ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ

တရုတ်နှစ်သစ်ကူးမတိုင်မီ ပြည်တွင်းသို့ ဝင်ရောက်လာမည့် လူအုပ်ကြီးကို တုံ့ပြန်သောအားဖြင့် ဗဟိုကပ်ရောဂါညွှန်ကြားရေးစင်တာမှ သီးခြားနေထိုင်ခြင်း(ကွာရန်တင်း)အစီအမံများကို ပြုပြင်ပြောင်းလဲထားသည်။

點閱:271
တရုတ်နှစ်သစ်ကူးမတိုင်မီ ပြည်တွင်းသို့ ဝင်ရောက်လာမည့် လူအုပ်ကြီးကို တုံ့ပြန်သောအားဖြင့် ဗဟိုကပ်ရောဂါညွှန်ကြားရေးစင်တာမှ သီးခြားနေထိုင်ခြင်း(ကွာရန်တင်း)အစီအမံများကို ပြုပြင်ပြောင်းလဲထားသည်။

ပြည်တွင်း COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုအခြေအနေ နှေးကွေးသွားခြင်းနှင့် နိုင်ငံအချို့၏ COVID-19 ကပ်ရောဂါကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်တက်လာခြင်းတို့အပြင် တရုတ်နှစ်သစ်ကူးနှင့် နီးကပ်လာပြီဖြစ်ပြီး ပြည်ပရောက်ထိုင်ဝမ်နိုင်ငံသားများ ဇာတိမြေသို့ ပြန်လာလိုသည့် စိတ်ဆန္ဒပြင်းပြမှုတို့ကြောင့် ဗဟိုကပ်ရောဂါညွှန်ကြားရေးစင်တာသည် ယခုနှစ် (၂၀၂၁)ခုနှစ် ဒီဇင်ဘာလ ၁၄ရက်နေ့မှ လာမည့်နှစ် (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ထိ ၁၄ ရက်ကြာ သီးသန့်နေထိုင်ခြင်း (ကွာရန်တင်း) နှင့် ၇ ရက်ကြာ တစ်ကိုယ်ရည်ကျန်းမာရေးစီမံခန့်ခွဲခြင်းတို့ကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သက်ဆိုင်ရာ ပြောင်းလဲထားသော အစီအမံများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အန္တရာယ်မြင့်မားသော နိုင်ငံများမှ ဝင်ရောက်လာသူများအား ဗဟိုကွာရန်တင်းစင်တာများတွင် ၁၄ ရက်ကြာ နေထိုင်မှုကို ဆက်လက်ထိန်းသိမ်းထားသည်။

၂။ အန္တရာယ်မမြင့်မားသည့် နိုင်ငံများမှ ဝင်ရောက်လာသူများအနေဖြင့် ရှေ့ပိုင်း ၁၀ ရက်တွင် ကွာရန်တင်းဟိုတယ်များ၌ တည်းခိုခြင်း သို့မဟုတ် မိမိကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် ဗဟိုကွာရန်တင်းစင်တာများတွင် တည်းခိုခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပြီး နောက်ပိုင်း ၄ ရက်တွင် မိမိနေအိမ်၌ ကွာရန်တင်းလုပ်ဆောင်နိုင်သည်။

(၁) တစ်ဦးတည်း တည်းခိုရာတွင် ကွာရန်တင်းဟိုတယ် သို့မဟုတ် ဗဟိုကွာရန်တင်းစင်တာများ၌ တစ်ယောက်တစ်ခန်း နေထိုင်ရမည်။ သို့သော် တစ်ရက်တည်းတွင် ပြည်တွင်းသို့ဝင်ရောက်လာသော မိသားစုဝင်များ/အတူတကွနေထိုင်သူများသည် ကွာရန်တင်းဟိုတယ်များ သို့မဟုတ် မိမိကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် ဗဟိုကွာရန်တင်းစင်တာများ၌ အတူတကွ တည်းခိုနိုင်သည်။ ပြည်သူများ၏ စိတ်ဆန္ဒအရ သို့မဟုတ် ကွာရန်တင်းစင်တာများ၏ အခန်းအမျိုးအစားပေါ်မူတည်၍ ၁ ခန်းထဲ၌ အတူအတွ တည်းခိုနိုင်သည်။ သို့သော် တစ်ယောက်ခန်း အမျိုးအစားမှာ ကျဥ်းမြောင်းသဖြင့် လူ ၂ ယောက်ထက် ပို၍ မတည်းခိုရန် အကြံပြုထားသည်။

(၂) နောက်ပိုင်း ၄ ရက် မိမိနေအိမ်၌ ကွာရန်တင်းလုပ်ဆောင်ရာတွင် ၁ အိမ်ထောင်စု ၁ ယောက် ဖြစ်ရမည်။ သို့သော် အိမ်ထောင်စုအတွင်းရှိ အတူနေထိုင်သော မိသားစုဝင်များသည် ကာကွယ်ဆေးကို ၂ ကြိမ် ထိုးနှံပြီးသည့်အပြင် ၁၄ ရက်လည်း ပြည့်နှံ

ပြီးဖြစ်ပါက ၁ အိမ်ထောင်စု ၁ ခန်း နေထိုင်နိုင်သည်။ ရှေ့ဖော်ပြချက်အရ ကွာရန်တင်းဟိုတယ်တွင် အတူနေထိုင်သူများ အိမ်ပြန်ပြီးနောက် အခန်း ၁ ခန်းတည်းတွင် အတူနေထိုင်နိုင်သည်။

၃။ အန္တရယ်မမြင့်မားသည့် နိုင်ငံများမှ ဝင်ရောက်လာသူများနှင့် သက်ဆိုင်သော စမ်းသပ်စစ်ဆေးမှုအစီအမံများ -

(၁) ပြည်တွင်းသို့ ဝင်ရောက်လာချိန်တွင် လက်တွေ့ကျင့်သုံးနေသော PCR စမ်းသပ်စစ်ဆေးမှုကို လုပ်ဆောင်မည်။

(၂) ကွာရန်တင်းဝင်နေစဥ် ၉-၁၀ ရက်မြောက်တွင် PCR စမ်းသပ်စစ်ဆေးမှုကို ၁ ကြိမ် ထပ်တိုးလုပ်ဆောင်မည်။ ဒေသန္တရအစိုးရသည် လက်ရှိသက်တမ်းကုန်ဆုံးနေသော PCR စမ်းသပ်စစ်ဆေးမှုကြောင့် ဆေးရုံ သို့မဟုတ် ဒေသအခြေအနေပေါ်မူတည်၍ PCR စမ်းသပ်စစ်းဆေးမှုကို စီစဥ်ပေးမည်။

(၃) စမ်းသပ်စစ်ဆေးမှုရလဒ် အနုတ်ဖြစ်သူများသည် ကွာရန်တင်း ၁၁ ရက်မြှောက်နေ့ (ပြည်တွင်းဝင်ရောက်လာသည့်နေ့+၁၁ရက်) တွင် ကွာရန်တင်းတက္ကစီကို စီးနှင်းပြီး မိမိနေအိမ် သို့မဟုတ် သူငယ်ချင်းမိတ်ဆွေနေထိုင်ရာအိမ်သို့ သွားရောက်ပြီး ၁၁-၁၄ ရက် နေအိမ်ကွာရန်တင်းကို လုပ်ဆောင်နိုင်သည်။

(၄) နေအိမ်ကွာရန်တင်းကာလ မပြည့်မီ ၁ ရက်အလိုတွင် သတ်မှတ်စည်းမျဥ်းစည်းကမ်းအရ PCR စမ်းသပ်စစ်ဆေးမှုကို လုပ်ဆောင်မည်။ နောက်ပိုင်း တစ်ကိုယ်ရည်ကျန်းမာရေးစီမံခန့်ခွဲမှုကာလ ၆-၇ ရက်မြှောက်နေ့တွင် အိမ်သုံး Antigen အမြန်စစ်ဆေးခြင်းဖြင့် အမြန်စစ်ဆေးမှု ၁ ကြိမ် လုပ်ဆောင်ရန်မလိုပါ။

  • 編修日期:2021/11/05
  • 上稿單位:衛生福利部疾病管制署
更新日期: 2024年4月26日