ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

အာရှေ့တောင်အာရှခရီးသွားဧည့်လမ်းညွှန်ကျွမ်းကျင်သူများကို ပျိုးထောင်ပြီး အာရှတောင်ပိုင်းနိုင်ငံများသို့ ခရီးသွားလုပ်ငန်းဈေး ကွက်တိုးချဲ့

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/18
  • hit:396
အာရှေ့တောင်အာရှခရီးသွားဧည့်လမ်းညွှန်ကျွမ်းကျင်သူများကို ပျိုးထောင်ပြီး အာရှတောင်ပိုင်းနိုင်ငံများသို့ ခရီးသွားလုပ်ငန်းဈေး ကွက်တိုးချဲ့

၁။ အထက်တန်း၊အသက်မွေးဝမ်းကျောင်းအထက်တန်းကျောင်းနှင့်ညီမျှသော

ပညာရေးအရည်အချင်းရှိသူတိုင်း စာမေးပွဲဝန်ကြီးဌာနမှပြုလုပ်ကျင်းပသော

“ သီးသန့်လုပ်ငန်းနှင့်နည်းပညာဝန်ထမ်းများ၏ အထွေထွေစာမေးပွဲခရီးသွား

ဧည့်လမ်းညွှန်နှင့်ခရီးသွားအဖွဲ့ဦးဆောင်များစာမေးပွဲ” ကိုဖြေဆို၍ရသည်။

အထက်တန်းနှင့်အသက်မွေးဝမ်းကျောင်းအထက်တန်းအထက် ပညာအ

ရည်အချင်းရှိပြီး ကျောင်းပြီးလက်မှတ်ရှိထားသူတိုင်း ဝင်ဖြေခွင့်ရှိပါတယ်။(နိုင်

ငံခြားအောင်လက်မှတ်နှင့်ဝင်ဖြေလိုပါက အောင်လက်မှတ်သို့မဟုတ်သက်သေ

ခံစာရွက်များသည် မူရင်းပေးရမည်ဖြစ်ပြီး ပြည်ပရှိသံရုံး၏စိစစ်အတည်ပြုပြီး

သောစာရွက်စာတမ်းမိတ္တူနှင့်တရုတ်ဘာသာပြန်သို့မဟုတ်ပြည်တွင်းရှိနိုတရီ

စာချုပ်စာတမ်းသက်သေခံသူများအတည်ပြုထားသောတရုတ်ဘာသာပြန်

စာရွက်စာတမ်း)

ခရီးသွားဧည့်လမ်းညွှန်၏ဝန်ဆောင်သူတွေက ထိုင်ဝမ်သို့လာရောက်

လည်ပတ်ကြသောနို်င်ငံခြားသားများဖြစ်ပြီး ဤနိုင်ငံခြားခရီးသွားများကို ထိုင်

ဝမ်၏သဘာဝရှုခင်းများနှင့် ယဉ်ကျေးမှုအခြေအနေများကိုသိရှိနားလည်အောင်

ပြောပြရမည်ဖြစ်ပြီး ခရီးသွားအဖွဲ့ဦးဆာင်သူများက နိုင်ငံခြားသို့သွားရောက်

လည်ပတ််မည့်ထိုင်ဝမ်ခရီးသွားများဖြစ်ပြီး အဖွဲ့ဝင်အားလုံးကိုစောင့်ရှောက်ရ

မည့်အပြင်ပြည်ဝင်၊ထွက်ကိစ္စအားလုံးကို တာဝန်ယူရသည်။ခရီးသွားဧည့်လမ်း

ညွှန်နှင့်ခရီးသွားအဖွဲ့ဦးဆောင်စာမေးပွဲတွင် “တရုတ်ဘာသာစကား” နှင့် “နိုင်ငံ

ခြားဘာသာစကား” ဟူ၍နှစ်မျိုးခွဲခြားထားပြန်သည်။ဆိုလိုသည်မှာ “တရုတ်စ

ကားပြောခရီးသွားဧည့်လမ်းညွှန်” ၊ “နိုင်ငံခြားဘာသာစကားပြောခရီးသွားဧည့်

လမ်းညွှန်” ၊“တရုတ်ဘာသာစကားပြောခရီးသွားအဖွဲ့ဦးဆောင်” နှင့် “နိုင်ငံခြား

ဘာသာစကားပြောခရီးသွားအဖွဲ့ဦးဆောင်” ဟူ၍လေးမျိုးခွဲ၍ရသည်။နှစ်စဉ်၏

ဒီဇင်ဘာလတွင်နာမည်စာရင်းပေးပြီး နောက်နှစ်၏မတ်ချ်လတွင် စာမေးပွဲဖြေ

ဆိုရသည်။နိုင်ငံခြားဘာသာစကားပြောခရီးသွားဧည့်လမ်းညွှန်နှင့်ခရီးသွားအဖွဲ့

ဦးဆောင်က အင်တာဗျူးတစ်ခုပို၍ဖြေရပြီး တရုတ်ဘာသာစကားပြောခရီးသွား

ဧည့်လမ်းညွှန်နှင့်ခရီးသွားအဖွဲ့ဦးဆောင်များကစာမေးပွဲတစ်ခုသာဖြေဆိုရန်

လိုသည်။

၂။ စာမေးပွဲဝန်ကြီးဌာန၏ ခရီးသွားဧည့်လမ်းညွှန်နှင့်ခရီးသွားအဖွဲ့ဦးဆောင်

များစာမေးပွဲကိုအောင်ပြီး သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလုပ်ငန်း

ဗျူရိုမှပြုလုပ်သော လုပ်ငန်းခွင်မဝင်မီကြိုတင်လေ့ကျင့်ရေးသင်တန်းများတက်

ရောက်ပြီး သင်တန်းဆင်းလက်မှတ်ရရှိပြီးလျှင် ခရီးသွားဧည့်လမ်းညွှန်ဝန်

ဆောင်မှုလိုင်စင်ကိုလျှောက်၍ရသည်။

ခရီးသွားဧည့်လမ်းညွှန်နှင့်ခရီးသွားအဖွဲ့ဦးဆောင်သူစာမေးပွဲအောင်ပြီး

အောင်လက်မှတ်ရရှိထားသူများသည် ခရီးသွားလုပ်ငန်းကိုမစတင်မီ သယ်ယူပို့

ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလုပ်ငန်းဗျူရိုမှပြုလုပ်သော လုပ်ငန်းမဝင်ခင်

ကြိုတင်လေ့ကျင့်ရေးသင်တန်းများကို တက်ပြီးစာမေးပွဲအောင်မှ ခရီးသွားဧည့်

လမ်းညွှန်ဝန်ဆောင်မှုလိုင်စင်ရရှိမည်။ခရီးသွားလုပ်ငန်းကိုုချက်ချင်းမစတင်ချင်

သူများ တစ်နှစ်ထဲတွင်ပြုလုပ်သောလေ့ကျင့်ရေးသင်တန်းများကို တက်ရောက်

ရန်မလိုပါ။ခရီးသွားဧည့်လမ်းညွှန်အောင်လက်မှတ်သည် သက်တမ်းအကန့်အ

သတ်မရှိ၊ရာသက်ပန်သုံး၍ရသည်။သို့သော်လေ့ကျင့်ရေးသင်တန်းပြီး၍ ခရီး

သွားဧည့်လမ်းညွှန်ဝန်ဆောင်မှုလိုင်စင်ယူပြီး သုံးနှစ်အတွင်းခရီးသွားအတွေ့အ

ကြုံမရှိသေးပါက နောက်တစ်ကြိမ်ထပ်၍ကြိုတင်လေ့ကျင့်ရေးသင်တန်းကို

ထပ်မံတက်ရမည်။

ခရီးသွားဧည့်လမ်းညွှန်နှင့်ခရီးသွားအဖွဲ့ဦးဆောင်များ၏ လုပ်ငန်းခွင်မဝင်

မီကြိုတင်လေ့ကျင့်ရေးသင်တန်းများကို သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီး

သွားလုပ်ငန်းဗျူရိုမှ မကြာခဏသင်တန်းများဖွင့်ပြီး နေ့သင်တန်းနှင့်ညသင်

တန်းဟူ၍ သင်တန်းကာလအမျိုးမျိုးခွဲခြားလေ့ကျင့်ပေးသည်။ထိုင်ဝမ်သက္က

ရာဇ်၁၀၆ခုနှစ်၏ ကြိုသင်လေ့ကျင့်ရေးသင်တန်းဖွင့်ချိန်ကို တရုတ်သမ္မတနို်င်ငံ

ခရီးသွားဧည့်လမ်းညွှန်များအသင်း၊တရုတ်သမ္မတနိုင်ငံ ခရီးသွားအဖွဲ့ဦးဆောင်

များအသင်း၊ချောင်ရန် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဝက်ဘ်ဆိုက် များတွင် 

ရှာဖွေကြည့်ရှုနိုင်သည်။

၃။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလာရေးလုပ်ငန်းဗျူရိုမှ “လူနည်း

သုံးဘာသာစကား-ခရီးသွားဧည့်လမ်းညွှန်လိုင်စင်ရရှိရေးလေ့ကျင့်သင်တန်း”

များကို နှစ်စဉ်ဖွင့်လှစ်လုပ်ဆောင်ခဲ့ပြီး နို်င်ငံသားသစ်များကို ခရီးသွားဧည့်

လမ်းညွှန်စာမေးပွဲအောင်မြင်နိုင်ရန် ကူညီပံ့ပိုးပေးသည်။

ခရီးသွားဧည့်လမ်းညွှန်များသည် အထက်တန်းနှင့်ညီမျှသောပညာအရည်

အချင်းရှိရမည့်အပြင် စာမေးပွဲဝန်ကြီးဌာနမှကျင်းပသော “သီးသန့်လုပ်ငန်းနှင့်

နည်းပညာဝန်ထမ်းများ၏ အထွေထွေစာမေးပွဲခရီးသွားဧည့်လမ်းညွှန်နှင့်ခရီး

သွားအဖွဲ့ဦးဆောင်များစာမေးပွဲ”အောင်ပြီး လိုင်စင်ရရှိပြီးမှ ခရီးသွားဧည့်လမ်း

ညွှန်လုပ်၍ရသည်။သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလာရေးလုပ်ငန်း

ဗျူရိုမှ နှစ်စဉ်၏စက်တင်ဘာလမှနိုဝင်ဘာလအထိ “လူနည်းသုံးဘာသာစကား

ပြောခရီးသွားဧည့်လမ်းညွှန်လိုင်စင်ရရှိရေးလေ့ကျင့်ခြင်းသင်တန်း”ကို ဖွင့်လှစ်

ပေးပြီး သင်တန်းခအားလုံးကို အစိုးရမှအကုန်ကျခံပြီး ခရီးသွားဧည့်လမ်းညွှန်

လိုင်စင်ရရှိအောင် ကူညီပံ့ပိုးပေးသည်။

၄။ လူနည်းသုံးဘာသာစကား-ခရီးသွားလုပ်ငန်းပံ့ပိုးမှုဝန်ထမ်းများသင်တန်းကို

လာရောက်တက်ရောက်ပြီး နိုင်ငံခြားဘာသာစကားပြောခရီးသွားဧည့်လမ်း

ညွှန်များကို ဘာသာပြန်ပေးခြင်းဖြင့် ကူညီပံ့ပိုးနိုင်သည်။

နိူင်ငံသားသစ်များသည်မိခင်ဘာသာစကားပြောဆိုတတ်သောအားသာ

ချက်ရှိသည်။ခရီးသွားလုပ်ငန်းဆိုင်ရာအသိပညာများနှင့် ပြောဆိုနည်းလမ်းများ

ကိုလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံခြားဘာသာစကားပြောခရီးသွားဧည့်လမ်းညွှန်

များကို ဘာဘာပြန်ပေးခြင်းဖြင့်ကူညီပံ့ပိုးပေးနိုင်သည်။ဤနည်းဖြင့် မလုံ

လောက်သော အရှေ့တောင်အာရှဘာသာစကားပြောခရီးသွားဧည့်လမ်းညွှန်

၏ဟာကွက်ကို ဖြည့်ဆည်းနိုင်သည်။

၅။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလာရေးလုပ်ငန်းဗျူရိုမှ “ခရီး

သွားလုပ်ငန်းစွမ်းဆောင်ချက် e-learning ကျောင်း"ဝက်ဘ်ဆိုက်ထားရှိပြီး

များပြားတဲ့ဒစ်ဂျစ်ဒယ်သင်ကြားရေးသင်တန်းများကို လုပ်ဆောင်ပေးနေပါပြီ။

သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလာရေးလုပ်ငန်းဗျူရိုမှ ခရီး

သွားလာရေးလုပ်ငန်းဝန်ထမ်းများကို မိမိ၏ဝန်ဆောင်မှုအရည်အချင်းနှင့်သက်

ဆိုင်ရာလက်တွေ့အသိပညာများကို တိုးမြှင့်ကြရန်တိုက်တွန်းအားပေးသည့်အ

ပြင် “ခရီးသွားလုပ်ငန်းစွမ်းဆောင်ချက် e-learning ကျောင်း "ဒစ်ဂျစ်ဒယ်သင်

ကြားရေးပလက်ဖောင်း(https://elearning.taiwan.net.tw)ကိုတည်ထောင်

ခဲ့သည်။ဤဝက်ဘ်ဆိုက်ရှိဒစ်ဂျစ်ဒယ်သင်တန်းများတွင် ခရီးသွားလုပ်ငန်း၏

လက်တွေ့ဝန်ဆောင်မှု၊ဆန်းသစ်ဈေးကွက်အသုံးချနည်း၊လုပ်ငန်းခွင်မဝင်မီကြို

တင်လေ့ကျင့်ခြင်း၊အတွေ့အကြံုများမျှဝေခံစားခြင်းအစရှိသည့် အသုံးဝင်သော

အသိပညာများနှင့်နည်းပညာများပါဝင်ပြီး ခရီးသွားလုပ်ငန်းဝန်ထမ်းများ လာ

ရောက်တက်ရောက်ခြင်းဖြင့် မိမိ၏လုပ်ငန်းခွင်ကျွမ်းကျင်မှုကိုတိုးမြှင့်နိုင်သည်။

ယခုနှစ်ပိုင်းများတွင် အစိုးရမှတောင်ပိုင်းနိုင်ငံများသို့ ခရီးသွားလုပ်ငန်းဖွံ့

ဖြိုးတိုးချဲ့ခြင်းပေါ်လစီသစ်ကို ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ဥပမာ-အရှေ့

တောင်အာရှရှိနိုင်ငံများစွာကိုဗီဇာမဲ့ဝင်ခွင့် စမ်းသပ်လုပ်ဆောင်ခြင်း၊အဖွဲ့လိုက်

ခရီးသွားများကို ဗီဇာလျင်မြန်လွယ်ကူစွာပေးခြင်းအစရှိသည့်လုပ်ဆောင်နည်း

များကိုပြုလုပ်ခဲ့သည်။ဤနည်းများဖြင့် အရှေ့တောင်အာရှရှိခရီးသွားများကို 

ထိုင်ဝမ်သို့လာရောက်လည်ပတ်ကြရန် ကြိုးစားခဲ့သည်။တကယ်လဲ ထိုင်ဝမ်သို့

လာရောက်လည်ပတ်သောခရီးသွားများ သိသိသာသာတိုးများခဲ့သည်။ခရီး

သွားများလာသည့်အလျောက် ခရီးသွားဧည့်လမ်းညွှန်များမလိုလောက်တော့

ပါ။သို့ဖြစ်ပါ၍အစိုးရက မိခင်ဘာသာစကားတစ်မျိုးပိုမိုပြောတတ်သော နိုင်ငံ

သားသစ်များကို ခရီးသွားလာရေးလုပ်ငန်းသို့ဝင်ရောက်လုပ်ဆောင်ကြရန် 

အားပေးသည့်အပြင် ခရီးသွားဧည့်လမ်းညွှန်လိုင်စင်ရရှိအောင်ကူညီပံ့ပိုးပေး

ခြင်းဖြင့် နိုင်ငံသားသစ်များကို လုပ်ငန်းခွင်သို့ဝင်နိုင်ရန် အခွင့်အလမ်းနောက်

တစ်ခုထပ်ဖွင့်ပေးခဲ့သည်။

ကိုးကားရာအရင်းအမြစ်

စာမေးပွဲဝန်ကြီးဌာန

http://wwwc.moex.gov.tw/main/exam/wFrmExamInformation.aspx?y=2017&menu_id=145&sub_menu_id=145

တရုတ်သမ္မတနိုင်ငံခရီးသွားဧည့်လမ်းညွှန်များအသင်း

http://train106.tourguide.org.tw/north/page06.asp

http://train-lang.tourguide.org.tw/north/page01.asp

ချောင်ရန် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်

http://web.ce.cyut.edu.tw/files/11-1008-709.php?Lang=zh-tw

http://web.ce.cyut.edu.tw/files/14-1008-11733,r145-1.php?Lang=zh-tw

သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ခရီးသွားလာရေးလုပ်ငန်းဗျူရို

https://elearning.taiwan.net.tw

top