ဦးဆောင်များကစာမေးပွဲတစ်ခုသာဖြေဆိုရန် လိုသည်။ ၂။ စာမေးပွဲဝန်ကြီးဌာန၏ ခရီးသွားဧည့်လမ်းညွှန်နှင့်ခရီးသွားအဖွဲ့ဦးဆောင် များစာမေးပွဲကိုအောင်ပြီး သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလုပ်ငန်း ဗျူရိုမှပြုလုပ်သော လုပ်ငန်းခွင်မဝင်မီကြိုတင်လေ့ကျင့်ရေးသင်တန်းများတက် ရောက်ပြီး သင်တန်းဆင်းလက်မှတ်ရရှိပြီးလျှင် ခရီးသွားဧည့်လမ်းညွှန်ဝန် ဆောင်မှုလိုင်စင်ကိုလျှောက်၍ရသည်။ ခရီးသွားဧည့်လမ်းညွှန်နှင့်ခရီးသွားအဖွဲ့ဦးဆောင်သူစာမေးပွဲအောင်ပြီး အောင်လက်မှတ်ရရှိထားသူများသည် ခရီးသွားလုပ်ငန်းကိုမစတင်မီ သယ်ယူပို့ ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလုပ်ငန်းဗျူရိုမှပြုလုပ်သော လုပ်ငန်းမဝင်ခင် ကြိုတင်လေ့ကျင့်ရေးသင်တန်းများကို တက်ပြီးစာမေးပွဲအောင်မှ ခရီးသွားဧည့် လမ်းညွှန်ဝန်ဆောင်မှုလိုင်စင်ရရှိမည်။ခရီးသွားလုပ်ငန်းကိုုချက်ချင်းမစတင်ချင် သူများ တစ်နှစ်ထဲတွင်ပြုလုပ်သောလေ့ကျင့်ရေးသင်တန်းများကို တက်ရောက် ရန်မလိုပါ။ခရီးသွားဧည့်လမ်းညွှန်အောင်လက်မှတ်သည် သက်တမ်းအကန့်အ သတ်မရှိ၊ရာသက်ပန်သုံး၍ရသည်။သို့သော်လေ့ကျင့်ရေးသင်တန်းပြီး၍ ခရီး သွားဧည့်လမ်းညွှန်ဝန်ဆောင်မှုလိုင်စင်ယူပြီး သုံးနှစ်အတွင်းခရီးသွားအတွေ့အ ကြုံမရှိသေးပါက နောက်တစ်ကြိမ်ထပ်၍ကြိုတင်လေ့ကျင့်ရေးသင်တန်းကို ထပ်မံတက်ရမည်။ ခရီးသွားဧည့်လမ်းညွှန်နှင့်ခရီးသွားအဖွဲ့ဦးဆောင်များ၏ လုပ်ငန်းခွင်မဝင် မီကြိုတင်လေ့ကျင့်ရေးသင်တန်းများကို သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီး သွားလုပ်ငန်းဗျူရိုမှ မကြာခဏသင်တန်းများဖွင့်ပြီး နေ့သင်တန်းနှင့်ညသင် တန်းဟူ၍ သင်တန်းကာလအမျိုးမျိုးခွဲခြားလေ့ကျင့်ပေးသည်။ထိုင်ဝမ်သက္က ရာဇ်၁၀၆ခုနှစ်၏ ကြိုသင်လေ့ကျင့်ရေးသင်တန်းဖွင့်ချိန်ကို တရုတ်သမ္မတနို်င်ငံ ခရီးသွားဧည့်လမ်းညွှန်များအသင်း၊တရုတ်သမ္မတနိုင်ငံ ခရီးသွားအဖွဲ့ဦးဆောင် များအသင်း၊ချောင်ရန် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဝက်ဘ်ဆိုက် များတွင် ရှာဖွေကြည့်ရှုနိုင်သည်။ ၃။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလာရေးလုပ်ငန်းဗျူရိုမှ “လူနည်း သုံးဘာသာစကား-ခရီးသွားဧည့်လမ်းညွှန်လိုင်စင်ရရှိရေးလေ့ကျင့်သင်တန်း” များကို နှစ်စဉ်ဖွင့်လှစ်လုပ်ဆောင်ခဲ့ပြီး နို်င်ငံသားသစ်များကို ခရီးသွားဧည့် လမ်းညွှန်စာမေးပွဲအောင်မြင်နိုင်ရန် ကူညီပံ့ပိုးပေးသည်။ ခရီးသွားဧည့်လမ်းညွှန်များသည် အထက်တန်းနှင့်ညီမျှသောပညာအရည် အချင်းရှိရမည့်အပြင် စာမေးပွဲဝန်ကြီးဌာနမှကျင်းပသော “သီးသန့်လုပ်ငန်းနှင့် နည်းပညာဝန်ထမ်းများ၏ အထွေထွေစာမေးပွဲခရီးသွားဧည့်လမ်းညွှန်နှင့်ခရီး သွားအဖွဲ့ဦးဆောင်များစာမေးပွဲ”အောင်ပြီး လိုင်စင်ရရှိပြီးမှ ခရီးသွားဧည့်လမ်း ညွှန်လုပ်၍ရသည်။သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလာရေးလုပ်ငန်း ဗျူရိုမှ နှစ်စဉ်၏စက်တင်ဘာလမှနိုဝင်ဘာလအထိ “လူနည်းသုံးဘာသာစကား ပြောခရီးသွားဧည့်လမ်းညွှန်လိုင်စင်ရရှိရေးလေ့ကျင့်ခြင်းသင်တန်း”ကို ဖွင့်လှစ် ပေးပြီး သင်တန်းခအားလုံးကို အစိုးရမှအကုန်ကျခံပြီး ခရီးသွားဧည့်လမ်းညွှန် လိုင်စင်ရရှိအောင် ကူညီပံ့ပိုးပေးသည်။ ၄။ လူနည်းသုံးဘာသာစကား-ခရီးသွားလုပ်ငန်းပံ့ပိုးမှုဝန်ထမ်းများသင်တန်းကို လာရောက်တက်ရောက်ပြီး နိုင်ငံခြားဘာသာစကားပြောခရီးသွားဧည့်လမ်း ညွှန်များကို ဘာသာပြန်ပေးခြင်းဖြင့် ကူညီပံ့ပိုးနိုင်သည်။ နိူင်ငံသားသစ်များသည်မိခင်ဘာသာစကားပြောဆိုတတ်သောအားသာ ချက်ရှိသည်။ခရီးသွားလုပ်ငန်းဆိုင်ရာအသိပညာများနှင့် ပြောဆိုနည်းလမ်းများ ကိုလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံခြားဘာသာစကားပြောခရီးသွားဧည့်လမ်းညွှန် များကို ဘာဘာပြန်ပေးခြင်းဖြင့်ကူညီပံ့ပိုးပေးနိုင်သည်။ဤနည်းဖြင့် မလုံ လောက်သော အရှေ့တောင်အာရှဘာသာစကားပြောခရီးသွားဧည့်လမ်းညွှန် ၏ဟာကွက်ကို ဖြည့်ဆည်းနိုင်သည်။ ၅။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလာရေးလုပ်ငန်းဗျူရိုမှ “ခရီး သွားလုပ်ငန်းစွမ်းဆောင်ချက် e-learning ကျောင်း"ဝက်ဘ်ဆိုက်ထားရှိပြီး များပြားတဲ့ဒစ်ဂျစ်ဒယ်သင်ကြားရေးသင်တန်းများကို လုပ်ဆောင်ပေးနေပါပြီ။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလာရေးလုပ်ငန်းဗျူရိုမှ ခရီး သွားလာရေးလုပ်ငန်းဝန်ထမ်းများကို မိမိ၏ဝန်ဆောင်မှုအရည်အချင်းနှင့်သက် ဆိုင်ရာလက်တွေ့အသိပညာများကို တိုးမြှင့်ကြရန်တိုက်တွန်းအားပေးသည့်အ ပြင် “ခရီးသွားလုပ်ငန်းစွမ်းဆောင်ချက် e-learning ကျောင်း "ဒစ်ဂျစ်ဒယ်သင် ကြားရေးပလက်ဖောင်း(https://elearning.taiwan.net.tw)ကိုတည်ထောင် ခဲ့သည်။ဤဝက်ဘ်ဆိုက်ရှိဒစ်ဂျစ်ဒယ်သင်တန်းများတွင် ခရီးသွားလုပ်ငန်း၏ လက်တွေ့ဝန်ဆောင်မှု၊ဆန်းသစ်ဈေးကွက်အသုံးချနည်း၊လုပ်ငန်းခွင်မဝင်မီကြို တင်လေ့ကျင့်ခြင်း၊အတွေ့အကြံုများမျှဝေခံစားခြင်းအစရှိသည့် အသုံးဝင်သော အသိပညာများနှင့်နည်းပညာများပါဝင်ပြီး ခရီးသွားလုပ်ငန်းဝန်ထမ်းများ လာ ရောက်တက်ရောက်ခြင်းဖြင့် မိမိ၏လုပ်ငန်းခွင်ကျွမ်းကျင်မှုကိုတိုးမြှင့်နိုင်သည်။ ယခုနှစ်ပိုင်းများတွင် အစိုးရမှတောင်ပိုင်းနိုင်ငံများသို့ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးချဲ့ခြင်းပေါ်လစီသစ်ကို ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ဥပမာ-အရှေ့ တောင်အာရှရှိနိုင်ငံများစွာကိုဗီဇာမဲ့ဝင်ခွင့် စမ်းသပ်လုပ်ဆောင်ခြင်း၊အဖွဲ့လိုက် ခရီးသွားများကို ဗီဇာလျင်မြန်လွယ်ကူစွာပေးခြင်းအစရှိသည့်လုပ်ဆောင်နည်း များကိုပြုလုပ်ခဲ့သည်။ဤနည်းများဖြင့် အရှေ့တောင်အာရှရှိခရီးသွားများကို ထိုင်ဝမ်သို့လာရောက်လည်ပတ်ကြရန် ကြိုးစားခဲ့သည်။တကယ်လဲ ထိုင်ဝမ်သို့ လာရောက်လည်ပတ်သောခရီးသွားများ သိသိသာသာတိုးများခဲ့သည်။ခရီး သွားများလာသည့်အလျောက် ခရီးသွားဧည့်လမ်းညွှန်များမလိုလောက်တော့ ပါ။သို့ဖြစ်ပါ၍အစိုးရက မိခင်ဘာသာစကားတစ်မျိုးပိုမိုပြောတတ်သော နိုင်ငံ သားသစ်များကို ခရီးသွားလာရေးလုပ်ငန်းသို့ဝင်ရောက်လုပ်ဆောင်ကြရန် အားပေးသည့်အပြင် ခရီးသွားဧည့်လမ်းညွှန်လိုင်စင်ရရှိအောင်ကူညီပံ့ပိုးပေး ခြင်းဖြင့် နိုင်ငံသားသစ်များကို လုပ်ငန်းခွင်သို့ဝင်နိုင်ရန် အခွင့်အလမ်းနောက် တစ်ခုထပ်ဖွင့်ပေးခဲ့သည်။ ကိုးကားရာအရင်းအမြစ် စာမေးပွဲဝန်ကြီးဌာန http://wwwc.moex.gov.tw/main/exam/wFrmExamInformation.aspx?y=2017&menu_id=145&sub_menu_id=145 တရုတ်သမ္မတနိုင်ငံခရီးသွားဧည့်လမ်းညွှန်များအသင်း http://train106.tourguide.org.tw/north/page06.asp http://train-lang.tourguide.org.tw/north/page01.asp ချောင်ရန် သိပ္ပံနှင့်နည်းပညာတက္ကသိုလ် http://web.ce.cyut.edu.tw/files/11-1008-709.php?Lang=zh-tw http://web.ce.cyut.edu.tw/files/14-1008-11733,r145-1.php?Lang=zh-tw သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလာရေးလုပ်ငန်းဗျူရို https://elearning.taiwan.net.tw
更新日期:
2024年5月3日
|