ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍကာကွယ်ဆေးထိုးနှံခြင်းအတွက် ခွင့်ရက်點閱:262သင့်လျော်သူများအလုပ်သမားများ (ရွှေ့ပြောင်းလုပ်သားများလည်း ပါဝင်သည်။) ခွင့်ကာလ အပိုင်းအခြားကာကွယ်ဆေး ထိုးနှံသည့်နေ့မှ စတင်၍ ထိုးနှံပြီးနေ့ ၂၄ နာရီ အထိ ကာကွယ်ဆေး သွားရောက်ထိုးနှံချိန် ၊ ထိုးနှံပြီးနောက် ဆိုးရွားတုံ့ပြန်မှုများရှိပါက လျှောက်ထားနိုင်မည်ဖြစ်သည်။ ခွင့်ပေးကြောင်း သက်သေလက်မှတ် ကာကွယ်ဆေးထိုးနှံပြီးနောက် "COVID-19 ကာကွယ်ဆေးထိုးနှံမှု မှတ်တမ်းကတ်ပြား" ဖြင့် စစ်ဆေးမှု ပြုလုပ်နိုင်သည်။ ဆေးကုသမှု နှင့် အခြားသော ထောက်ခံချက်များ မလိုအပ်ပါ။ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များ အလုပ်ရှင်များမှ ငြင်းဆန်ခြင်း မရှိစေရ။ ထို့အပြင် အလုပ်ပျက်ကွက်အဖြစ် သတ်မှတ်ခြင်း သို့မဟုတ် ကိုယ်ရေးကိုယ်တာခွင့်ရက် သို့မဟုတ် အခြားသော ကာကွယ်ရေး ခွင့်အမျိုးအစား ခွင့်ရက်များအဖြစ် အတင်းအကျပ် ယူစေခြင်းများ မရှိစေရ။ အလုပ်ရက်မှန်ကြေးဘောက်ဆူးအား ဖြတ်တောက်ခြင်း ၊ အလုပ်မှ ထုတ်ပယ်ခြင်း သို့မဟုတ် အခြားသော မှန်ကန်သင့်လျော်မှုမရှိသော အရေးယူခြင်းများ မလုပ်ဆောင်ရ။ ကာကွယ်ဆေးထိုးနှံခြင်းအတွက် ခွင့်ရက်သည် အလုပ်သမားများအနေဖြင့် ကာကွယ်ဆေးထိုးနှံရန် ခွင့်တောင်းချိန်၌ ထပ်တိုးရွေးချယ်မှုတစ်ခု ဖြစ်လာသည်။ အလုပ်ရှင်များမှ မှန်ကန်သင့်လျော်မှုမရှိသော အရေးယူခြင်းများ သို့မဟုတ် ဆက်ဆံခြင်းများ လုပ်ဆောင်ခွင့်မရှိပါ။
更新日期:
2024年5月8日
|