အလုပျအကိုငျသတငျး

၂၀၂၀ အလုပ်အကိုင်ပြပွဲ

點閱:467

ကျွန်ုပ်တို့သည် ၂၀၂၀ ခုနှစ်အတွက် ပွဲနေရာတွင် ချက်ချင်းဝန်ထမ်းရှာဖွေ ခန့်ထားမှုများ ပါဝင်မည့် အလုပ်အကိုင်ပြပွဲကြီး ၅ ပွဲကို ထောက်ပံ့ကျင်းပပေးရန် စီစဉ်ထားပါသည်။ ၎င်းပွဲများကို မတ်လ ၂၁ ရက်၊ မေလ ၂၃ ရက်၊ ဩဂုတ်လ ၁ ရက်၊ စက်တင်ဘာလ ၁၂ ရက်နှင့် နိုဝင်ဘာလ ၇ ရက်နေ့များ၌ အသီးသီး ကျင်းပသွားမည် ဖြစ်ပါသည်။ ဤပြပွဲများတွင် နိုင်ငံတွင်းမှ အဖွဲ့အစည်းများနှင့် ထုတ်လုပ်သူများနှင့် ချိတ်ဆက်မှု တိုးမြှင့်ခြင်း၊ ၎င်းတို့၏ လူအင်အားလိုအပ်ချက်များအကြောင်း သိမှတ်သင်ယူခြင်းနှင့် အလုပ်ရှာဖွေသူများကို ဝန်ထမ်းသစ် ခေါ်ယူခန့်ထားမှုများအတွင်း အမျိုးစုံလင်သော အလုပ်နေရာလွတ်များဖြင့် ချိတ်ဆက်ပေးခြင်းတို့အပြင် ယင်းပြပွဲများ အကြောင်း အများပြည်သူတို့မှ သိရှိစေရန်အတွက် လှုံ့ဆော်မှု အစီအစဉ်များကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် ၎င်းပြပွဲများကို ထုတ်လုပ်သူများအတွက် လူအင်အားကုန်ကျစရိတ် သက်သာစေရန်နှင့် အလုပ်ရှာသူများအနေဖြင့်လည်း မိမိတို့လိုချင်သော အလုပ်ကို ရှာဖွေရန် အချိန်ကုန်သက်သာစေရန်အတွက် အသင့်လျော်ဆုံးသော အချိန်နှင့် နေရာတို့တွင် ကျင်းပသွားမည် ဖြစ်ပါသည်။  

  • 編修日期:2020/08/06
  • 上稿單位:Changhua County Government
更新日期: 2024年5月19日