ပေါ်လစီသတင်းအချက်အလက်ရွှေ့ပြောင်းနေထိုင်သူလူဦးရေ၏ စနစ်အသစ်ကိုရယူလိုက်ပါ။點閱:230ရွှေ့ပြောင်းနေထိုင်သူလူဦးရေ၏ စနစ်အသစ်ကိုရယူလိုက်ပါ။ မသိထားလို့မဖြစ်သည့် စီးရီး ၁/၄- နံပါတ်အဟောင်းကိုအသစ်သို့ မည်သို့ ပြောင်းရမလဲ။ တိုက်တွန်းနှိုးဆော်ချက်။ တူညီသောအစားထိုးယန္တရားစနစ် (လျှောက်လွှာတစ်ခုချင်းစီ၏ မူလ ပုံစံကို အသုံးပြုသည်။) စနစ်အသစ် အကောင့်နံပါတ် တစ်ခုကိုပြန်လည် ထုတ်လိုသည်။ (လျှောက်လွှာ အသစ် ကိုအသုံးပြုသည်။) နည်းလမ်း ရွှေ့ဆိုင်းခြင်း၊ ဒေတာပြောင်းလဲခြင်း သို့မဟုတ် သက်သေခံလက်မှတ် အစားထိုး (ပြောင်းလဲ) ထုတ်ပေးသောအခါ စနစ်အဟောင်းနံပါတ်ကို တစ်ချိန်တည်းအသစ်သို့ အသစ်ပြောင်းလဲပေးလိမ့်မည်။ သက်တမ်းကုန်ဆုံးခြင်းမတိုင်မှီ စနစ်အသစ်အကောင့်နံပါတ်တစ်ခုကိုသာ ပြန်လည်ထုတ်ယူလိုသူများ (နောက်တစ်ခုမှာ အများပြည်သူသည် ခွဲဲခြား၍ စနစ်အသစ် အကောင့်နံပါတ်တစ်ခု ပြောင်းလဲထုတ်ယူနိုင်သည်။ ဤဆောင်ရွက် ချက်သည် ရွှေ့ပြောင်းအလုပ်သမား မဟုတ်သော ရွှေ့ပြောင်း နေထိုင်သူများကို ဦးစားပေးသည်။) အခကြေးငွေကောက်ခံခြင်း အထက်ဖော်ပြပါနည်းလမ်းဖြင့် စနစ်အသစ်အကောင့် နံပါတ် ပြောင်းလဲ ပါက အခကြေးငွေ အပိုထပ်ဆောင်းပေးစရာမလိုပါ။ မူလ သက်တမ်း တိုးခြင်း၊ ဒေတာပြောင်းလဲခြင်း သို့မဟုတ် သက်သေခံ လက်မှတ် အစားထိုး (ပြောင်းလဲ) ခြင်းများအတွက် အခကြေးငွေကို သာ ပေးဆောင် ရန်လိုအပ်သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ စနစ်အသစ်အကောင့်နံပါတ်ပြောင်းလဲခြင်း၏ တစ်စိတ် တစ်ပိုင်းကို အခကြေးငွေ ပေးဆောင်ရန် ကင်းလွတ်ခွင့်ပေးသည်။ အခြားများ ၂၀၃၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စနစ်ဟောင်း နံပါတ်များ အသုံးပြု ခြင်း လုံးဝရပ်ဆိုင်းသွားမည်ဖြစ်သည်။ ၂၀၃၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မတိုင်မီ နံပါတ်အသစ် မပြောင်းလဲ ရသေးပါက နံပါတ်အဟောင်းကို အသုံးပြုနိုင်ဆဲဖြစ်သည်။ သက်သေခံလက်မှတ် သက်တမ်းမကုန်ဆုံးမီ စနစ်အသစ် အကောင့် နံပါတ် ပြောင်းရုံသာဆိုပါက သက်သေခံလက်မှတ်၏ သက်တမ်း ကာလသည် မပြောင်းလဲပါ။ မှတ်ချက်။ ။ ရွှေ့ပြောင်းနေထိုင်သူလူဦးရေတွင် "ထိုင်ဝမ်တွင် မှတ်ပုံတင် ထားခြင်းမရှိသော နိုင်ငံသားများ၊ နိုင်ငံခြားသားများ၊ တရုတ်ပြည် မကြီးမှပြည်သူများ၊ ဟောင်ကောင် သို့မဟုတ် မကာအို တွင် နေထိုင် သူများ" ပါဝင်သည်။ ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ NIA စနစ်အသစ် ရွှေ့ပြောင်းနေထိုင်သူ လူဦးရေ စုစည်းထားသော သက်သေခံလက်မှတ် နံပါတ်များဧရိယာ တွင် ကြည့်ပါ။ မသိထားလို့မဖြစ်သည့် စီးရီး ၂/၄- အခြားသက်သေခံ လက်မှတ် များကို ထိခိုက်စေနိုင်သလား။ ချက်ချင်းသက်တမ်းတိုးရန်လိုအပ်သော သက်သေခံလက်မှတ်များ။ သဘာဝနိုင်ငံသား အသိအမှတ်ပြုလက်မှတ် (တစ်ချိန်တည်းတွင် NIA ကောင်တာတွင် လျှောက်ထားနိုင်သည်။) လတ်တလောထိခိုက်မှုမရှိသော သက်သေခံ လက်မှတ်များ/ အချက်အလက်များ ကျန်းမာရေးအာမခံကတ်၊ ယာဉ်မောင်းလိုင်စင်၊ ဘဏ်စာတိုက် အကောင့်၊ အာမခံအချက်အလက်များ (အလုပ်သမားကျန်းမာရေး အာမခံ၊ ပုဂ္ဂိုလ်ရေး အာမခံ) ထိခိုက်မှုမရှိသောအချက်အလက်များ အခွန်ပုံစံတင်သွင်းခြင်း၊ ကုမ္ပဏီ/ အိမ်ခြံမြေ မှတ်ပုံတင်ခြင်း၊ ဆက်သွယ် ရေး မသိထားလို့မဖြစ်သည့် စီးရီး ၃/၄- နေထိုင်မှုဘဝကိစ္စရပ်များကို ထိခိုက်မှု ရှိစေနိုင်မလား။ မြန်နှုန်းမြင့်ရထား.ထိုင်ဝမ်ရထား.ခရီးသည်ပို့ဆောင်ရေး- စနစ် အသစ်/ အဟောင်း အကောင့်နံပါတ်/ပတ်စ်ပို့နံပါတ် အသီးသီးကို အသုံးပြုနိုင်သည်။ လေယာဉ်ပျံ- ပြည်တွင်းလေယာဉ်များအတွက် စနစ် အသစ်/ အဟောင်း အကောင့်နံပါတ်/ ပတ်စ်ပို့နံပါတ် အသီးသီးကို အသုံးပြုနိုင်သည်။ ယာဉ်မောင်းလိုင်စင်- ထိခိုက်မှုမရှိပါ။ (သက်တမ်းကုန်ဆုံးပြီးနောက် ပြောင်းလဲနိုင်သည်။) နှာခေါင်းစည်း ကြိုတင်မှာယူဝယ်ယူခြင်း- ထိခိုက်မှုမရှိပါ။ ဆေးမှတ်တမ်း- ထိခိုက်မှုမရှိပါ။ ကျန်းမာရေးအာမခံကတ်- ကတ်နံပါတ်အဟောင်းဖြင့် အာမခံတိုးမြှင့် ပါက ကတ်အဟောင်းနှင့် ဆရာဝန်ပြသနိုင်သည်။ ကတ်နံပါတ် အသစ်ဖြင့် အာမခံတိုးမြှင့်ပါက ကတ်အသစ်ပြောင်းလဲရန် လိုအပ် သည်။ (ကုန်ကျ စရိတ် ယွမ် ၂၀၀ ပေးဆောင်ရမည်။) အခွန်ရှင်းတမ်း- စနစ် အသစ်/ အဟောင်းနံပါတ် နှစ်မျိုးစလုံးကို အသုံးပြုနိုင်သည်။ ဘဏ်- အချက်အလက်ပြောင်းလဲခြင်းကိစ္စရပ်များကို ဘဏ်မှ အသိ ပေး အကြောင်းကြားလိမ့်မည်။ စာတိုက်.အာမခံ- အချက်အလက်များကို ချက်ချင်းပြောင်းလဲရန် မလို အပ်ပါ။ အီး-စီးပွားရေး ပလက်ဖောင်း- အများစုကို ထိခိုက်ခြင်းမရှိပါ။ စနစ်အသစ် အကောင့်ပလက်ဖောင်းကို လက်မခံနိုင်ကြောင်း တွေ့ရှိ ပါက အောက်ပါလိုင်းများမှတဆင့် တုံ့ပြန်သတင်းပို့ပါ။ ထိုင်ဝမ်တွင်နေထိုင်သော နိုင်ငံခြားသားများအတွက် အကြံပေး ဝန်ဆောင်မှု Hotline- (0800-024-111) ပြည်ထဲရေးဝန်ဆောင်မှုလုပ်ငန်း Hotline (1996) ၊ လူဝင်မှု ကြီးကြပ်ရေး ညွှန်ကြားရေးမှူး၏စာတိုက်ပုံး။ စီးပွားရေးရာဝန်ကြီးဌာန၏အထူးလိုင်း (02-23212200 လိုင်းခွဲ 8751) မသိထားလို့မဖြစ်သည့် စီရီး ၄/၄- နေထိုင်မှုဘဝကိစ္စရပ်များကို ထိခိုက်မှု ရှိစေနိုင်မလား။ ကုမ္ပဏီမှတ်ပုံတင်ခြင်း- ထိခိုက်မှုမရှိပါ။ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း- ထိခိုက်မှုမရှိပါ။ အိမ်ခြံမြေမှတ်ပုံတင်ခြင်း- ထိခိုက်မှုမရှိပါ။ ဗုံပိုင်ရေ- ထိခိုက်မှုမရှိပါ။ မိုဘိုင်းဖုန်းနံပါတ်- လျှောက်ထားခြင်းနှင့် သုံးစွဲခြင်းကို ထိခိုက်မှုမရှိပါ။ လျှပ်စစ်ဓာတ်အား.သဘာဝဓာတ်ငွေ့- အချက်အလက် ချက်ချင်း ပြောင်းလဲရန်မလိုပါ။ ခန်းမနှစ်ခုအတွက် လက်မှတ်ဝယ်ယူခြင်း- ထိခိုက်မှုမရှိပါ။ အမျိုးသားအော်ပရာရုံအတွက် လက်မှတ်ဝယ်ယူခြင်း- ထိခိုက်မှုမရှိပါ။ ဝေ့ဝူရင် လက်မှတ်ဝယ်ယူခြင်း- ထိခိုက်မှုမရှိပါ။ သဘာဝနိုင်ငံသား အသိအမှတ်ပြုလက်မှတ်- (NIA ကောင်တာ လျှောက်ထားမှု) ပြောင်းလဲရန်လိုအပ်သည်။ ပြည်သူ့အဖွဲ့အစည်းအသင်းဝင်ခြင်း- ထိခိုက်မှုမရှိပါ။ သင်္ဘောအမှုထမ်းလက်စွဲ- သက်တမ်းကုန်ဆုံးချိန်တွင် တစ်ချိန်တည်း အစားထိုးပြောင်းလဲပါ။
更新日期:
2024年5月8日
|