သင်ကြားလေ့ကျင့်ရေးဆိုင်ရာ သင်ရိုးများ

ထိုင်ကျုံးမြို့အစိုးရ၏ အလုပ်လက်မဲ့များအတွက် အသက်မွေးဝမ်းကျောင်းပညာ လေ့ကျင့်ရေး အစီအစဉ်

點閱:478

လာရောက်နေထိုင်သူ အသစ်များ၏ အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်မှုများကို မြှင့်တင်ရန်အတွက် ထိုင်ကျုံးမြို့အစိုးရ၏ လုပ်သားရေးရာဗြူရိုသည် အဆင့်အမျိုးမျိုး ပါဝင်သည့် အသက်မွေးဝမ်းကျောင်းပညာ လေ့ကျင့်ရေးသင်တန်း တစ်ခုကို ကျင်းပရန် စီစဉ်ထားသည်။ နေထိုင်သူအသစ်များ အနေဖြင့် ဤလေ့ကျင့်မှုများတွင် အခမဲ့ပါဝင်နိုင်ပြီး လေ့ကျင့်မှုအတွင်း အရည်အချင်းပြည့်မီကြောင်း အသိအမှတ်ပြု ခွင့်ပြုချက်ရရှိသူများသည် အသက်မွေးဝမ်းကျောင်းပညာ လေ့ကျင့်မှုဆိုင်ရာ ထောက်ပံ့ကြေးရရန် လျှောက်ထားနိုင်ပါသည်။ အလုပ်အကိုင် ရှာဖွေလိုသည့် နေထိုင်သူအသစ်များ အနေဖြင့် လေ့ကျင့်ရေးဆိုင်ရာ အခွင့်အလမ်းများကို အခွင့်ကောင်းယူ အသုံးချပြီး ထိုင်ကျုံးမြို့အစိုးရ၏ လုပ်သားရေးရာဗြူရို သို့ အလျှင်သွားရောက်၍ဖြစ်စေ၊ TaiwanJobs အလုပ်အကိုင်ဆိုင်ရာ အင်တာနက်စာမျက်နှာသို့ ဝင်ရောက်၍ဖြစ်စေ သက်ဆိုင်ရာ သင်တန်းများအကြောင်း ကြည့်ရှုနိုင်ပါသည်။  

  • 編修日期:2020/08/06
  • 上稿單位:內政部移民署
更新日期: 2024年4月23日